
သိပ်မကြာသေးခင်ကမှ ဇာတ်သိမ်းသွားခဲ့တဲ့ “နွေလယ်ညရဲ့လမင်း” ဇာတ်လမ်းတွဲလေးမှာ ဖူးဝေအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူလေးကတော့ ပရိတ်သတ်တွေရဲ့ အသဲကို စွဲသွားစေတဲ့ မင်းသမီးချောလေး သံသာညီပဲ ဖြစ်ပါတယ်။ သူမရဲ့ ဖူးဝေဇာတ်ရုပ်လေးက သရုပ်ဆောင် ပီပြင်လွန်းတာကြောင့် ပရိတ်သတ်တွေက ဂရုဏာသက်ပြီး အချစ်ပိုသွားကြတာပဲ ဖြစ်ပါတယ်။


ဖူးဝေလေးက အနုပညာလမ်းကြောင်းပေါ်ကို အခက်အခဲပေါင်းများစွာနဲ့ လျှောက်လှမ်းခဲ့ရတဲ့ အကြောင်းလေးကိုလဲ ပြောပြခဲ့ပါသေးတယ်။ သူမဟာ ဆယ်တန်းအောင်ပြီးကတည်းက ရန်ကုန်ကိုတက်လာခဲ့ပြီး အနုပညာလမ်းကြောင်းပေါ်မှာ တစ်ယောက်ထဲ ရုန်းကန်လျှောက်လမ်းခဲ့ကာ အမေ့ကိုလဲ လွမ်းနေခဲ့ရကြောင်းတွေကို ပြောပြခဲ့ပါတယ်။ ခုချိန်မှာတော့ သူမဟာ ရိုးသားကြိုးစားအားထုတ်ခဲ့မှုတွေကြောင့် အောင်မြင်တဲ့ လမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်နေပါပြီ။

ခုတစ်ခါမှာတော့ ဖူးဝေလေးက “တည်ငြိမ် ရင့်ကျတ်သော မမအဖြစ် သံသာညီ😛🥰🧡” ဟုဆိုကာ လိမ္မော်ရောင် မြန်မာဝမ်းစက်လေးနဲ့ လှပပြီး တည်ငြိမ်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ဖေ့စဘွတ် စာမျက်နှာကနေ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ရင့်ကျက်တည်ငြိမ်နေတဲ့ မမဖူးဝေလေးရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source; Than Thar Nyi