ဆိုင်ကယ် ၁၈ စီးကို တစ်ကိုယ်တော်ခိုးတဲ့ ပိုးကောင် ကိုဖမ်းမိ – Myanmar Hot News
1st April 2023

ဆိုင်ကယ် ၁၈ စီးကို တစ်ကိုယ်တော်ခိုးတဲ့ ပိုးကောင် ကိုဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက “ခိုးမှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးဆောင်ရွက် သွားရန် ညွှန်ကြားချက်အရ” ၂.၉.၂၀၁၉ ရက်နေ့ ၁၆၀၀ အချိန်တွင် မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက် သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ရဲထွဋ်ဝေ (ခ)ပိုးကောင် အား (၁၂)ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းမပေါ်တွင် Follow me-125 အမျိုးအစား အနက်ရောင် ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ ၎င်းဆိုင်ကယ်အား လှိုင်သာယာမြို့နယ် အတွင်းမှ ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေများရှေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။

ဖမ်းဆီးရမိသူ ရဲထွဋ်ဝေ(ခ)ပိုးကောင် အား အခြားခိုးမှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ အသေးစိတ် စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်လများအတွင်း လှိုင်သာယာမြို့နယ်၊ အနောက်ပိုင်းတက္ကသိုလ်အဝိုင်းအနီး လမ်းဘေးတွင်ရပ်ထားသော FEILLING-125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၁၂)ရပ်ကွက်၊ စစ်တွေလမ်းမပေါ်တွင် ရပ်ထားသော LOUJIA-110 အမျိုးအစား ဆိုင်ကယ်(၁)စီး နှင့် CANDA-125 CZI အမျိုးအစား ဆိုင်ကယ်(၁)စီး၊ ကုလားကြီးစု လမ်းဘေးတွင် ရပ်ထားသော Toyotur-125 CZI အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော် လမ်းမ ဘေးတွင် ရပ်ထားသော CANDA-125 CZI အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၃)ထိပ် ကားမှတ်တိုင်တွင် ရပ်ထားသော PINBO-125 CZI အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၁၅)ရပ်ကွက်၊ ဈေးလမ်းမဘေး ရပ်ထား သော Smash-110 အမျိုးအစား ဆိုင်ကယ်(၁)စီး နှင့် ZHINENC-125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ ဝန်ထမ်းများအိမ်ယာရှေ့(ကျူး) ဘေးရပ်ထားသော SUPER AMBO-125 CZI အမျိုးအစား ဆိုင်ကယ် (၁)စီး၊ (၂)ရပ်ကွက်၊ မီတာရုံးအနီးရပ်ထားသော JLM-125 CZI အမျိုးအစား ဆိုင်ကယ်(၁)စီး၊ ဈေးလမ်းမ ဘေး ရပ်ထားသော AIMO-125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၁၄)ရပ်ကွက် အဆောင် တစ်ဆောင်ရှေ့ မှ KAYKA-125 CZI အမျိုးအစား ဆိုင်ကယ်(၁)စီး၊ စက်မှုဇုန်(၁)၊ တပ်ထိပ်မှတ်တိုင်အနီး ရပ်ထားသော WAVE-125 အမျိုးအစား ဆိုင်ကယ်(၁)စီး၊ (၆)ရပ်ကွက်၊ ကျန်စစ်သားဈေး လမ်းဘေး ရပ်ထားသော CANDA-125 CZI အမျိုးအစား ဆိုင်ကယ်(၁)စီး နှင့် ကျန်စစ်သားအိမ်ယာဝန်းအတွင်း ရပ်ထားသော FLYMO125 CZI အမျိုးအစား ဆိုင်ကယ်(၁)စီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးလေးကျေးရွာ၊ ဈေးလမ်းဘေး ရပ်ထားသော JLM-125 CZI အမျိုးအစား ဆိုင်ကယ်(၁)စီး နှင့် ရခိုင်ရိုးလေးအုပ်စု၊ နင်းကြမ်းကျေးရွာ၊ ဘိလိယက်ခုံရှေ့ ရပ်ထားသော MOLISA-125 CZI အမျိုးစား ဆိုင်ကယ်(၁)စီး၊ စုစုပေါင်း ဆိုင်ကယ် (၁၈)စီး ခိုးယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်များအား ပြန်လည်သိမ်းရရှိပြီး ဖြစ်၍ ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ စုံစမ်းနိုင်ကြောင်း နှင့် ခိုးမှုကျူးလွန်သူ ရဲထွဋ်ဝေ(ခ)ပိုးကောင် အား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: Yangon Police

Leave a Reply

Your email address will not be published. Required fields are marked *