လူရွှင်တော် အသင်းသားတွေကိုယ်တိုင် လိုက်ပါပို့ဆောင်ခဲ့ကြတဲ့ လူရွှင်တော် ဦးဧရာရဲ့ နောက်ဆုံးခရီးမြင်ကွင်းပုံရိပ်များ – Myanmar Hot News
31st May 2023






(Unicode)

လူရွှင်တော် အသင်းသာ းတွေကိုယ်တိုင် လိုက်ပါပို့ဆောင်ခဲ့ကြတဲ့ လူရွှင်တော် ဦးဧရာရဲ့ နောက်ဆုံးခရီးမြင်ကွင်းပုံရိပ်များ

ပရိသတ်တွေအားလုံးကို ရယ်မောေ ပျာ်ရွှင်ရအောင် ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့တဲ့ လူရွှင်တော်ကြီးဧရာကတော့ ဒီကနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့ မနက်ပိုင်းမှာ ဘဝတစ်ပါးသို့ကူးပြောင်းကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဧရာတော့ Covid-19 ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး ICU မှာ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဦးဧရာရဲ့ ကွယ်လွန်မှုအတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်ကြသလို လုပ်ဖော်ကိုင်ဖက်ညီအစ်ကိုမောင်နှမတွေကလည်း စိတ်ထိခိုက် ဝမ်းနည်းနေကြတာပဲ ဖြစ်ပါတယ်။

ဦးဧရာကတော့ မနက် (၃) နာရီ (၃၉) မိနစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ရုပ် အလောင်းကို ကျန်ရစ်သူမိသားစုနဲ့ လူရွှင်တော်အသင်းသားတွေက စုပေါင်းပြီး လိုက်ပါပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဦးဧရာကတော့ ကိုဗစ်ရောဂါပိုးကြောင့် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကို ဒီကနေ့ နေ့လည်ပိုင်းမှာပဲ ရန်ကုန်ထိန်ပင်သုဿန်မှာ မီးသင်္ဂြိုလ် ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဦးဧရာကတော့ သူချစ်တဲ့ မိသားစုတွေနဲ့ ပရိသတ်တွေကို အပြီးတိုင် နှုတ်ဆက်ပြီး ပြန်မလာတော့မယ့် ခရီးရှည်ကြီးကို ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဦးဧရာ တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Comedian ChatGyi’s fb
Credit – Cele Connections

Leave a Reply

Your email address will not be published. Required fields are marked *