ထိုင်းနိုင်ငံ ဘန်ကောက်မြို့  Talat Phlu ဈေးအနီးက ကွန်ဒို တိုက်ခန်း
အောက်က ဧည့်ခန်းဆောင်မှာ စက်တင်ဘာလ ၁၇ ရက်နေ့  မနက်က
သေဆုံးနေတဲ့ လာလာဘလ် လို့  လူသိများတဲ့ ဖက်ရှင်မယ် ကစ်တီမာ အသက် (၂၅ )နှစ် Thitima Noraphanphiph ရဲ့ ဖြစ်ရပ်ကို သတင်းတိုင်းမှာ ဖေါ်ပြနေတာတွေ့ ရပြီး ထိုင်းနိုင်ငံသားတွေ စိတ်ဝင်စားဆုံး
ထိပ်တန်း သတင်းဖြစ်ပါတယ်။

သူမသေဆုံးမှုမှာ(သတိမေ့ လွန်ကာ နှလုံး ခုံရပ်သေဆုံး) သံသယ ရဖြစ်စရာက စက်တင်ဘာ ၁၆ရက်နေ့ ညပါတီပွဲမှာ ဆေးခတ်ခံခဲ့ရတာလို့ သူမရဲ့  မိသားစုဝင်တွေက ယုံကြည်နေကြပါတယ်။ ပါတီပွဲတစ်ခုကနေ သူမကို နောက်ဆုံးခေါ်သွားတဲ့ နိုင်ရချဒက် အသက် ၂၅ နှစ်(အနီရောင်အနွေးထည် ၀တ်ထားသူပုံ) ဟာ သေဆုံးသူ ဖက်၇ှင်မယ် သောက်တဲ့အရက်ခွက်မှာ ဆေးခတ်တိုက်ခဲ့တယ်၊ ဖက်ရှင်မယ် သတိလစ်သွားတဲ့ အချိန်မှာ သူမကို ကားနဲ့  တင်ခေါ်သွားခဲ့တာလို့  သူမရဲ့ မိသားစုဝင်တွေက အခိုင်အမာပြောဆိုနေပြီး အလောင်းကို မီးမသကြိုသေးဘဲ ဆေး စစ်ချက် မှတ်တမ်း ထွက်လာတဲ့ အထိ စောင့်နေကြမယ်လို့  သိရပါတယ်။
ဖက်ရှင်မယ်ကို နောက်ဆုံးခေါ်သွားတဲ့ တရားခံလို့  သံသယ ရှိနေသူ အမျိုးသား ဟာ သူမအမူးလွန်ပြီး သေဆုံးရတာပါ၊ အတူအိပ်ကြဘို့  ခေါ်သွားတာမှန်ပါတယ်၊( ရဲစခန်းမှာထွက်ဆိုချက်အရ သူမအတွင်းခံလှန်ကြည့်တာကလွဲပြီး လိင်မဆက်ဆံခြင်းမရှိခဲ့ဟု ထွက်ဆို) ဒါပေမယ့် သူမအမူးလွန်ပြီး အိပ်ပျော်နေလို့ 
အ၀တ်အစားတွေလဲပေးတာကလွဲရင် လိင်ဆက်တာမရှိဘူးလို့  ငြင်းဆိုထားတာလည်း တွေ့ ရပါတယ်။

သေဆုံးသူဖက်ရှင်မယ် ရဲ့  အမျိုးသားနဲ့  မိသားစုတွေက သူမဖုန်းပိတ်ထားလို့ 
အွန်လိုင်းကနေ လိုက်ရှာနေကြရင်း မနက်ငါးနာရီမှာ သူမကို ပွေ့ ခေါ်လာတဲ့ အမျိုးသားနောက်ဆုံး တင်ထားတဲ့ သူမ သတိလစ်နေတဲ့ ရုပ်သံဖိုင်တွေ ကို တွေ့ သွားပြီး သူမရှိတဲ့နေရာကို သိသွားခဲ့ကြပါတယ်။

မိသားစုကလာခေါ်မယ်လို့  လိုင်းပေါ် ကနေ အကြောင်းကြားခဲ့တော့
အမျိုးသားဟာ သေဆုံးနေပြီဖြစ်တဲ့ ဖက်ရှက်မယ်ကို ကွန်ဒိုအောက်ထပ်ကို ပွေချီသယ်လာပြီး ချထားပေးခဲ့တာပါ။
ခုလိုလုပ်ရတာဟာ ဖက်ရှင်မယ်ရဲ့  အမျိုးတွေက သူ့ ကိုဝိုင်းရိုက်ကြမှာစိုးရမ်လို့ ပါလို့ ရဲစခန်းမှာ ထွက်ဆိုခဲ့ပြီး သေဆုံးနေတာကို မသိရပါဘူးလို့ 
ဆိုပါတယ်။
သံသယ တရားခံ အတွက် အချိန်ကြာကြာ ဘူးကွယ်နေလို့ ရတော့မှာ မဟုတ်တော့ပါဘူး ကနဦး ဆေးစစ်ချက်တွေမှာ သေဆုံးသူ ဖက်ရှင်မယ်ရဲ့  သားအိမ်လမ်းကြောင်းမှာ ဓါတုအရည်တွေပြီ (ကွန်ဒုံး အဆီ) လို့  သိရပါတယ်။ သူ့ အကြောင်းသိသူတွေကတော့ သံသယ ရှိနေသူ အမျိုးသားဟာ ခုလို ပါတီပွဲမှာ မိန်းကလေးတွေကို အကြိမ်ကြိမ်ဆေးခတ်ပြီး အတူအိပ်နေခဲ့သူဖြစ်တယ်လို့  သိရပါတယ်။
သေဆုံးသူ ဖက်ရှင်မယ် လာလာဘလ်ဟာ Maxim Girl Contest in 2017 ၂၀၁၇ ခုနှစ် ဖက်၇ှင်အက ဆုရထားသူဖြစ်ပြီး ကလေးတစ်ယောက် မိခင်ဖြစ်ပါတယ်။
SAW