
ထာဝရနှောင်ကြိုးရုပ်ရှင်ဇာတ်ကားကြီး ကတော့ ဒါရိုက်တာခရစ္စတီးနားခီ ရဲ့ ဒုတိယမြှောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဇာတ်ကားနဲ့ Trailer စတင်ထွက်ရှိလာထဲက ပရိသတ်တွေထဲ စိတ်ဝင်စားမှုကို ရရှိထားပြီး ထိုရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှာရုံတင်ပြသမှာပဲဖြစ်ပါတယ်။

ရုပ်ရှင်ကားကြီးရဲ့ အကြိုပြသပွဲကိုတော့ ယနေ့ညနေ ၆နာရီမှာပြသမှာဖြစ်ပါတယ်။ ထိုကားကြီးမှာ အဓိကဇာတ်ဆောင်များအနေဖြင့် ဇဏ်ခီ နဲ့ ပိုင်ဖြိုးသုတို့က ဇာတ်ရုပ်ကာရိုက်တာနဲ့လိုက်ဖက်အောင် အကောင်းဆုံး သရုပ်ဆောင်ထားတာတွေ့ရပါတယ်။

” ကိုယ့်စာမေးပွဲအဖြေလွှာကို ကိုယ်ပြန်ဖတ်ခွင့်ရမယ့်ကျောင်းသူလိုပဲ
ညကတည်းကအိပ်မပျော်…ရင်တွေတုန်…လက်တွေလည်းဘာကိုင်ကိုင်အမြဲလွတ်ကျ…
ကြောက်လိုက်တာဗျာ !!!!! ” လို့ ထိုရုပ်ရှင်ဇာတ်ကားပေါ်ကြိုတင်ရင်ခုန်နေမိ တာကိုလဲ သုသုက သူမရဲ့ Social Media ပေါ်မှာ တင်ထားခဲ့ပါတယ်။


Photo Source ; Paing Phyo Thu