မော်တော်ယာဉ်ခိုးယူသွားသူအားပစ်ခတ်ဖမ်းဆီးအရေးယူ – Myanmar Hot News
1st June 2023

မော်တော်ယာဉ်ခိုးယူသွားသူအားပစ်ခတ်ဖမ်းဆီးအရေးယူ

၎-၉-၂၀၁၉ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာရှိ ရွှေသိမ်တော်ဘုရား၏ အရှေ့ဘက်မုခ်ပေါက်တွင် ဦးဇော်မိုးဝင်း၊ ပဲခူးမြို့နေသူသည် ရွှေသိမ်တော် ဘုရားဝင်းအတွင်း ဘုရားပုံတော်နှင့် ရွှေသင်္ကန်းများဝင်ရောက်ဝယ်ယူနေစဉ် ယာဉ်အမှတ် 9C/xxxx Pajero အမျိုးအစားယာဉ်အား စက်နှိုးပြီးရပ်ထားခဲ့ပြီး(၁၀)မိနစ်ခန့်အကြာ ကားအား အမည်မသိ အမျိုးသားတစ်ဦးမှ မောင်းနှင်ထွက်ပြေးသွားသဖြင့် ကျောက်ဆည်မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ကျောက်ဆည်မြို့မှ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင် ထွက်ပြေးသွားကြောင်းသိရှိရသဖြင့် လမ်းတစ်လျှောက်ရှိ အပိုင်မြို့နယ်ရဲစခန်းများသို့ ဆက်လက် အကြောင်းကြားခဲ့ပါသည်။

ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့၊ ရွှေတာင်နယ်မြေရဲစခန်းမှ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် သတင်းအရရဲစခန်းရှေ့မှ စောင့်ဆိုင်းနေစဉ် ၎င်းယာဉ်မှာ ရဲစခန်းရှေ့ဖြတ်သန်းလာ၍ ရပ်တန့်တားဆီးရာ ရပ်ပေးခြင်းမရှိဘဲ ၀မ်းတွင်းမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားသဖြင့် ထွက်ပြေးသွားသောယာဉ်နောက်သို့ ထပ်ချက်မကွာလိုက်လံဖမ်းဆီးခဲ့ရာ မိုင်တိုင်အမှတ် (၃၆၃/၆-၇)ကြားတွင် ကားချင်းဘေးတိုက်ယှဉ်တားသော်လည်း ရပ်ပေးခြင်းမရှိဘဲမောင်းနှင်ထွက်ပြေး၍ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရမိပြီး စစ်ဆေးရာ အဆိုပါယာဉ်အား မောင်းနှင်ထွက်ပြေးသူမှာ ပိုင်ဦးဟိန်း ၂၇ နှစ်၊ သမ၀ါယမဖွံ့ဖြိုးရေးလမ်း၊ ကျောက်ဆည်မြို့နေသူဖြစ်ကြောင်းသိရှိရပြီး ကျောက်ဆည်မြို့မ ရဲစခန်း(ပ) ၆၀၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Credit: Mandalay Police

Leave a Reply

Your email address will not be published. Required fields are marked *