24th January 2021

ပညာမတတ္လို႔ သိမ္ငယ္ခဲ့ရတဲ့ သူမဘဝရဲ႕ခါးသီးတဲ့ေန႔ရက္ေတြအေၾကာင္း သတိတရနဲ႔ ေျပာျပလာတဲ့ ထက္ထက္မိုးဦး

သူမရဲ႕ဘဝဇာတ္ေၾကာင္းနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကိုအၿမဲတမ္း ပြင့္ပြင့္လင္းလင္း အသိေပးတတ္တဲ့ ပရိသတ္အခ်စ္ေတာ္ ထက္ထက္မိုးဦးဟာ သူမရဲ႕ရင္တြင္းခံစားခ်က္ေတြကို အၿမဲလိုလို ပရိသတ္ေတြစီ ရင္ဖြင့္ေလ့ရွိပါတယ္။ ကိုယ္တိုင္က ပညာေတြ အမ်ားႀကီးမတတ္ခဲ့လို႔ သမီးေလးကိုေတာ့ ပညာတတ္ႀကီးျဖစ္ေစခ်င္တဲ့ဆႏၵကိုလည္း ေျပာျပခဲ့ပါေသးတယ္။

ါးသီးခဲ့တဲ့ေန႔ရက္ေတြကိုေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ အမွတ္တရေလးေတြကိုေတာ့ ” ဘဝမွာ ပညာမတတ္ခဲ့တာက မ်က္ႏွာငယ္ အားငယ္ခဲ့ ရတာေတြ အမွတ္ရစရာေတြအမ်ားႀကီးပဲ။ ဥပမာ စာမတတ္လို႔ Facebook ဆိုတာ ၾကားသာ ၾကားခဲ့ရၿပီး မသုံးတတ္ခဲ့ရဘူး သူမ်ားေျပာတာ ၾကည့္တာပဲ နားေထာင္ခဲ့ရတယ္။ သုံးဖို႔လည္း အႀကိမ္ႀကိမ္ႀကိဳးစားခဲ့တယ္ မေအာင္ျမင္ခဲ့တာလည္း အႀကိမ္ႀကိမ္ ပါပဲ။ ”

” အားလုံးကူညီေပးမႈေတြနဲ႔ ထက္ Facebook သုံးတတ္ခဲ့တာ ဒီသီတင္းကြၽတ္က (၁) ႏွစ္ျပည့္ တယ္ဆိုေတာ့ ခုဆို (၁) ႏွစ္ေက်ာ္ သြားၿပီေပါ့ေနာ္။ အားလုံးရဲ႕ ခ်စ္ခင္ေဖးမမႈေတြနဲ႔ ထက္အလုပ္ ေတြ ႀကိဳးစားေနရပါတယ္။ ခ်စ္ရသူေတြရဲ႕ေက်းဇူးေတြကို ဘယ္ေတာ့မွ မေမ့ပါဘူး။ ထက္အၿမဲ ခ်စ္ရသူေတြအတြက္ ႀကိဳးစားေနပါ့မယ္။ ” ဆိုၿပီး ရင္ဖြင့္လာခဲ့ပါတယ္။ ဘယ္လိုအေျခအေနပဲ ျဖစ္ျဖစ္ ပရိသတ္ေတြကေတာ့ ထက္ထက္ကိုခ်စ္ေနဦးမွာပါပဲ။

Photo – Htet Htet Moe Oo

(Unicode)

ပညာမတတ်လို့ သိမ်ငယ်ခဲ့ရတဲ့ သူမဘဝရဲ့ခါးသီးတဲ့နေ့ရက်တွေအကြောင်း သတိတရနဲ့ ပြောပြလာတဲ့ ထက်ထက်မိုးဦး

သူမရဲ့ဘဝဇာတ်ကြောင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေကိုအမြဲတမ်း ပွင့်ပွင့်လင်းလင်း အသိပေးတတ်တဲ့ ပရိသတ်အချစ်တော် ထက်ထက်မိုးဦးဟာ သူမရဲ့ရင်တွင်းခံစားချက်တွေကို အမြဲလိုလို ပရိသတ်တွေစီ ရင်ဖွင့်လေ့ရှိပါတယ်။ ကိုယ်တိုင်က ပညာတွေ အများကြီးမတတ်ခဲ့လို့ သမီးလေးကိုတော့ ပညာတတ်ကြီးဖြစ်စေချင်တဲ့ဆန္ဒကိုလည်း ပြောပြခဲ့ပါသေးတယ်။

ခါးသီးခဲ့တဲ့နေ့ရက်တွေကိုကျော်ဖြတ်နိုင်ခဲ့တဲ့ အမှတ်တရလေးတွေကိုတော့ ” ဘဝမှာ ပညာမတတ်ခဲ့တာက မျက်နှာငယ် အားငယ်ခဲ့ ရတာတွေ အမှတ်ရစရာတွေအများကြီးပဲ။ ဥပမာ စာမတတ်လို့ Facebook ဆိုတာ ကြားသာ ကြားခဲ့ရပြီး မသုံးတတ်ခဲ့ရဘူး သူများပြောတာ ကြည့်တာပဲ နားထောင်ခဲ့ရတယ်။ သုံးဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့တယ် မအောင်မြင်ခဲ့တာလည်း အကြိမ်ကြိမ် ပါပဲ။ ”

” အားလုံးကူညီပေးမှုတွေနဲ့ ထက် Facebook သုံးတတ်ခဲ့တာ ဒီသီတင်းကျွတ်က (၁) နှစ်ပြည့် တယ်ဆိုတော့ ခုဆို (၁) နှစ်ကျော် သွားပြီပေါ့နော်။ အားလုံးရဲ့ ချစ်ခင်ဖေးမမှုတွေနဲ့ ထက်အလုပ် တွေ ကြိုးစားနေရပါတယ်။ ချစ်ရသူတွေရဲ့ကျေးဇူးတွေကို ဘယ်တော့မှ မမေ့ပါဘူး။ ထက်အမြဲ ချစ်ရသူတွေအတွက် ကြိုးစားနေပါ့မယ်။ ” ဆိုပြီး ရင်ဖွင့်လာခဲ့ပါတယ်။ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ပရိသတ်တွေကတော့ ထက်ထက်ကိုချစ်နေဦးမှာပါပဲ။

Photo – Htet Htet Moe Oo

Leave a Reply

Your email address will not be published. Required fields are marked *