Celebrity

“လက်သန်းလောက် ပိုက်ဆံအိတ်တွေကို ၂၀၁၉ မှာ ထားခဲ့လိုက်တော့” လို့ ဆိုလာတဲ့ နေခြည်ဦး

Beauty Blogger တစ်ယောက်အဖြစ်ကနေ မင်းသမီးတစ်လက်ဖြစ်လာတဲ့နေခြည်ဦးကိုတော်တော်များများသိကြမှာပါ။နေခြည်ဦးဟာ Beauty Blogger အနေနဲ့နာမည်ကြီးလာခဲ့သူတစ်ယောက်ဖြစ်ပြီး မင်းသမီးတစ်ယောက်အနေနဲ့အချိန်တိုအတွင်းအောင်မြင်လာခဲ့တာပါ။မကြာသေးခင်ကပဲ မင်းသားချောမိုရီဆာကီဝင်းနဲ့တွဲဖက်ပြီး”အိမ်မက်တွေမိုးထားတဲ့အိမ်” ဆိုတဲ့ ဇာတ်လမ်းတွဲလေးကိုရိုက်ကူးပြီးစီးခဲ့တာပါ။

ဒါ့အပြင် နေခြည်က နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားချောနေတိုးနဲ့အတူ ရိုက်ကူးခဲ့တဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးဟာလဲ ချစ်ပရိတ်တွေရဲ့ တခဲနက်အားပေးမှုကြောင့် ၃ခါလောက် ဆက်တိုက်ရုံတင်ခွင့်ရခဲ့ကာ အရမ်းကို အောင်မြင်ခဲ့ပါတယ်။ သိပ်မကြာသေးခင်ကမှလည်း Dancing With Stars အစီအစဉ်မှာ ကပြဖျောဖြေခဲ့ပါသေးတယ်။ ဘက်စုံတော်တဲ့နေခြည်ကိုတော့ ချစ်ပရိတ်တွေက တစ်ဖြည်းဖြည်းနဲ့ ပိုမိုအားပေးဝန်းရံနေကြတာကို တွေ့ရပါတယ်။

ခုတစ်ခါမှာတော့ နေခြည်က “လက်သန်းလောက် ပိုက်ဆံအိတ်တွေကို ၂၀၁၉ မှာ ထားခဲ့လိုက်တော့ ☝🏻”ဟုဆိုကာ ခရီးဆောင်အိတ်လောက်ရှိတဲ့ စလင်းဘတ်အိတ်ကြီးကို လွယ်ကာ သူမရဲ့ အရင်က လွယ်ခဲ့ဖူးတဲ့ လက်သန်းလောက်ရှိတဲ့ စလင်းဘတ်အိတ်အသေးလေးရဲ့ ပုံကို ယှဉ်တွဲကာ ရိုက်ထားတဲ့ ပုံလေးကို ဖေ့စဘွတ် စာမျက်နှာမှာ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။
ကွန်မန့်မှာ ပရိတ်သတ်တွေကတော့ နေခြည်ရဲ့ ပုံလေးတွေကို ကြည့်ကာ ပျော်ရွှင်ရယ်မောပြီး စနေကြတာကိုလည်း တွေ့ရပါတယ်။

Source; Nay Chi Oo

Leave a Reply

Your email address will not be published. Required fields are marked *