သရုပ္ေဆာင္ ေနေဒြးကေတာ့ ပရိသတ္ခ်စ္တဲ့ အနုပညာရွင္ တစ္ေယာက္အျဖစ္သာမက အသက္ငယ္ငယ္ေလးနဲ့ စီးပြားေရးလုပ္ငန္းေတြမွာ ေအာင္ျမင္ေနသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ေနေဒြးကေတာ့ သူ့မိဘစီးပြားေရးလုပ္ငန္းျဖစ္တဲ့ ဆန္စက္လုပ္ငန္းကို ဦးစီးလုပ္ကိုင္ေနျပီး လုပ္ငန္းကလည္း ေနေဒြးရဲ့လက္ထက္ေရာက္မွာ ပိုျပီးေအာင္ျမင္လာျပီး လုပ္ငန္းေတြ တိုးခ်ဲ့လာနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အိမ္ေထာင္မရိွေသးတဲ့ ေနေဒြးကေတာ့ သူရွာေဖြလို့ရသမွ် ပစၥည္းဥစၥာေတြကို ေက်းဇူးရွင္ေမေမလိုအပ္တာေတြ ျဖည့္ဆည္းေ ပးသလို အလွဴအတန္း ကုသိုလ္ဒါနေတြျပဳလုပ္ရင္း အက်ိဳးရိွရိွ အသံုးခ်သူပဲ ျဖစ္ပါတယ္။



ဒီတစ္ခါမွာလည္း ေနေဒြးက မၾကာခင္ ဇနန္နဝါရီလ (၆) ရက္ေန့မွာ က်ေရာက္မယ့္ ေက်းဇူးရွင္ေမေမရဲ့ ေမြးေန့အတြက္ သိန္းေလးရာေက်ာ္တန္ကားၾကီး ေမြးေန့လက္ေဆာင္ေပးခဲ့တာကို ေတြ့ရပါတယ္။ ေနေဒြးက “Pre Happy Birthday Present အတြက္ ခ်စ္ေမေမ စီးခ်င္ေနတဲ့ BEIJING X7 ကားသစ္ႀကီးဝယ္ေပးလိုက္ၿပီ❤️ ေမေမအသက္ရာေက်ာ္ရွည္ပါေစ🙏🏼🙏🏼🙏🏼 ေမြးေန႔လက္ေဆာင္ေနာက္တစ္ခုက်န္ေသးတယ္ေမေမ🤫” ဆိုျပီး ေမေမစီးခ်င္ေနတဲ့ တန္ဖိုးၾကီးကားၾကီးကို လက္ေဆာင္ေပးျပီး ေမေမ့ရဲ့ ဆႏၵေလးတစ္ခုကို ျဖည့္စည္းေပ းခဲ့ေၾကာင္း ေျပာလာပါတယ္။



ေနေဒြးကေတာ့ မိခင္သက္ရိွထင္ရွားရိွတုန္းေလး သူရိွသမွ်ခြန္အားနဲ့ လုပ္ေကြ်းျပဳစုေကြ်းေမြးေနတဲ့ သားလိမၼာတစ္ေယာက္ပဲ ျဖစ္ပါတယ္။ မိဘကို သိတတ္တဲ့ ေနေဒြးတစ္ေယာက္ အကယ္ဒမီဆုၾကီးေတြမ်ားစြာလည္းရရိွျပီး ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္းရွင္ၾကီးတစ္ေယာက္ျဖစ္လို့လာပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ ပါတယ္။
Source: Nay Dway’s fb
Credit – Cele Connections
(Unicode)
မေမေဖြစ်သူစီးချင်နေတဲ့ သိန်း(၄၁၈) သိန်းတန်ကားသစ်ကြီးကို အကြိုမွေးနေ့လက်ဆောင် အဖြစ် အမှတ်တရဝယ်ပေးလိုက်တဲ့ မင်းသားချော နေဒွေး
သရုပ်ဆောင် နေဒွေးကတော့ ပရိသတ်ချစ်တဲ့ အနုပညာရှင် တစ်ယောက်အဖြစ်သာမက အသက်ငယ်ငယ်လေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ နေဒွေးကတော့ သူ့မိဘစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဆန်စက်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေပြီး လုပ်ငန်းကလည်း နေဒွေးရဲ့လက်ထက်ရောက်မှာ ပိုပြီးအောင်မြင်လာပြီး လုပ်ငန်းတွေ တိုးချဲ့လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်ထောင်မရှိသေးတဲ့ နေဒွေးကတော့ သူရှာဖွေလို့ရသမျှ ပစ္စည်းဥစ္စာတွေကို ကျေးဇူးရှင်မေမေလိုအပ်တာတွေ ဖြည့်ဆည်းေ ပးသလို အလှူအတန်း ကုသိုလ်ဒါနတွေပြုလုပ်ရင်း အကျိုးရှိရှိ အသုံးချသူပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာလည်း နေဒွေးက မကြာခင် ဇနန်နဝါရီလ (၆) ရက်နေ့မှာ ကျရောက်မယ့် ကျေးဇူးရှင်မေမေရဲ့ မွေးနေ့အတွက် သိန်းလေးရာကျော်တန်ကားကြီး မွေးနေ့လက်ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။ နေဒွေးက “Pre Happy Birthday Present အတွက် ချစ်မေမေ စီးချင်နေတဲ့ BEIJING X7 ကားသစ်ကြီးဝယ်ပေးလိုက်ပြီ❤️ မေမေအသက်ရာကျော်ရှည်ပါစေ🙏🏼🙏🏼🙏🏼 မွေးနေ့လက်ဆောင်နောက်တစ်ခုကျန်သေးတယ်မေမေ🤫” ဆိုပြီး မေမေစီးချင်နေတဲ့ တန်ဖိုးကြီးကားကြီးကို လက်ဆောင်ပေးပြီး မေမေ့ရဲ့ ဆန္ဒလေးတစ်ခုကို ဖြည့်စည်းပေ းခဲ့ကြောင်း ပြောလာပါတယ်။
နေဒွေးကတော့ မိခင်သက်ရှိထင်ရှားရှိတုန်းလေး သူရှိသမျှခွန်အားနဲ့ လုပ်ကျွေးပြုစုကျွေးမွေးနေတဲ့ သားလိမ္မာတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိဘကို သိတတ်တဲ့ နေဒွေးတစ်ယောက် အကယ်ဒမီဆုကြီးတွေများစွာလည်းရရှိပြီး အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်လို့လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက် ပါတယ်။
Source: Nay Dway’s fb
Credit – Cele Connections