(Unicode)
သူမရဲ့အနုပညာချွေးနဲစာနဲ့ ဝယ်ယူထားတဲ့ ချစ်ရာကောင်းတဲ့အိမ်အသစ်လေး ကိုထုတ်ပြလိုက်တဲ့ ခေးဆက်သွင်
အနုပညာမျိုးရိုးမရှိဘဲ ကိုယ့်အားကိုယ်ကိုးကာ အောင်မြင်မှုတွေ ရရှိတဲ့ အနုပညာရှင်တစ်ဦးဖြစ်အောင် ကြိုးစားခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားခေတ်ကတည်းက ပရိသတ်တွေ အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်တဲ့ အခါမှာလည်း ထပ်ဆင့် အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။
ခေးဆက်သွင်ဟာ ကြော်ငြာများနဲ့ Music Video များတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယောကျ်ားလေး ပရိသတ်တွေက သူမရဲ့ အမူအရာလေးတွေကို အချစ်တွေပိုနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ပြန်လည် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲတမ်း ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။
ခေးဆက်သွင်ဟာ ရရှိတဲ့ အနုပညာကြေးတွေကို စုဆောင်းပြီး အိမ်အသစ်လေးတစ်လုံး ဝယ်ယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ Facebook Story မှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့အိမ်အသစ်လေးမှာပြင်ဆင်ထားတဲ့ မိန်းကလေးတွေအားကျသွားစေမယ့် အဝတ်လဲခန်းလေးကိုပြသလိုက်တာပဲ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
photo credit – khay sett thwin