Cele News

နူးညံ့သိမ်မွေ့စွာကျက်သရေရှိရှိဝတ်စားဆင်ယဉ်မှုဖြင့်လှပနေတဲ့ ခေတ်နဲ့သစ်တို့ရဲ့မေမေ ချစ်သုဝေ

ပရိသတ်ကြီးရေ ခေတ်နဲ့သစ်တို့ရဲ့ မေမေချောချောလေးဖြစ်တဲ့ ချစ်သုဝေဟာဆိုရင် ဉာဏ်ပညာဗဟုသုတနဲ့ပြည့်စုံပြီး စိတ်သဘောထားမွန်မြတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်နော်။ချစ်သုဝေကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုအပြည့်ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်နော်။

ချစ်သုဝေကတော့ သမီးလေးနှစ်ဖက်နဲ့ပဲ အနုပညာအလုပ်တွေကို တတ်နိုင်သလောက်လုပ်ဆောင်နေပြီး ခေတ်နဲ့သစ်ကို သေချာပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်။ခေတ်နဲ့သစ်ကလည်း ချစ်မွှေးလေးတွေပါကြတဲ့ ကလေးတွေဖြစ်လို့ ပရိသတ်တွေကအရမ်းချစ်နေရတာဖြစ်ပါတယ်။အခုဆိုရင် ခေတ်နဲ့သစ်ကလည်း၂နှစ်ခွဲအရွယ်ကို ရောက်ရှိနေပြီး တစ်နေ့တစ်ခြားပိုပိုပြီး ချစ်စရာကောင်းလာပါတယ်နော်။

မေမေချစ်သုဝေကလည်း သမီးနှစ်ယောက်အမေဖြစ်ပေမယ့် အပျိုလေးလိုပဲအရမ်းလှပြီး ကျက်သရေရှိနေတာပါနော်။မြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့ဆိုရင် ကျက်သရေအရမ်းရှိပြီး မြင်သူတကာငေးရလောက်တဲ့အလှတရားတွေကအတိုင်းသားတွေ့မြင်ရတာဖြစ်လို့ အခုဆိုရင်လည်း ချစ်သုဝေရဲ့ မြန်မာဆန်ဆန်လှပနေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Chit Thu Wai’s Facebook/Alinn Young
Credit; Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *