24th January 2021

သုံးႏွစ္ျပည့္မဂၤလာႏွစ္ပတ္လည္ေန႔မွာ ခ်စ္ဇနီးေလးအရမ္းလိုခ်င္တဲ့ တန္ဖိုးႀကီးနားကပ္ေလးကို Surprise လက္ေဆာင္ေပးခဲ့တဲ့ အဆိုေတာ္အာဘြိဳင္း

အတူတူေနတဲ့အခ်ိန္ေတြၾကာေလ သံေယာဇဥ္ေတြပိုတိုးေလဆိုတာ အာဘြိဳင္းနဲ႔ ျမတ္ရတနာေက်ာ္တို႔ဇနီးေမာင္ႏွံေလးက သက္ေသပါပဲ။ ခ်စ္စရာသမီးေလးကိုပိုင္ဆိုင္ထားၿပီးေနာက္ မိသားစုဘဝေလးဟာ ပိုၿပီးေပ်ာ္စရာေကာင္းလာခဲ့ပါတယ္။ ေဖေဖနဲ႔သိပ္တူတဲ့သမီးေလးဟာ အခုခ်ိန္မွာ စကားေတြတီတီတာတာေျပာတတ္ေနၿပီ ျဖစ္ၿပီး အားလုံးရဲ႕အသည္းေက်ာ္ေလးလည္းျဖစ္ေနခဲ့ပါတယ္။

သုံးႏွစ္ျပည့္မဂၤလာႏွစ္ပတ္လည္ေန႔ေလးမွာ ရင္ခုန္စရာအမွတ္တရေလးေတြ ဖန္တီးခဲ့ပုံေလးေတြကို ” ဒီေန႔ (၃) ႏွစ္ျပည့္ Anniversary Dinner သြားစားမယ္ဆိုေတာ့ ကိုကိုေက်ာ္ အလုပ္ေတြရႈပ္တဲ့ၾကားကလိုက္ပို႔တယ္။ ဆိုင္ေရာက္ေတာ့ ပန္းေတြဘာေတြ စီစဥ္ထားေတာ့ စိတ္ထဲမွာ ဒီလူႀကီး ဒီေလာက္ေတာ့ လုပ္ေပးေသးတာပဲေပါ့ ” မဆိုးေသးပါဘူး ” ေပါ့ ခဏၾကာေတာ့ ဓါတ္ပုံ သြား႐ိုက္မယ္ ေအာက္ထပ္မွာဆိုေတာ့ ဓါတ္ပုံဆရာ ဓါတ္ဖမ္းေနတုန္း kdrama ထဲက အကြက္ေတြ ထလုပ္ပါေလေရာ ”

” ေတာ္ေတာ္ၾကာၿပီ ျမတ္အရမ္းႀကိဳက္တယ္လို႔ေျပာထားတဲ့ နားကပ္ေလး အမွတ္မထင္ သတိတရ ဝယ္ၿပီး Surprise တိုက္လို႔ ေက်းဇူးပါ သမီး ၃ေယာက္ ေဖေဖ Love you my hubby. Happy 3rd Anniversary. Thank you Lord for the gift of marriage and blessings ” ဆိုၿပီး ျမတ္ကၾကည္ၾကည္ႏူးႏူးနဲ႔ေဝမွ်ခဲ့ပါတယ္။

Photo – Myat Yadanar Kyaw

(Unicode)

သုံးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မှာ ချစ်ဇနီးလေးအရမ်းလိုချင်တဲ့ တန်ဖိုးကြီးနားကပ်လေးကို Surprise လက်ဆောင်ပေးခဲ့တဲ့ အဆိုတော်အာဘွိုင်း

အတူတူနေတဲ့အချိန်တွေကြာလေ သံယောဇဉ်တွေပိုတိုးလေဆိုတာ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံလေးက သက်သေပါပဲ။ ချစ်စရာသမီးလေးကိုပိုင်ဆိုင်ထားပြီးနောက် မိသားစုဘဝလေးဟာ ပိုပြီးပျော်စရာကောင်းလာခဲ့ပါတယ်။ ဖေဖေနဲ့သိပ်တူတဲ့သမီးလေးဟာ အခုချိန်မှာ စကားတွေတီတီတာတာပြောတတ်နေပြီ ဖြစ်ပြီး အားလုံးရဲ့အသည်းကျော်လေးလည်းဖြစ်နေခဲ့ပါတယ်။

သုံးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ရင်ခုန်စရာအမှတ်တရလေးတွေ ဖန်တီးခဲ့ပုံလေးတွေကို ” ဒီနေ့ (၃) နှစ်ပြည့် Anniversary Dinner သွားစားမယ်ဆိုတော့ ကိုကိုကျော် အလုပ်တွေရှုပ်တဲ့ကြားကလိုက်ပို့တယ်။ ဆိုင်ရောက်တော့ ပန်းတွေဘာတွေ စီစဉ်ထားတော့ စိတ်ထဲမှာ ဒီလူကြီး ဒီလောက်တော့ လုပ်ပေးသေးတာပဲပေါ့ ” မဆိုးသေးပါဘူး ” ပေါ့ ခဏကြာတော့ ဓါတ်ပုံ သွားရိုက်မယ် အောက်ထပ်မှာဆိုတော့ ဓါတ်ပုံဆရာ ဓါတ်ဖမ်းနေတုန်း kdrama ထဲက အကွက်တွေ ထလုပ်ပါလေရော ”

” တော်တော်ကြာပြီ မြတ်အရမ်းကြိုက်တယ်လို့ပြောထားတဲ့ နားကပ်လေး အမှတ်မထင် သတိတရ ဝယ်ပြီး Surprise တိုက်လို့ ကျေးဇူးပါ သမီး ၃ယောက် ဖေဖေ Love you my hubby. Happy 3rd Anniversary. Thank you Lord for the gift of marriage and blessings ” ဆိုပြီး မြတ်ကကြည်ကြည်နူးနူးနဲ့ဝေမျှခဲ့ပါတယ်။

Photo – Myat Yadanar Kyaw

Leave a Reply

Your email address will not be published. Required fields are marked *