7th March 2021

ချစ်ခါစကြိုက်ခါစနဲ့မတူတော့ပဲ အမြဲတမ်းအလုပ်တွေရှုပ်နေတတ်တဲ့ချစ်သူကို ပညာသားပါပါလေး သတိပေးစကားပြောလိုက်တဲ့ မအေးသောင်း

ပရိသတ်ကြီး​ရေအေးဝတ်ရည်သောင်း ကတော့ဆယ်စုနှစ်တစ်ခုအကျော်ထဲက ပုရိသတွေပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့မင်းသမီးတစ်လက်ပါနော်။ ဆံပင်အရှည်ကြီးနဲ့တမူး​ထူးခြားတဲ့မင်းသမီးကတော့အခုချိန်မှာလည်း ပုရိသယောကျာ်းတွေရဲ့ အသည်းစွဲ မြန်မာဆန်ဆန်ပုံရိပ်တွေနဲ့ ဆွဲဆောင်ထားနိုင်တဲ့ မင်းသမီး တစ်လက်ပါပဲနော်။

အချိန်အတော်ကြာအနုပညာခြေလှမ်းတွေကြဲခဲ့ပေမယ့် ပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အကယ်ဒမီဇာတ်ပို့ဆုကို မျှော်မှန်းခံခဲ့ရတာပါ။ အခုနောက်ပိုင်းမှာလည်း ဇာတ်ကားတွေ ထပ်မံရိုက်ကူးနေတာပါ။ မိဘအပေါ်လည်း သိတတ်လိမ္မာကာ မိဘကိုပြုစုစောင့်ရှောက်နေတဲ့ မင်းသမီးတစ်လက်ပါ။

သူမရဲ့အချစ်ရေးကိုလည်း တရားဝင်ပြောပြကာချပြထားခဲ့ပြီပဲ ဖြစ်ပါတယ်။ဒါ့အပြင် ဒီနေ့မှာတော့ ”ယောကျာ်းလေးတွေက ကိုယ်နဲ့ကြိုက်ခါစတုန်းကဆို အချိန်တွေအားနေတတ်တာနော်ကြိုက်ပြီးလို့အချိန်နဲနဲကြာလာတော့အလုပ်တွေရှုပ်လာလိုက်ကြတာ အိုဘားမားတို့ ထရန့်တို့ထက်တောင် သူတို့ ဖုန်းတွေ မီတင်တွေကပို အလုပ်ရှုပ်သေး တာကိုယ်တွေက လာဘ်ကောင်လေးတွေထင်တယ်နော်။အလုပ်ကြိုးစားတဲ့အမျိုးသားနဲ့ဆုံရတာသိပ်ကံကောင်းပါတယ်ရှင်……😝😝😝”ဆိုတဲ့စာလေးနဲ့ အလုပ်ရှုပ်နေတဲ့ချစ်သူကို စနောက်အရွှန်းဖောက်သတိပေး ခဲ့တာပါ။ မအေး​သောင်းနဲ့အဖြစ်တူတဲ့သူတွေ ဆယ်လီခေတ်သစ်ပရိသတ်ကြီးထဲမှာရှိလား။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source : Aye Thaung
Credit -CeleKhitThit

(Unicode)




Source : Aye Thaung
Credit -CeleKhitThit

Leave a Reply

Your email address will not be published. Required fields are marked *