ဖြစ်စဉ်မှာ စက်တင်ဘာလ (၁) ရက်နေ့ ၊ ၂၃၄၀ အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ အောင်မင်္ဂလာ (၁) ရပ်ကွက်နေ ဝေယံအောင် (၂၇)နှစ် မောင်းနှင်ပြီး သန်းထိုက်စိုး ပါ ၂ ဦးနောက်ထိုင် လိုက်ပါလာသည့် ဆိုင်ကယ် နှင့် သူငယ်ချင်း ဖြစ်သူ သက်ဇော်ထွန်း မောင်းနှင်သည့် ဆိုင်ကယ်တို့သည်အောင်မြေ သာစံမြို့နယ် ၁၉x သံလမ်း မီးပွိုင့် အား အရှေ့မှ အနောက် သို့ ဖြတ်သန်း မောင်းနှင်စဉ် လူငယ် ၃ ဦး (စိစစ်ဆဲ) မောင်းနှင် သည့် ဆိုင်ကယ်မှာ မီးနီဖြတ်၍ မောင်းနှင်လာသဖြင့်၎င်းတို့၏ ဆိုင်ကယ်အား တိုက်မည်ပြု၍ ၎င်းက “မင်းတို့ မီးပွိုင့် မကြည့်ဘူးလား၊ လမ်း စည်းကမ်း နားမလည် ဘူးလား” ဟု ပြောဆိုပြီး ဆက်လက် မောင်းနှင်ခဲ့ပါသည်။

၎င်းနောက် ဝေယံအောင် ပါ ဆိုင်ကယ် ၂ စီးသည် GLOBEL CITY ဟိုတယ် အနီးသို့ ရောက်ရှိ စဉ် လူငယ် ၃ ဦး(စိစစ်ဆဲ) မောင်းနှင်သည့် ဆိုင်ကယ်မှာ နောက်မှ လိုက်ပါလာပြီး ၎င်းတို့ အနက် ၁ ဦးက အရှည် ၁ ပေခွဲခန့် ဓားဖြင့် ခုတ်၍သက်ဇော်ထွန်း တွင် ဦးခေါင်း၊ လက်ဖျံ၊ တံတောင်ဆစ်၊ လက်သန်းပြတ်ရှ ဒဏ်ရာ (စိုးရိမ်ရ)၊သန်းထိုက်စိုး တွင် ဦးခေါင်း နောက်စေ့ ပြတ်ရှ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိ ခဲ့သဖြင့် ပတ်ဝန်းကျင်အား အော်ဟစ် အကူညီတောင်းခံစဉ် အဆိုပါလူငယ် ၃ ဦးမှာ ဝေယံအောင် ၏ ဆိုင်ကယ်အား လုယူပြီး မောင်းနှင် ထွက်ပြေး သွားခဲ့ ကြောင်း သိရှိရ သည်။
လက်နက် အသုံးပြုပြီး ပြင်းထန် ထိခိုက်ဒါဏ်ရာ ရစေကာ ပစ္စည်း လုယက်သွားသော လူငယ် ၃ ဦး (စိစစ်ဆဲ) အား အမှတ် ၁၊ အောင်မြေသာစံ နယ်မြေ ရဲစခန်း (ပ)၃၈၆/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၉၇ (အပြင်း အထန် နာကျင်စေရန် ပြုလုပ်၍ လုယက်မှု)ဖြင့် အမှုဖွင့် စုံစမ်း လျက်ရှိကြောင်း သတင်း ရရှိပါသည်။
Source ပြည်ထဲရေး