
ချစ်သူသက်တမ်းသုံးနှစ်ကျော်သည်အထိ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေနဲ့တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ အခက်အခဲများကိုရင်ဆိုင်ကျော်ဖြတ်ကာ ရှေ့ဆက်ရမယ့်ခရီးလမ်းကိုကြည်နူးပျော်ရွှင်စွာနဲ့ လျှောက်လှမ်းနေသူတွေကတော့ မေဦးတို့ချစ်သူစုံတွဲလေးပါ။ သူတို့နှစ်ယောက်ဟာ ဝါသနာပါရာအလုပ်တွေကိုအောင်မြင်အောင် လုပ်ကိုင်နေကြသူတွေပါ။

သူတို့အတွဲလေးကိုကြည့်ပြီး ပရိသတ်တွေကလည်း အားကျနေရတာပါ။ မနေ့ကတော့ ဟန်လင်းရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်လေးတစ်ခုတင်ထားတာပါ။ ဒါကတော့ လက်ရှိကျင်းပနေတဲ့ Myanmar Idol season (4) တွင် ဟန်လင်းတစ်ယောက် Golden Ticket ကိုထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ပုံရိပ်လေးပါ။

မေဦးရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း” လက်ထဲမှာဘာမှ မပါဘဲထွက်လာတော့ စိတ်မကောင်းသွားတာပြီးတော့မှ ကိုယ့်ကို surprise တိုက်သွားတာ ” ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။


Photo Credit- Han Lin’s And May Oo’s FB