24th January 2021

ၿမိတ္ၿမိဳ႕မွာ ကြၽန္းတစ္ကြၽန္းဝယ္ၿပီး Resort ေဆာက္ကာ ထိုင္းက ဖူးခက္ကမ္းေျခထက္ သာေအာင္ဖန္တီးခ်င္တယ္ဆိုတဲ့ အဆိုေတာ္ႏိုင္းဝမ္း

လူတိုင္းမွာအသက္ႀကီးရင္ဘယ္လိုေနသြားမယ္ဆိုတဲ့ဆႏၵကိုယ္စီရွိၾကပါတယ္။ အဆိုေတာ္ႏိုင္းဝမ္းကေတာ့ သူ႔ရဲ႕ဆႏၵကို ” လူတိုင္းမွာ အိပ္မက္ကိုယ္စီရွိၾကပါတယ္ ကြၽန္ေတာ့ရဲ႕အိပ္မက္ကေတာ့ ဒါအႀကီးဆုံးပဲ ဘဝမွာအလိုခ်င္ဆုံးဆုေတာင္းပါဆိုရင္ ဒီဆုပဲကြၽန္ေတာ္ ေတာင္းမယ္ ျမန္မာျပည္ကိုခ်စ္လို႔ ျမန္မာျပည္မွာပဲေသတဲ့အထိေနမယ္ အဲ့ဒါထက္ မိဘေတြကိုထားခဲ့ၿပီး ဘယ္ႏိုင္ငံမွမသြားခ်င္ဘူး ဗ်ာ ဒါေၾကာင့္ ျမန္မာတစ္ျပည္လုံးနဲ႔ အျခားႏိုင္ငံေတာ္ေတာ္မ်ားမ်ားေရာက္ဖူးၿပီး ေဒသတိုင္းရဲ႕အသက္ေမြးဝမ္းေၾကာင္းနဲ႔ လူေနမႈဘဝ ေတြေတြ႕ျမင္ခဲ့ေပမဲ့ အသက္အ႐ြယ္တစ္ခုရလာရင္ အႏုပညာအလုပ္ေတြရပ္ၿပီး မိသားစုနဲ႔အတူ ၿမိတ္ၿမိဳ႕ေလးမွာအေျခသြားခ်ဖို႔ စဥ္းစားထားတယ္ ”

” ၿပီးျပည့္စုံတဲ့အရပ္ေဒသဆိုတာ ေလာကီဘုံမွာမရွိေပမဲ့ ေတာင္တန္းေတြေအာက္က ပင္လယ္ကမ္းေျခေဒသေလးမွာေနရတာကို ႀကိဳက္တယ္၊ ဗုဒၶဘာသာထြန္းကားတဲ့အရပ္လဲ ျဖစ္သလို ဘာသာျခားေတြနဲ႔လဲသင့္ျမတ္စည္းလုံးၾကတာကိုျမင္ခဲ့တယ္၊ စီးပြားေရးလဲ ထြန္းကားၾကတယ္၊ ၿမိတ္မွာ သူငယ္ခ်င္းမိတ္ေဆြေတြလဲရွိတယ္၊ သမာအာဇီဝက်တဲ့ ခရီးသြားလုပ္ငန္းေလးတစ္ခုလုပ္ခ်င္တယ္၊ ကိုယ့္စိတ္ကူးထဲရွိသမွ်အတိုင္း စီမံခန႔္ခြဲမယ္ ၿမိတ္ေဒသကိုသဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈေတြလုပ္ၿပီး ဖူးခက္ထက္သာေအာင္ လုပ္ၾကည့္ခ်င္တယ္၊ ”

” စိတ္တူကိုယ္တူဝါသနာတူတဲ့ဝန္ထမ္းေတြခန႔္ၿပီး သူတို႔နဲ႔ပက္သက္တဲ့မိသားစုဝင္ေတြကိုပါ ေစာင့္ေရွာက္ထားခ်င္တယ္၊ သူငယ္ခ်င္း အေပါင္းအသင္းေတြကိုလြမ္းတဲ့အခါ ကိုယ့္ေဒသကို အလည္ေခၚရင္းျပန္ဆုံခ်င္တယ္ ပိုက္ဆံအဆင္ေျပလာရင္ ကြၽန္းေလးတစ္ကြၽန္း ဝယ္ၿပီး resort ေလးတစ္ခုေဆာက္ခ်င္တယ္၊ မိဘေတြအတြက္လဲစိတ္ခ်ရတဲ့အေျခအေနျဖစ္ၿပီဆိုရင္၊ စားဝတ္ ေနေရးေျပလည္ၿပီး ကိုယ့္ဆႏၵျဖစ္တဲ့ဒီအရာေလးေတြလုပ္ရင္း မိန္းမနဲ႔အတူအိုမင္းသြားခ်င္ တယ္ ” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။ တကယ္ကို Ro ဆန္တာပဲေနာ္။

Photo – Kyaw Zin Latt

(Unicode)

မြိတ်မြို့မှာ ကျွန်းတစ်ကျွန်းဝယ်ပြီး Resort ဆောက်ကာ ထိုင်းက ဖူးခက်ကမ်းခြေထက် သာအောင်ဖန်တီးချင်တယ်ဆိုတဲ့ အဆိုတော်နိုင်းဝမ်း

လူတိုင်းမှာအသက်ကြီးရင်ဘယ်လိုနေသွားမယ်ဆိုတဲ့ဆန္ဒကိုယ်စီရှိကြပါတယ်။ အဆိုတော်နိုင်းဝမ်းကတော့ သူ့ရဲ့ဆန္ဒကို ” လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ် ကျွန်တော့ရဲ့အိပ်မက်ကတော့ ဒါအကြီးဆုံးပဲ ဘဝမှာအလိုချင်ဆုံးဆုတောင်းပါဆိုရင် ဒီဆုပဲကျွန်တော် တောင်းမယ် မြန်မာပြည်ကိုချစ်လို့ မြန်မာပြည်မှာပဲသေတဲ့အထိနေမယ် အဲ့ဒါထက် မိဘတွေကိုထားခဲ့ပြီး ဘယ်နိုင်ငံမှမသွားချင်ဘူး ဗျာ ဒါကြောင့် မြန်မာတစ်ပြည်လုံးနဲ့ အခြားနိုင်ငံတော်တော်များများရောက်ဖူးပြီး ဒေသတိုင်းရဲ့အသက်မွေးဝမ်းကြောင်းနဲ့ လူနေမှုဘဝ တွေတွေ့မြင်ခဲ့ပေမဲ့ အသက်အရွယ်တစ်ခုရလာရင် အနုပညာအလုပ်တွေရပ်ပြီး မိသားစုနဲ့အတူ မြိတ်မြို့လေးမှာအခြေသွားချဖို့ စဉ်းစားထားတယ် ”

” ပြီးပြည့်စုံတဲ့အရပ်ဒေသဆိုတာ လောကီဘုံမှာမရှိပေမဲ့ တောင်တန်းတွေအောက်က ပင်လယ်ကမ်းခြေဒေသလေးမှာနေရတာကို ကြိုက်တယ်၊ ဗုဒ္ဓဘာသာထွန်းကားတဲ့အရပ်လဲ ဖြစ်သလို ဘာသာခြားတွေနဲ့လဲသင့်မြတ်စည်းလုံးကြတာကိုမြင်ခဲ့တယ်၊ စီးပွားရေးလဲ ထွန်းကားကြတယ်၊ မြိတ်မှာ သူငယ်ချင်းမိတ်ဆွေတွေလဲရှိတယ်၊ သမာအာဇီဝကျတဲ့ ခရီးသွားလုပ်ငန်းလေးတစ်ခုလုပ်ချင်တယ်၊ ကိုယ့်စိတ်ကူးထဲရှိသမျှအတိုင်း စီမံခန့်ခွဲမယ် မြိတ်ဒေသကိုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေလုပ်ပြီး ဖူးခက်ထက်သာအောင် လုပ်ကြည့်ချင်တယ်၊ ”

” စိတ်တူကိုယ်တူဝါသနာတူတဲ့ဝန်ထမ်းတွေခန့်ပြီး သူတို့နဲ့ပက်သက်တဲ့မိသားစုဝင်တွေကိုပါ စောင့်ရှောက်ထားချင်တယ်၊ သူငယ်ချင်း အပေါင်းအသင်းတွေကိုလွမ်းတဲ့အခါ ကိုယ့်ဒေသကို အလည်ခေါ်ရင်းပြန်ဆုံချင်တယ် ပိုက်ဆံအဆင်ပြေလာရင် ကျွန်းလေးတစ်ကျွန်း ဝယ်ပြီး resort လေးတစ်ခုဆောက်ချင်တယ်၊ မိဘတွေအတွက်လဲစိတ်ချရတဲ့အခြေအနေဖြစ်ပြီဆိုရင်၊ စားဝတ် နေရေးပြေလည်ပြီး ကိုယ့်ဆန္ဒဖြစ်တဲ့ဒီအရာလေးတွေလုပ်ရင်း မိန်းမနဲ့အတူအိုမင်းသွားချင် တယ် ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။ တကယ်ကို Ro ဆန်တာပဲနော်။

Photo – Kyaw Zin Latt

Leave a Reply

Your email address will not be published. Required fields are marked *