






Happy – Cele Zone
Photo – Kyaw Zin Latt
(Unicode)
သူများနဲ့မတူဘဲ တမူထူးခြားတဲ့ပုံစံအဆန်းလေးတွေနဲ့ ပရီဝယ်ဒင်ပုံရိပ်တွေရိုက်ကူးခဲ့တဲ့ နိုင်းဝမ်းတို့ဇနီးမောင်နှံ
အချစ်ဦးလေးနဲ့ပေါင်းဖက်ရတဲ့နိုင်းဝမ်းအတွက်တော့ တကယ့်ကိုပျော်စရာအတိပါပဲ။ ချစ်မြတ်နိုးခဲ့ကြပြီး အကြောင်းမတိုက်ဆိုင်လို့ ခဏတာခွဲခွာခဲ့ရပေမယ့် ပြန်ဆုံတဲ့အချိန်မှာတော့ အချစ်ဟောင်းတွေရော အချစ်သစ်တွေပါပေါင်းဆုံပြီး အရင်ထက်နှစ်ဆတိုးပြီး ချစ်ခဲ့တဲ့ နိုင်းဝမ်းရဲ့မေတ္တာတွေကို ချစ်သူလေးကလည်း မငြင်းပယ်နိုင်တော့ပါဘူး။
မင်္ဂလာပွဲမလုပ်ခင်ကတည်းက မိန်းမရတော့မယ့်အကြောင်းနဲ့ ချစ်ဇနီးလေးကိုသိပ်ချစ်တဲ့အကြောင်း မကြာခဏဆိုသလို လူမှုကွန်ရက်မှာပြောလွန်းတာကြောင့် ခင်မင်သူတွေကလည်း ဝိုင်းပြီးစနောက်နေခဲ့ပါတယ်။ နှစ်ယောက်လုံးက အစားတလိုင်းတွေ ဆိုတော့ တကယ့်ကို နေနဲ့လရွှေနဲ့မြ လိုက်ဖက်တဲ့စုံတွဲလေးပါပဲ။
နှစ်ယောက်သားရဲ့ ရိုဆန်ဆန်ပုံရိပ်လေးတွေကို ” အရေးပိုင်မင်းနဲ့ သူကြီးသမီးလေးရဲ့ ပရီဝက်ဒင်ပုံလက်ကျန်လေးတွေ တင်ပေးလိုက်ပါတယ် အနောက်တိုင်းပြန်ဓာတ်ဆရာ Aung II Photography ရဲ့ အမိုက်စားလက်ရာတွေပေါ့ဗျာ အခုပုံတွေတင်ပြီးရင် မင်္ဂလာဧည့်ခံပွဲ မလုပ်ဖြစ်သေးသ၍ FA တွေကိုထပ်မနှိပ်စက်တော့ပါဘူး ” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ သက်ဆုံးတိုင်ပျော်ရွှင်ကြပါစေနော်။
Happy – Cele Zone
Photo – Kyaw Zin Latt