






Photo – Dain Daung
(Unicode)
မွေးနေ့မှာ ဦးဦးဖျားဖျားကုသိုလ်အဖြစ်နဲ့ မိခင်ရဲ့လုံခြည်တွေကိုလျှော်ဖွတ်ပေးခဲ့တဲ့ ဒိန်းဒေါင်
ပရိသတ်ကြီးရေ ဟာသတွေပြောတတ်ပြီး ရုပ်ရှင် ဗီဒီယိုလောကမှာကော သဘင်လောကမှာပါ ပရိသတ်တွေအားပေးမှုကိုတစ်ခဲနက်ရရှိထားတဲ့ ဟာသအနုပညာရှင်ကတော့ ဒိန်းဒေါင်ပဲ ဖြစ်ပါတယ်။အလှူအတန်းလည်းအရမ်း ရက်ရောသူဖြစ်ပြီး ပရဟိတစိတ်ရှိတဲ့ ဒိန်းဒေါင်ကတော့ မိဘအပေါ်မှာလည်း အမြဲသိတတ်ပြီး လုပ်ကျွေးပြုစုလျက်ရှိသူပါ ။
ဒီနေ့ ၂၉.၁၂.၂၀၂၀ လေးကတော့ သူရဲ့ မွေးနေ့လေးပဲဖြစ်ရာ မွေးနေ့မှာ မိခင်ရဲ့ ထမီကိုလျှော်ပေးရင်း ကုသိုလ်ယူခဲ့တဲ့ ပုံလေးတွေနဲ့အတူ ” ယနေ့29.12.2020ကျွန်တော့်မွေးနေ့ပါခင်ဗျာ မိဘကိုချစ်သောသားသမီးများအားလုံးဒီနေ့ကိုအမေ့ထမီလျှော်တဲ့နေ့အဖြစ်သတ်မှတ်ပေးကြပါခင်ဗျာ” ဆိုတဲ့စာလေးကိုလည်းဖော်ပြထားရာ ဖတ်ပြီး တကယ်ကို လေးစားအားကျ အတုယူချင်စရာကောင်းလွန်းတာအမှန်ပါပဲနော်။
ပရိသတ်တွေကလည်းကောမန့်တွေကနေတစ်ဆင့် မိဘအပေါ် သိတတ်လိမ္မာတဲ့ သားလေးအဖြစ်ချီးကျူးစကားများပြောရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြတာလည်းတွေ့ရပါတယ် ။ ပရိသတ်ကြီးလည်း ဒိန်းဒေါင်ရဲ့ လုပ်ရက်လေးကို လေးစားအတုယူနိုင်စေရန် မျှဝေပေးရင်းမွေးနေ့လေးမှာ ပျော်ရွှင်ပါစေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Photo – Dain Daung