
ပရိသတ်တွေရဲ့ အချစ်တွေကို အနုပညာလောကမှာ အခိုင်အမာရရှိထားတဲ့အပြင် ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ ပြည်သူ့အချစ်တော် မင်းသားချောကတော့ မြင့်မြတ်ပဲ ဖြစ်ပါတယ်နော်..။

အကယ်ဒမီထူးချွန်ဆုတွေရရှိထားပြီး ပရိသတ်တွေရဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲအားပေးမှုတွေနဲ့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်ဇနီးချောတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားသူပါ..။

မြင့်မြတ်ကတော့ ဂျင်းကောင်အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားသလို ဂျူနီယာမြင့်မြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သားလေး မြတ်သူလေးကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးပါပဲ..။

မိသားစုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း သားအဖနှစ်ယောက်အတူ ဓာတ်ဖမ်းထားကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်..။
ရှုတင်ကနေ ပြန်အလာ ပြေးကြိုတဲ့ ချစ်သားလေးမြတ်သူလေးကြောင့် ဖေဖေမြင့်မြတ်ကတော့ ကြည်နူးပီတိလေးတွေနဲ့အတူ သားလေးကို ချစ်မဝဖြစ်လို့ နေပါတယ်နော်..။

ဒီကနေ့လေးမှာတော့ မြင့်မြတ်တို့ သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo scource; Myint Myat
Credit; DailyHotNewMedia