
ချင်းတိုင်းရင်းသူလေး ဆုန်သင်းပါရ်ကတော့ တောင်ပေါ်ဒေသကနေ သီချင်းအေးအေးကောင်းကောင်းလေးတွေကို အမြဲသီဆိုနေလေ့ရှိတဲ့ အဆိုတော်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ချိုသာတဲ့အသံလေးနဲ့ ချစ်စဖွယ် တိုင်းရင်းသူရုပ်လေးကလည်း ပရိတ်သတ်ရဲ့ ရင်ကို အေးမြစေပါတယ်။


သိပ်မကြာသေးခင်ကမှ ပြီးဆုံးသွားခဲ့တဲ့ မြန်မာအိုင်ဒေါ
Season 4ရဲ့ Winner ဆုကို ထိုက်တန်စွာ ရရှိသွားခဲ့တဲ့ အက်စတာဒေါ့ချင်းဆုန် ကတော့ ယနေ့မနက်မှာ မွေးရပ်ဇာတိဖြစ်တဲ့ နေအိမ်ကို ပြန်ရာခရီးလမ်းမှာ အဆိုတော် ဆုန်သင်းပါရ်နဲ့ တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။ အက်စတာကတော့ ဒုတိယ ဆုန်သင်းပါရ်လို့ တင်စားခေါ်ဝေါ်ခံရတဲ့အထိကို သူမရဲ့ အားကောင်းပြီး ချိုမြတဲ့ အသံပါဝါကြောင့် ပရိတ်သတ်တွေရဲ့ အခိုင်အမာ အားပေးထောက်ခံမှုကို ရရှိခဲ့တဲ့ ပြိုင်ပွဲဝင်ကောင်းတစ်ယောက်လည်း ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ခုတစ်ခါမှာတော့ အဆိုတော် ဆုန်သင်းပါရ်က “တမူးမြို့ သွားမယ့် ဆုန်ကြီး ဟားခါးမြို့ ပြန်မယ့် ဆုန်လေး တို့ ဆုံကြ 😍😘” လို့ ဆိုကာ သူမနဲ့ အက်စတာရဲ့ ပုံရိပ်လေးတွေကို ဖေ့စဘွတ် စာမျက်နှာကနေ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဆုန်၂ဆုန်ရဲ့ ကြည်နူးဖွယ် ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

Source; Sung Tin