လူတိုင္းဟာေတာ့ပန္းခင္းတဲ့လမ္းကိုမေလွ်ာက္ႏိုင္ၾကပါဘူး။ ခက္ခဲတဲ့ဘဝေတြလည္း အမ်ားႀကီးရွိၾကပါတယ္။ ဒီထဲမွာမွ ကိုယ့္ဒူးကိုယ္ခြၽန္ၿပီး ေအာင္ျမင္ေအာင္ထိုးေဖာက္ႏိုင္သူ ေတြဟာ ေလးစားစရာေကာင္းလြန္းသူေတြပါ။ ဒီေန႔မွာေတာ့ ေၾကာ္ျငာဘုရင္မျဖစ္တဲ့ ထက္ထက္မိုးဦးတစ္ေယာက္ သူမရဲ႕ငယ္ဘဝျဖတ္သန္းခဲ့ရပုံေတြကိုေျပာျပလာခဲ့ပါတယ္။



ခက္ခဲခဲ့တဲ့ဘဝကို ” ထက္ ငယ္ငယ္ကတည္းက အေမမရွိခဲ့သလို အေဖနဲ႔လည္း တူတူမေနခဲ့ရ ဘူး။ မိဘနဲ႔လည္း မေနရ၊သူမ်ားေတြဆီ လိုက္ေနခဲ့ရပါတယ္။ ေမြးရာပါႏွလုံးေရာဂါရွိေပမဲ့ ေငြေၾကးမတတ္ႏိုင္လို႔ မကုႏိုင္ခဲ့ဘူး။ ပညာအရမ္းတတ္ခ်င္ေပမဲ့ ေက်ာင္းဆက္ မတက္ႏိုင္ခဲ့ ဘူး။ အသက္ဆယ့္ေျခာက္ႏွစ္မွာ မင္းသမီးစလုပ္တဲ့အခ်ိန္ အကုန္လုံးကိုစြန႔္လႊတ္ခဲ့ရတယ္။ ေမြးရပ္ဇာတိ၊ ေဆြမ်ိဳးေတြ ကို စြန႔္လႊတ္ၿပီး ရန္ကုန္မွာ တစ္ေယာက္တည္း လာေနခဲ့ရတယ္။ ရန္ကုန္ၿမိဳ႕ႀကီးမွာ အားလုံးကို စြန႔္လႊတ္ၿပီးေနလာခဲ့တာ ခုဆို (၃၆) ႏွစ္ရွိခဲ့ၿပီ။ ”




” ဘဝဆိုတဲ့ စာလုံးႏွစ္ခုၾကားမွာ ေတာ္ေတာ္ခက္ခဲခဲ့ရတယ္။ ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ပဲ ရွိတဲ့အတြက္ အားငယ္တာ၊ စိတ္ညစ္တာေတြ၊ အလိမ္ခံရတာေတြ အမ်ားႀကီးႀကဳံခဲ့ရပါတယ္။ ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ပဲ ရွိေနခဲ့တာမို႔ အၿမဲတမ္း လဲက်တိုင္း ခ်စ္ရသူေတြအားေတြနဲ႔ ပဲ အၿမဲျပန္ထခဲ့ရတယ္။ ” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။
Photo – Htet Htet Moe Oo
(Unicode)
ခက်ခဲတဲ့ဘဝနဲ့ရှင်သန်လာခဲ့ရပြီး လက်ရှိအချိန်ထိ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ခဲ့တဲ့အကြောင်းပြောပြလာတဲ့ ထက်ထက်မိုးဦး
လူတိုင်းဟာတော့ပန်းခင်းတဲ့လမ်းကိုမလျှောက်နိုင်ကြပါဘူး။ ခက်ခဲတဲ့ဘဝတွေလည်း အများကြီးရှိကြပါတယ်။ ဒီထဲမှာမှ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောင်မြင်အောင်ထိုးဖောက်နိုင်သူ တွေဟာ လေးစားစရာကောင်းလွန်းသူတွေပါ။ ဒီနေ့မှာတော့ ကြော်ငြာဘုရင်မဖြစ်တဲ့ ထက်ထက်မိုးဦးတစ်ယောက် သူမရဲ့ငယ်ဘဝဖြတ်သန်းခဲ့ရပုံတွေကိုပြောပြလာခဲ့ပါတယ်။
ခက်ခဲခဲ့တဲ့ဘဝကို ” ထက် ငယ်ငယ်ကတည်းက အမေမရှိခဲ့သလို အဖေနဲ့လည်း တူတူမနေခဲ့ရ ဘူး။ မိဘနဲ့လည်း မနေရ၊သူများတွေဆီ လိုက်နေခဲ့ရပါတယ်။ မွေးရာပါနှလုံးရောဂါရှိပေမဲ့ ငွေကြေးမတတ်နိုင်လို့ မကုနိုင်ခဲ့ဘူး။ ပညာအရမ်းတတ်ချင်ပေမဲ့ ကျောင်းဆက် မတက်နိုင်ခဲ့ ဘူး။ အသက်ဆယ့်ခြောက်နှစ်မှာ မင်းသမီးစလုပ်တဲ့အချိန် အကုန်လုံးကိုစွန့်လွှတ်ခဲ့ရတယ်။ မွေးရပ်ဇာတိ၊ ဆွေမျိုးတွေ ကို စွန့်လွှတ်ပြီး ရန်ကုန်မှာ တစ်ယောက်တည်း လာနေခဲ့ရတယ်။ ရန်ကုန်မြို့ကြီးမှာ အားလုံးကို စွန့်လွှတ်ပြီးနေလာခဲ့တာ ခုဆို (၃၆) နှစ်ရှိခဲ့ပြီ။ ”
” ဘဝဆိုတဲ့ စာလုံးနှစ်ခုကြားမှာ တော်တော်ခက်ခဲခဲ့ရတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပဲ ရှိတဲ့အတွက် အားငယ်တာ၊ စိတ်ညစ်တာတွေ၊ အလိမ်ခံရတာတွေ အများကြီးကြုံခဲ့ရပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပဲ ရှိနေခဲ့တာမို့ အမြဲတမ်း လဲကျတိုင်း ချစ်ရသူတွေအားတွေနဲ့ ပဲ အမြဲပြန်ထခဲ့ရတယ်။ ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။
Photo – Htet Htet Moe Oo