ထိုင်းမြန်မာနယ်စပ် မဲဆိုင် မြို့ က နေ ဘန်ကောက်ကိုထွက်ခွာလာတဲ့ခ၇ီးသည်တင်ယာဉ်ရဲ့  ကုန်သိုလ်လှောင်ခန်းက ခရီးဆောင်အိပ်တစ်လုံးအတွင်းမှာ ရာဘ စိတ်ကြွဆေး ၂၀၀၀၀၀ နီးပါး ကို ပုန်ငန် စစ်ဆေးရေးဂိတ်က ရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်။

၉၉၉ တဆိပ် စိတ်ကြွဆေးပြား( 198,000 ) ၁၉၈၀၀၀ ထည့်လာတဲ့ အိပ်ပိုင်ရှင်ဟာ မယ်ဆိုင်မြို့ နယ်အတွင်းက ဒုစခန်းမှူး အဆင့်ရှိ နိုင် ဆူရကျစ် အသက်(၃၅)နှစ်ဖြစ်ပါတယ်။

တရားခံ ရဲအရာရှိဟာ ခ၇ီးသယ်တင်ကားနဲ့  အတူ လိုက်ပါလာခဲ့ပြီး သူ့ ရဲ့ ခရီးဆောင်အိပ်ကို စစ်ဆေးရေးတွေက ရှာဖွေနေချိန်မှာ ကားပေါ်ကနေဆင်းပြီး ထွက်ပြေးတိမလ်ရှောင်ခဲ့ပေမယ့် ပြေးမလွှတ်ခဲ့ဘဲ ရဲတပ်ဖွဲ့  ၀င်တွေက လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။

ယခုရက်ပိုင်းအတွင်း ထိုင်းမြန်မာနယ်စပ် ခရီးသွားယာဉ်တွေပေါ်မှာ မြန်မာနဲ့  ထိုင်းနိုင်ငံသားတွေကို စိတ်ကြွဆေးပြားတွေနဲ့  ဆက်တိုက်ဖမ်းဆီးမိနေတာကြောင့် နယ်စပ်စစ်ဆေးရေးဂိတ်တွေ တိုးမြင့်ချထားတာတွေ့ ရပြီး ခ၇ီးသွားလာနေကြတဲ့ အထူးသဖြင့် မြန်မာနိုင်ငံသားတွေကို အသေးစိတ်ရှာဖွေမှုတွေ လုပ်ဆောင်နေတာတွေ့ ရပါတယ်။

ှSource: SAW