17th April 2021

အရင္အိမ္ေထာင္နဲ႕ ကေလးရွိခဲ့တယ္လို႕ ပရိတ္သတ္တစ္ခ်ိဳ႕ထင္ေနၾကတဲ့အေပၚ ျပတ္ျပတ္သားသားျပန္လည္ေျဖရွင္းခဲ့တဲ့ ေအာင္လ

ပရိသတ္တို႔ေရ သီခ်င္းေကာင္ းေလးေတြကို အၿမဲသီဆိုတတ္တဲ့ ေရာ့ခ္ဂီတအဆိုေတာ္ ေအာင္လဟာဆိုရင္ ပရိသတ္ႀကီးနဲ႔ မစိမ္းတဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ သူဟာ အခုအခ်ိန္မွာ ခ်စ္သူျဖစ္သူ ဝိုင္းစုခိုင္သိန္းႏွင့္အတူ သာယာေအးခ်မ္းတဲ့ ဘဝကို ေနထိုင္ျဖတ္သန္းေနၿပီး သီခ်င္းမ်ားကို သီဆိုရင္း အႏုပညာ လႈပ္ရွားမႈမ်ားကို ပုံမွန္ျပဳလုပ္ေနသူတစ္ဦးပဲ ျဖစ္ပါတယ္။

ေအာင္လနဲ႔ဝိုင္းစုတို႔ စုံတြဲဟာဆိုရင္ အရင္တစ္ခ်ိန္တည္းက သမီးရည္းစားေတြ ျဖစ္ၾကေသာ္လည္း ေနာက္ပိုင္းမွာ အျခားသူေတြနဲ႔ အိမ္ေထာင္ကိုယ္စီက်ခဲ့ၾကၿပီး အိမ္ေထာင္ဖက္ေဟာင္းေတြနဲ႔ ကင္းကင္းရွင္းရွင္း လမ္းခြဲျပတ္ဆဲၿပီးမွသာ တစ္ဦးႏွင့္တစ္ဦး ျပန္လည္ေပါင္းစည္းခဲ့ၾကသူေတြလည္း ျဖစ္ပါတယ္။ ဒီအင္တာဗ်ဴးေလးမွာေတာ့ ေတးသံရွင္ေအာင္လက ဝိုင္းစုနဲ႔ ျပန္လည္ လက္မတြဲခင္ အိမ္ေထာင္က်ခဲ့တဲ့ အမ်ိဳးသမီးနဲ႔ ကေလးတစ္ေယာက္ရွိခဲ့တယ္လို႔ ေဝဖန္ေျပာဆိုမႈေတြအေပၚ တုံ႔ျပန္ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။မၾကာခင္ ရက္ပိုင္းအတြင္းမွာပဲ ႏွစ္သစ္ကို ကူးေျပာင္းရေတာ့မွာ ျဖစ္တဲ့အတြက္ က်န္ရွိခဲ့တဲ့ ၂၀၂၀ ကာလကို ခက္ခက္ခဲခဲ ျဖတ္သန္းခဲ့ရပုံကို ေအာင္လက”၂၀၂၀ က မိသားစုကို ပိုၿပီး အခ်ိန္ေပးရတယ္။ စိတ္ဒုကၡေတြ ေရာက္ၾကရတယ္။

အဲ့လိုပဲ ၿခဳံငုံၿပီးေတာ့ သုံးသပ္ရမွာပဲ။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ကြၽန္ေတာ္တို႔အားလုံး အတူတူ ခံစားခဲ့ရတာေတြဆိုေတာ့ ဒီအေပၚမွာ ဘာမွ အေထြအထူး မေျပာလိုေတာ့ပါဘူး” လို႔ ရင္ဖြင့္ေျပာျပခဲ့ ပါတယ္။ကိုဗစ္ကာလအတြင္း ဖန္တီးျဖစ္ခဲ့တဲ့ သူ႔ရဲ႕ အႏုပညာလႈပ္ရွားမႈေလးေတြနဲ႔ ပတ္သတ္လို႔ ကိုေအာင္လက”အရင္ကာလေတြ တုန္းကဆို ဝိုင္းစု ပြဲသြားဆိုတဲ့ေနာက္ကိုပဲ ကြၽန္ေတာ္က လိုက္ေနတာ ဆိုေတာ့ ကြၽန္ေတာ့္ Band နဲ႔ ေတြ႕ျဖစ္တာ ရွားတယ္။ အခု ဒီကာလမွာဆိုရင္ ဘယ္မွသြားစရာ မရွိတဲ့အတြက္ ကြၽန္ေတာ္တို႔လည္း အရင္ကထက္ သီခ်င္းေတြ ပိုၿပီး လုပ္ျဖစ္လာတယ္။ Band နဲ႔လည္း ရင္းရင္းႏွီးႏွီး ေျပာဆို၊ ဆက္ဆံရင္း သီခ်င္းတိုက္ရက္ေတြ မ်ားလာေတာ့ ကိုယ္ဘာလုပ္ခ်င္လည္း ဆိုတာကို ပိုသိလာတယ္။ ေနာက္အေခြအတြက္ Music Arrangement နဲ႔ ပတ္သတ္လို႔ အစီအစဥ္ေလးေတြလည္း ခ်ျဖစ္သြားတာေပါ့ေနာ္။” လို႔ အသိေပးေျပာၾကား လာခဲ့ပါတယ္။

ဝိုင္းစုနဲ႔ ေအာင္လတို႔ႏွစ္ေယာက္ ကေလးယူေတာ့မယ္ဆိုၿပီး သတင္းထြက္ေပၚေနတဲ့ အေပၚမွာေတာ့ ေအာင္လက “ဝိုင္းစုကေတာ့ ယူလည္းရတယ္၊ မယူလည္း ရတယ္ေပါ့ေနာ္။ ကြၽန္ေတာ္ကေတာ့ ကေလးခ်စ္တယ္။ သူမ်ားကေလးကိုေတာင္ ခ်စ္တာ၊ ကိုယ္ေမြးတဲ့ကေလးဆိုလည္း ခ်စ္မိမွာပဲေလ။ တခ်ိဳ႕ပရိသတ္ေတြဆို ကြၽန္ေတာ့္မွာ အရင္အိမ္ေထာင္နဲ႔ ကေလးရွိတယ္လို႔ ထင္ၾကတယ္၊ တကယ္ေတာ့ မဟုတ္ပါဘူး။ အခု ဝိုင္းစုနဲ႔မွ ကြၽန္ေတာ္ ကေလးယူဖို႔ ဆုံးျဖတ္တာေပါ့ေနာ္။ ကေလးရရင္ေတာ့ ေယာက်္ားေလးလည္း ခ်စ္မွာပဲ၊ မိန္းကေလးလည္း ခ်စ္မွာပဲ။ ကြၽန္ေတာ္တို႔တီးဝိုင္းက အကိုတစ္ေယာက္ရဲ႕ သားေလးဆိုလည္း အိမ္မွာ လာလာေဆာ့တယ္။ သူက ကြၽန္ေတာ့္ကို အရမ္းခ်စ္တယ္။” လို႔ ထုတ္ေျပာလာခဲ့ၿပီပဲ ျဖစ္ပါ တယ္။ပရိသတ္ႀကီးတို႔ေရ ေအာင္လဟာ ေလာေလာဆယ္၊ လတ္တေလာ အႏုပညာလႈပ္ရွားမႈအေနနဲ႔ 50 TV Live ကေန ျပသမယ့္ ႏွစ္သစ္ႀကိဳဆိုပြဲကို ဝိုင္းစုႏွင့္အတူ ေဖ်ာ္ေျဖသြားဖို႔ရွိၿပီး Sky Net မွာလည္း အလားတူ ပါဝင္ေဖ်ာ္ေျဖသြားဖို႔ ရွိတယ္လို႔ အသိေပးေျပာၾကားရင္း ဒီအင္တာဗ်ဴးေလးကို အဆုံးသတ္ေျဖၾကားေပး သြားခဲ့ပါတယ္။

photo credit – Aung la & wine su

(Unicode)

အရင်အိမ်ထောင်နဲ့ ကလေးရှိခဲ့တယ်လို့ ပရိတ်သတ်တစ်ချို့ထင်နေကြတဲ့အပေါ် ပြတ်ပြတ်သားသားပြန်လည်ဖြေရှင်းခဲ့တဲ့ အောင်လ

ပရိသတ်တို့ရေ သီချင်းကောင် းလေးတွေကို အမြဲသီဆိုတတ်တဲ့ ရော့ခ်ဂီတအဆိုတော် အောင်လဟာဆိုရင် ပရိသတ်ကြီးနဲ့ မစိမ်းတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူဟာ အခုအချိန်မှာ ချစ်သူဖြစ်သူ ဝိုင်းစုခိုင်သိန်းနှင့်အတူ သာယာအေးချမ်းတဲ့ ဘဝကို နေထိုင်ဖြတ်သန်းနေပြီး သီချင်းများကို သီဆိုရင်း အနုပညာ လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။

အောင်လနဲ့ဝိုင်းစုတို့ စုံတွဲဟာဆိုရင် အရင်တစ်ချိန်တည်းက သမီးရည်းစားတွေ ဖြစ်ကြသော်လည်း နောက်ပိုင်းမှာ အခြားသူတွေနဲ့ အိမ်ထောင်ကိုယ်စီကျခဲ့ကြပြီး အိမ်ထောင်ဖက်ဟောင်းတွေနဲ့ ကင်းကင်းရှင်းရှင်း လမ်းခွဲပြတ်ဆဲပြီးမှသာ တစ်ဦးနှင့်တစ်ဦး ပြန်လည်ပေါင်းစည်းခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ ဒီအင်တာဗျူးလေးမှာတော့ တေးသံရှင်အောင်လက ဝိုင်းစုနဲ့ ပြန်လည် လက်မတွဲခင် အိမ်ထောင်ကျခဲ့တဲ့ အမျိုးသမီးနဲ့ ကလေးတစ်ယောက်ရှိခဲ့တယ်လို့ ဝေဖန်ပြောဆိုမှုတွေအပေါ် တုံ့ပြန်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။မကြာခင် ရက်ပိုင်းအတွင်းမှာပဲ နှစ်သစ်ကို ကူးပြောင်းရတော့မှာ ဖြစ်တဲ့အတွက် ကျန်ရှိခဲ့တဲ့ ၂၀၂၀ ကာလကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပုံကို အောင်လက”၂၀၂၀ က မိသားစုကို ပိုပြီး အချိန်ပေးရတယ်။ စိတ်ဒုက္ခတွေ ရောက်ကြရတယ်။

အဲ့လိုပဲ ခြုံငုံပြီးတော့ သုံးသပ်ရမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့အားလုံး အတူတူ ခံစားခဲ့ရတာတွေဆိုတော့ ဒီအပေါ်မှာ ဘာမှ အထွေအထူး မပြောလိုတော့ပါဘူး” လို့ ရင်ဖွင့်ပြောပြခဲ့ ပါတယ်။ကိုဗစ်ကာလအတွင်း ဖန်တီးဖြစ်ခဲ့တဲ့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေနဲ့ ပတ်သတ်လို့ ကိုအောင်လက”အရင်ကာလတွေ တုန်းကဆို ဝိုင်းစု ပွဲသွားဆိုတဲ့နောက်ကိုပဲ ကျွန်တော်က လိုက်နေတာ ဆိုတော့ ကျွန်တော့် Band နဲ့ တွေ့ဖြစ်တာ ရှားတယ်။ အခု ဒီကာလမှာဆိုရင် ဘယ်မှသွားစရာ မရှိတဲ့အတွက် ကျွန်တော်တို့လည်း အရင်ကထက် သီချင်းတွေ ပိုပြီး လုပ်ဖြစ်လာတယ်။ Band နဲ့လည်း ရင်းရင်းနှီးနှီး ပြောဆို၊ ဆက်ဆံရင်း သီချင်းတိုက်ရက်တွေ များလာတော့ ကိုယ်ဘာလုပ်ချင်လည်း ဆိုတာကို ပိုသိလာတယ်။ နောက်အခွေအတွက် Music Arrangement နဲ့ ပတ်သတ်လို့ အစီအစဉ်လေးတွေလည်း ချဖြစ်သွားတာပေါ့နော်။” လို့ အသိပေးပြောကြား လာခဲ့ပါတယ်။

ဝိုင်းစုနဲ့ အောင်လတို့နှစ်ယောက် ကလေးယူတော့မယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ အပေါ်မှာတော့ အောင်လက “ဝိုင်းစုကတော့ ယူလည်းရတယ်၊ မယူလည်း ရတယ်ပေါ့နော်။ ကျွန်တော်ကတော့ ကလေးချစ်တယ်။ သူများကလေးကိုတောင် ချစ်တာ၊ ကိုယ်မွေးတဲ့ကလေးဆိုလည်း ချစ်မိမှာပဲလေ။ တချို့ပရိသတ်တွေဆို ကျွန်တော့်မှာ အရင်အိမ်ထောင်နဲ့ ကလေးရှိတယ်လို့ ထင်ကြတယ်၊ တကယ်တော့ မဟုတ်ပါဘူး။ အခု ဝိုင်းစုနဲ့မှ ကျွန်တော် ကလေးယူဖို့ ဆုံးဖြတ်တာပေါ့နော်။ ကလေးရရင်တော့ ယောကျ်ားလေးလည်း ချစ်မှာပဲ၊ မိန်းကလေးလည်း ချစ်မှာပဲ။ ကျွန်တော်တို့တီးဝိုင်းက အကိုတစ်ယောက်ရဲ့ သားလေးဆိုလည်း အိမ်မှာ လာလာဆော့တယ်။ သူက ကျွန်တော့်ကို အရမ်းချစ်တယ်။” လို့ ထုတ်ပြောလာခဲ့ပြီပဲ ဖြစ်ပါ တယ်။ပရိသတ်ကြီးတို့ရေ အောင်လဟာ လောလောဆယ်၊ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ 50 TV Live ကနေ ပြသမယ့် နှစ်သစ်ကြိုဆိုပွဲကို ဝိုင်းစုနှင့်အတူ ဖျော်ဖြေသွားဖို့ရှိပြီး Sky Net မှာလည်း အလားတူ ပါဝင်ဖျော်ဖြေသွားဖို့ ရှိတယ်လို့ အသိပေးပြောကြားရင်း ဒီအင်တာဗျူးလေးကို အဆုံးသတ်ဖြေကြားပေး သွားခဲ့ပါတယ်။

photo credit – Aung la & wine su

Leave a Reply

Your email address will not be published. Required fields are marked *