Cele News

ကောင်မလေးတွေကြွေဆင်းသွားရလောက်တဲ့ ခရီးသွားအမှတ်တရ ပုံလေးတွေတင်လိုက်တဲ့ ထက်အောင်ရိုင်း

ချစ်ပရိသတ်ကြီးရေ ကိုရီးယားမင်းသားလေးလို ချောမောခန့်ညားတဲ့ ထက်အောင်ရိုင်းကတော့ အနုပညာလောကမှာအောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်းသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။

ထက်အောင်ရိုင်းကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ လတ်တလောမှာတော့ ပြည့်ပခရီးတစ်ခုကို အပန်းဖြေထွက်ရှိနေတာဖြစ်ပြီး ကောင်မလေးတွေကြွေသွားရလောက်အောင် အမိုက်စားလန်းနေတဲ့ ခရီးသွား အမှတ်တရ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ ပျော်ရွှင်ကြည်နူးနေတဲ့ မျက်နှာလေးကို မြင်တွေ့ရမှာဖြစ်ပါတယ်။

သူတို့သူငယ်ချင်းတွေဟာဆိုရင် အမြဲစနောက်ကာ ပျော်ပျော်ရွှင်ရွှင်နေတက်ကြသူတွေလည်းဖြစ်ပါတယ်။အမြဲဆိုသလို သူငယ်ချင်းတွေနဲ့ စနောက်နေကြတဲ့ ပုံလေးတွေ ဗီဒီယိုလေးတွေကို မကြာခဏတင်လေ့ရှိတာလည်းတွေ့ရပါတယ်။ချစ်ပရိသတ်ကြီးတွက် ထက်အောင်ရှိုင်းရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source; Htet Aung Shine

Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *