28th October 2020

ဝေလျှံ ရဲ့ သားလေးအမွှာ နှစ်နှစ်ပြည့် မွေးနေ့လေး

အဆိုတော် ဝေလျှံကတော့ တစ်ချိန်တခါက ပရိသတ်အချစ်တော် တစ်ယောက်ဖြစ်ခဲ့တဲ့အပြင် အချိန်နဲ့အမျှ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်ခဲ့ပြီး သရုပ်ဆောင် လုပ်ငန်းကိုပါ လုပ်ကိုင်ခဲ့ပါတယ်။


အိမ်ထောင် ပြုပြီးနောက်ပိုင်းမှာ အနုပညာလုပ်ငန်းပိုင်းမှာအားလျော့လာပြီး သာယာလှပတဲ့ မိသားစုလေးဖြစ်အောင် ထူထောင်နေတာဖြစ်ပြီး သားလေးနှစ်ယောက်ရရှိကာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားမိပြီဖြစ်ပါတယ်။


အောက်တိုဘာလ ၂၀ ရက်နေ့မှာတော့ Frank&Tank ရဲ့ ၂နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။” ကျွန်တော် အသွေးအသားလေးတွေ ၂နှစ်ပြည့်ပြီ
ဟတ်ပီးဘတ်ဒေးပါ ဖေဖေအချစ် ဖေဖေအသက် ဖေဖေအနာဂတ် ဖေဖေရဲ့ ကဲစိန်လေးတို့ရေ ” လို့ အကဲပိုအောင်ချစ်ပြနေတဲ့ ဖေဖေဝေလျှံကတော့ မွေးနေ့ဆုတောင်းလေးအဖြစ်ရေးသားထားပါတယ်။

Photo source; Wai Hlian Phyo

Leave a Reply

Your email address will not be published. Required fields are marked *