နေဝင် ဆည်းဆာအချိန်လေးမှာ ချစ်သူမိန်းကလေးနဲ့ အတူတူ နှစ်ယောက်တည်းချိန်းတွေ့နေတဲ့ အမှတ်တရပုံရိပ်လေးကို ချပြလာခဲ့တဲ့ မင်းသားချော ပိုင်တံခွန် – Myanmar Hot News
31st May 2023






(Unicode)

နေဝင် ဆည်းဆာအချိန်လေးမှာ ချစ်သူမိန်းကလေးနဲ့ အတူတူ နှစ်ယောက်တည်းချိန်းတွေ့နေတဲ့ အမှတ်တရပုံရိပ်လေးကို ချပြလာခဲ့တဲ့ မင်းသားချော ပိုင်တံခွန်

နိုင်ငံကျော် သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်က လက်ရှိ မှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကို ရောက်ရှိနေတာဖြစ်ပြီး ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေထိပါ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ အပြင်ပိုင်းရုပ်ရည်ကြောင့်သာမက စိတ်နှလုံးသားလေးလည်း ကောင်းမွန်တည့်မတ်သူတစ်ယောက်ဖြစ်တာကြောင့် လူငယ်ပရိသတ်တွေသာမက လူကြီးပိုင်းပရိသတ်တွေရဲ့ ချီးကျူးအားပေးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း သူ့ရဲ့ အောင်မြင်မှုအပေါ် ဂုဏ်ပကာသနေ မာက်မာခြင်းမရှိပဲ ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစားအလုပ်တွေ လုပ်နေတာပဲ ဖြစ်ပါတယ်။

နာမည်ကြီး မင်းသားတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းခံနေရတဲ့ ပိုင်တံခွန်က သူ့ရဲ့ အချစ်ရေးနဲ့ ပက်သတ်ပြီး အပွင့်လင်းဆုံးချပြထားတာ ဖြစ်ပါတယ်။ ချစ်သူရှိကြောင်း ပရိသတ်တွေကို ဝန်ခံပြီးသားဖြစ်တဲ့ ပိုင်တံခွန်က ဒီကနေ့မှာတော့ အလုပ်တွေအားလုံးကို နားပြီး ချစ်သူမိန်းကလေးကို အချိန်ပေးဖြစ်ခဲ့ တာကို တွေ့ပါတယ်။ ပိုင်တံခွန်ကတော့ နေဝင်ဆည်းဆာချိန်လေးမှာ ချစ်သူမိန်းကလေးနဲ့ နှစ်ယောက်တည်း အချိန်ကုန်ဆုံးဖြစ်နေတဲ့ အမှတ်တရလေးကို အခုလိုပဲ ချပြလာတာပဲ ဖြစ်ပါ တယ်။

ပိုင်တံခွန်ကတော့ နာမည်ကြီးမင်းသားတစ်ယောက်ပီပီ အလုပ်တွေများစွာကို မရပ်မနားလုပ်ကိုင်နေရပေမယ့် သူ့ရဲ့ချစ်သူမိန်းကလေးအပေါ်လည်း အချိန်ပေးဂရုစိုက်ဖို့ မမေ့လျော့သူတစ်ယောက် ဖြစ်ပါတယ်။ ပိုင်တံခွန်တို့ ချစ်သူနှစ်ဦး အခုလိုပဲ အမြဲထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက် ပါတယ်။

Source: Paing Takhon’s fb
Credit – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *