





Photo – Nay Chi Oo
(Unicode)
အိပ်ယာထတိုင်း မနေ့ကနေခြည်ဦးထက်သာအောင် ဘာလုပ်ရမလဲလို့ပဲတွေးမိတယ်ဆိုတဲ့ နေခြည်ဦး
အနုပညာရှင်တွေဆိုတာ ပရိသတ်တွေအတွက် အမြဲတမ်းအသစ်အဆန်းတွေဖန်တီးပြီး တင်ဆက်ပေးနေရသူတွေပါ။ ပညာရှင်တွေ များတဲ့လောကကြီးထဲမှာ ပရိသတ်တွေအမြင်မှာ ကိုယ်ကအမြဲတမ်းဆန်းသစ်နေဖို့လိုတာမို့ အနုပညာရှင်တိုင်းဟာ သူတို့ရဲ့အနုပညာ အရည်အသွေးကို အချိန်တိုင်းမြှင့်တင်ဖို့ အားသွန်ခွန်စိုက်ကြိုးစားကြပါတယ်။
ချီချီကလည်း မနက်မိုးလင်းတိုင်းမှာ မနေ့ကနေခြည်ဦးထက် ဒီနေ့နေခြည်ဦးက ပိုပြီးသာရမယ် ဆိုတဲ့စိတ်နဲ့နိုးထပြီး ကိုယ်ပိုင်အလုပ် တွေကိုလည်း အကောင်းမွန်ဆုံးလည်ပြတ် ဖြတ်သန်း နိုင်အောင် ကြိုးစားနေခဲ့ပါတယ်။ အသက်အရွယ်နဲ့အလိုက် ရင့်ကျက်မှုတွေ ရှိလာခဲ့ပြီး ပြင်ဆင်မှုတွေဟာလည်း တစ်နေ့တခြား ပိုပိုပြီးမိုက်လာခဲ့ပါတယ်။
ညီမလေးစိမ်းကိုလဲ အနုပညာလမ်းကြောင်းပေါ်လက်တွဲခေါ်မယ့် အမကြီးအမိရာအဖြစ် ရှိနေခဲ့ပါသေးတယ်။ ကိုယ်ပိုင်စီးပွားရေး အပြင် အနုပညာလမ်းကြောင်းပေါ်မှာပါ အောင်မြင်မှုတွေရရှိထားပြီး ပရိသတ်တွေရဲ့အချစ်တော် ချီချီအဖြစ်နဲ့ သူမရဲ့ အလှပဆုံး နေ့ရက်တွေဟာ ရှည်ကြာနေဦးမှာပါ။
Photo – Nay Chi Oo