






(Unicode)
အသက်သုံးဆယ်ကျော်အရွယ်အမျိုးသမီးတစ်ယောက်ပါလို့ ယုံချင်စရာမရှိတဲ့နုပျိုမှုတွေကို ပိုင်ဆိုင်ထားတဲ့ ထိပ်တန်းမင်းသမီး ဝတ်မှုန်ရွှေရည်
အနုပညာလောကထဲမှာ ဆယ်စုနှစ်ကျော်ကြာအောင်မြင်မှုတွေကိုပိုင်ဆိုင်ထားတဲ့ ဝတ်မှုန်ရွှေရည်တစ်ယောက် လက်ရှိမှာတော့ အသက်သုံးဆယ်ကျော်အရွယ်ဖြစ်လာခဲ့ပါပြီ။ ဘယ်လိုပဲအသက်အရွယ်တွေရရ အနုပညာလောကထဲကို သူမ စတင်ဝင်ရောက်လာ ခဲ့တဲ့ ချစ်စဖွယ်ကလေးလေးပုံစံကို ပရိသတ်တွေက အခုထိမြင်ယောင်ပြီး ချစ်နေကြဆဲပါပဲ။
အပြင်အဆင်တွေ ဖက်ရှင်တွေပြောင်းလဲပြီးပိုလှလာပေမယ့် သူမရဲ့နုပျိုမှုတွေကတော့ ဆယ်ကျော်သက်လေးတစ်ယောက်လို ရှိနေဆဲပါပဲ။ လတ်တလောအကျပ်အတည်းကာလ တွေမှာ တတ်နိုင်သလောက်လှူဒါန်းမှုတွေလုပ်ပေးပြီး ချို့တဲ့သူပရိသတ်တွေရဲ့ ဘဝကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုပေးခဲ့ပါသေးတယ်။
ဒီနေ့မှာလည်း သူမရဲ့ရင်ခုန်ချင်စရာပုံရိပ်တစ်ချို့ကို လူမှုကွန်ရက်မှာဝေမျှခဲ့ပြီး မိမိုက်လွန်းတဲ့ အထာတွေနဲ့ အလန်းစားပုံရိပ်တွေ ကြောင့် ပရိသတ်တွေကလည်း အရမ်းကိုသဘောကျနေခဲ့ပါ တယ်။ ဘယ်အချိန်ကြည့်ကြည့် ရင်ကိုနွေးထွေးသွားအောင်ဖမ်းစားနိုင် လွန်းတဲ့ အလှဘုရင်မလေးရဲ့ မိမိမိုက်မိုက်ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
Photo – Wutt Hmone Shwe Yi