လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ ဂျပန်နိုင်ငံသူ ဈေးချိုမှာ နေ့ ခင်းကြောင်တောင် လုယက်ခံရ – Myanmar Hot News
1st June 2023

လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ ဂျပန်နိုင်ငံသူ ဈေးချိုမှာ နေ့ ခင်းကြောင်တောင် လုယက်ခံရ

လူမှုရေးပရဟိတလုပ်ငန်းများ မြန်မာပြည်မှာလာရောက်လုပ်ကိုင်နေသော ဂျပန်နိုင်ငံသူတစ်ဦးသည် မန်းတလေး ဈေးချိုတွင် နေ့ ခင်းပိုင်း လူစည်ကားနေတဲ့အချိန်မှာပင် လုယက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့် မှာ အဆိုပါအမျိုးသမီးသည် အခြား ဂျပန်နိုင်ငံသူနှစ်ဦး၊ လမ်းညွှန်တစ်ဦးနှင့်အတူ လမ်းလျှောက်နေစဉ် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးက ဂျပန်အမျိုးသမီး၏ ဖုန်းကို လုယူခဲ့ပါတယ်။

ဂျပန်အမျိုးသမီးက ဖုန်းကိုပြန်လည်ဆွဲယူရာ ဖုန်းကို ပြန်လည်ရရှိခဲ့ပါတယ်။ သို့ ပေမယ့် လုယက်ခံရသူက ဆိုင်ကယ်မောင်းထွက်သွားပြီးမှ ပြန်လှည့်လာပြီး ထပ်မံလုယူမှုဖြစ်ခဲ့ပါတယ်။ အခြားအဖော်များက အော်ဟစ်အကူအညီတောင်းသဖြင့် အနီးအနားရှိ လုံခြုံရေးများသိရှိသွားပြီး လုယူမှုမှ ကာကွယ်နိုင်ခဲ့ပါတယ်။

စစချင်းလုယူခံရစဉ်နှင့် လုယက်သူနှင့် ဂျပန်အမျိုးသမီး လုံးထွေးလဲကျနေစဉ် အနီးအနားဝန်းကျင်ရှိလူများက အကူအညီမပေးကြောင်း ဧည့်လမ်းညွှန်အသင်းထံ ပေးပို့သော စာတွင် ဖော်ပြထား သည်။

‘‘သူတို့က ကျွန်တော်တို့ဆီ စာပို့ပြောပြတယ်။ သူတို့ ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတဲ့ အခါမှာလည်း ရဲစခန်းက တိုင်ချက်လာဖွင့်ခိုင်းတော့ သူတို့က မသွားနိုင်ဘူးလေ။ ကျွန်တော်တို့လည်း ဘာလုပ်ပေးရမလဲကို မသိဘူး။ နဂိုကလည်း ပုံရိပ်ကောင်းကောင်းမရှိတော့ ပိုဆိုးတာပေါ့။ နောက်ပြီး သူတို့က ရိုးရိုးခရီးသွား မဟုတ် ဘူး။ လာအကူအညီပေးနေတဲ့ သူတွေလေ’’ ဟု ဦးဝင်းဇော်ဦးက ပြောသည်။

အဆိုပါ ဂျပန်အမျိုးသမီးသည် စစ်ကိုင်းမြို့ ဝါးချက်ဆေးရုံအတွက် ပရဟိတ၀င်ရောက်လုပ်ကိုင်နေဲ့ သူနာပြုဆရာမဖြစ်ပါသည်။

ယင်းဖြစ်စဉ်တွင် ဂျပန်နိုင်ငံသူတစ်ဦးသည် ပွန်းပဲ့ဒဏ်ရာများ ရရှိပြီး ဧည့်လမ်းညွှန်အမျိုးသမီး လည်း ထိတ်လန့်၍ ဆေးကုသမှု ခံယူနေရကြောင်း ဦးဝင်းဇော်ဦး က ပြောသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကမ္ဘာလှည့် ခရီးသွား ရဲတပ်ဖွဲ့ (မန္တလေး)သို့ တိုင်ကြားထားမှုမရှိ ကြောင်း အဆိုပါရဲတပ်ဖွဲ့မှ ရဲအုပ်သိန်းထွန်းကျော်က ပြောကြားသည်။

ကိုးကား: 7 Days News

Leave a Reply

Your email address will not be published. Required fields are marked *