အစစ်နဲ့  ခွဲမရအောင် တူနေသည့် ဒေါ်လာအတု များ လိုက်လဲနေသည့် ဂိုဏ်းအား ထိုင်း လာအိုနယ်စပ်မြို့  တွင် ဖမ်းမိ – Myanmar Hot News
30th May 2023

အစစ်နဲ့  ခွဲမရအောင် တူနေသည့် ဒေါ်လာအတု များ လိုက်လဲနေသည့် ဂိုဏ်းအား ထိုင်း လာအိုနယ်စပ်မြို့  တွင် ဖမ်းမိ

ထိုင်းနိုင်ငံ နဲ့  အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ လာအို-မြန်မာ နယ်စပ်တွေမှာ ဒေါ်လာအတုတွေ လိုက်လဲနေတဲ့ ဂိုဏ်းကို ထိုင်း-လာအို နယ်စပ် နောင်ခိုင်မြို့  ဟော်တည်မှာ ဖမ်းမိသွားကြောင်း ထိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။


ငွေတုဂိုဏ်းဝင် ထိုင်းနိုင်ငံသား ခြောက်ဦး ဟာ(အမျိုးသမီးသုံးဦး အမျိုးသားသုံးဦး) အစစ်နဲ့  ခွဲမရအောင် တူနေတဲ့ ဒေါ်လာအတုတွေကို လာအိုနဲ့  ထိစပ်နေတဲ့ နောင်ခိုင်မြို့ က ငွေလဲ ကောင်တာ နေရာတွေမှာ ဒေါ်လာ ၁၀၀ တန် အရွတ်ရေ ၄၄၇ ရွတ် (ဘတ်ငွေ တန်ဘိုး ဘတ်ငွေ 1,449,126 (၁,၄၄၉,၁၂၆ ) ကိုလဲပြီးသွားပြီဖြစ်ပါတယ်။


တွေတုလဲ ဂိုဏ်းဟာ ဒေါ်လာ ၁၀၀ တန်အတုတွေကို လာအိုနိုင်ငံသူ တစ်ဦးထံကနေ ၀ယ်ယူခဲ့တာလို့  ၀န်ခံချက်ပေးခဲ့ပါတယ်။
ငွေတုလဲအဖွဲ့ ဟာ နယ်စပ်မြို့ တွေ က ဟော်တ.ယ်တွေမှာတည်းခိုပြီး ဒီဒေါ်လာအတုတွေကို အမျိုးသမီးတွေက လိုက်လဲကြပါတယ်၊ ရလာတဲ့ ထိုင်းဘတ်ငွေတွေကို ခွဲယူနေကြတာပါ။

နောင်ခိုင်မြို့  က Chang Thai နိုင်ငံခြား ငွေလဲ ဌာန ပိုင်ရှင် နိုင်ဝါရ၀ုနာဆာရိကော် ပြောတာကတော့ ယခု လဲသွားတဲ့ ဒေါ်လာအတုတွေဟာ
အစစ်နဲ့  ညီနောင်လို့  ထင်ရအောင်တူနေပါတယ်၊ ပွတ်ကြည့် အနီးအောက်ရောင်ခြည် စက်နဲ့  စစ်ကြည့် ရေစာ ထောင်ကြည့် မယ်ဆိုရင် အစစ်အတိုင်းပါဘဲ ဘဏ်ကြီးတွေက ခေတ်မှီစစ်ဆေးရေး စက်တွေနဲ့  စစ်မှ အတုမှန်း သိနိုင်အောင် လုပ်ထားကြတာလို့  သိရပါတယ်။။

SAW

Leave a Reply

Your email address will not be published. Required fields are marked *