National

ထိုင်းမြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသား (၇၀) အဖမ်းခံရ

Sept 3,2019ဒီကနေ့ နံနက်အစောပိုင်းက ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့  ဟွေ့ မောင်းကျေးရွာ ထစိုင်လွတ်ရပ်ကွက်အတွင်းကို အမှတ် ၁၄ စစ်တပ်နဲ့  ရဲ တပ်ဖွဲ့ အင်းအား ၇၀ကျော်ဟာ မြန်မာနိုင်ငံသားတွေ အများဆုံးခိုအောင်နေထိုင်နေတဲ့ နေအိမ်တွေကိုဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ မိုးတွေရွာနေတဲ့ကြားက မူးယစ် နဲ့  လူကုန်ကူးတားဆီးရေးအတွက် ခုလိုဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ရာမှာ တရားမ၀င်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားအများစုဟာ ခြုံတောတွေအတွင်း ၀င်ရောက်ထွက်ပြေးခဲ့ကြပေမယ့် အားလုံးကို ထိုင်းစစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးနိုင်ခဲ့ကြပါတယ်။ ဖမ်ဆီးခံရ တဲ့ အမျိုးသား အမျိုးသမီး (၇၀)ဟာ မြန်မာနိုင်ငံ မြ၀တီမြို့ ကနေ ၀င်ရောက်ခဲ့ပြီး အထောက်အထားမရှိ ဘဲ ထိုင်းနိုင်ငံထဲမှာဆက်လက်နေထိုင်နေကြတာလို့  သိရပါတယ်။ ဒါအပြင် မြန်မာနိုင်ငံသားတွေ တ၇ားမ၀င်နေထိုင်နေတဲ့ နေအိမ်တွေကိုလည်း အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ရာမှာ မူးယစ်ဆေးဝါးနဲ […]

National

လိပ်ကျွန်းသေဒဏ်ချခံထားရတဲ့ ဝင်းဇော် နဲ့ ဇော်လင်းတို့ အတွက်ဒီနေ့သတင်း

ယနေ့ ၄.၉.၂၀၁၉ တွင် လိပ်ကျွန်းအမှုရှေ့နေကြီး မစ္စတာနခေါ် ချုမ်ဖူချာ့ ၊ မစ္စနတ်ထာစီရီနှင့် ဘာသာပြန် မအေးမာချိုတို့ဟာ ဝင်းနဲ့ဇော်တို့ကို ထောင်ဝင်စာတွေ့ဆုံပြီး အမှုအတွက် ဆွေးနွေးခဲ့ပါတယ်။ ဝင်းနဲ့ဇော်ကတော့ ဘုရင့်ဆီအသနားခံသာတင်ဖို့ကိစ္စ ရှေ့နေကြီးများစီမံဆောင်ရွက်ပေးဖို့ လွှဲအပ်ပါတယ်။ ယခုအချိန်မှာ မိခင်များနဲ့ တွေ့ဆုံလိုနေကြပြီး ရှေ့နေကြီးကလည်း မိခင်များလာရောက်ရန် ကိုကျော်အေးမောင်မှတဆင့် စီမံဆောင်ရွက်ပေးနေကြောင်း၊ အသနားခံစာတင်ချိန်တွင် မိခင်ကြီးများနဲ့အတူ တင်ရမှာဖြစ်ကြောင်း ပြောပြရှင်းလင်းပါတယ်။ အဲ့ဒီနောက် ဝင်းနဲ့ဇော်တို့အတွက် သုံးစွဲရန်ငွေများနဲ့ အစားအစာများကို ထောင်အာဏာပိုင်မှတဆင့် ပေးအပ်ခဲ့ပါတယ်။ ရှေ့ဆက်လုပ်ငန်းစဉ်အတွက် ရှေ့နေကြီးများဟာ သန်ဘက်ခါမှာ အစည်းအဝေးပြုလုပ်ပြီး အစီအစဉ်ရေးဆွဲမယ်လို့ သိရပါတယ်။ ယမန်နေ့ကလည်း မြန်မာပြည်မှ ပုဂ္ဂိုလ်ကြီးများ ထောင်ဝင်စာလာတွေ့ကြောင်း ကူညီပေးနေကြောင်း အားပေးစကားပြောသွားတယ်လို့ ဝင်းနဲ့ဇော်က ပြောပါတယ်။(ဝင်းနဲ့ဇော်က အဆိုပါပုဂ္ဂိုလ်ကြီးများဟာ မည်သူမည်ဝါဖြစ်တယ်လို့ သေချာမသိကြပါဘူး၊ ဖြစ်နိုင်ချေက တပ်မတော်မှ အကြီးအကဲများလို့ […]

Crime news

ကိုရီးယားနိုင်ငံသူကို ရိုက်နှက်ပြီး ငွေလုယူသူ ဖမ်းဆီးရမိ

၂.၉.၂၀၁၉ ရက်နေ့ ၀၉၃၀ အချိန်တွင် တရားလို ဒေါ်—-သည် မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တွင် ရှိနေစဉ် ဒဂုံမြောက်မြို့နယ်၊ (၄၈)ရပ်ကွက်၊ ဗိုလ်မှူးဗထူးတန်ဖိုးမျှအိမ်ရာ၊ တိုက်(A-1)၊ အခန်း(၅၀၁)တွင် တစ်ဦးတည်းနေထိုင်သော ယောက္ခမဖြစ်သူ Mrs. Kim Min Sook(ကိုရီးယားနိုင်ငံသူ) ကို Air Con လာရောက်ပြုပြင်ပေးသူမှ တွန်းလှဲပြီး ဂေါက်တံဖြင့်ရိုက်ကာ ဖုန်း၊ ငွေနှင့် ရွှေထည်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း(၃၀၀)ခန့်အား လုယူသွားကြောင်း၊ Mrs. Kim Min Sook တွင် ဒဏ်ရာများ ရရှိ၍ မြောက်ဥက္ကလာပဆေးရုံတွင် ရောက်ရှိနေကြောင်း ဗိုလ်မှူးဗထူးတန်ဖိုးမျှအိမ်ရာသာယာရေး ကော်မတီအဖွဲ့ဝင် ကိုဇော်မင်းနိုင်မှ ဖုန်းဆက် အကြောင်းကြားသဖြင့် Mrs. Kim Min Sook ကို ဒဏ်ရာ များရရှိအောင်ပြုလုပ်၍ ပစ္စည်းများယူဆောင်သွားသူအား […]

National

ကားသူခိုးကို ရုပ်ရှင်ဆန်ဆန်ဖမ်းခဲ့တဲ့ မြန်မာပြည်သူ့ ရဲတွေ

ဒီတစ်ခါတော့ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့နဲ့ ယာဉ်ထိန်းအဖွဲ့ကိုအသိအမှတ်ပြုရပါ့မယ် ။ကျောက်ဆည်ကခိုးလာတဲ့PAJERO ကားကို Probox နဲ့အမှီလိုက်နေတာ နိုင်ငံခြားကားကြည့်နေရသလို ဘေးကနေဖြတ်မောင်းသွားတာ ကြည့်လိုက်ရတယ်။ Proboxကားပေါ်ကနေသေနပ် ၁၀ချက်လောက် ကားဘီးကိုပစ်ပြီးဖမ်းလိုက်ရတယ်။ဘုရားစုရွာထိပ်မှာမိတယ်။ Credit: Soe Min

Cele News Entertainment

မကြာခင် ထုတ်လွှင့်ပြသတော့မယ့် မြန်အိုင်ဒေါ Season 4 မှာ ပါဝင်မယ့် ဒိုင်လူကြီးများ စာရင်း

မြန်မာပရိသတ်တွေ အကြားမှာ အောင်မြင်ခဲ့တဲ့ TV အစီအစဉ်တွေထဲကတစ်ခုဖြစ်တဲ့ Myanmar Idol အစီအစဉ်ဟာဆိုရင် Season 4 အဖြစ်မကြာခင်မှာပရိသတ်အကြားကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အစီအစဉ်ရဲ့ Season အလိုက်မှာ အများစိတ်ဝင်စားအောင် ဒိုင်များကို ပြောင်းလဲပါဝင်စေခဲ့သလိုယခု Season 4 မှာလည်း ဘယ်သူတွေကို ဒိုင်းအဖြစ် ဆောင်ရွက်စေမယ်ဆိုတာဟာ ပရိသတ်ကြီးနဲ့တကွ ပြိုင်ပွဲဝင်မယ့် အဆိုရှင်တွေက အထူးပဲ စိတ်ဝင်စား နေခဲ့တာဖြစ်ပါတယ်။ အခုတော့ ဒီစိတ်ဝင်စားမှုကြီးအတွက် တိကျတဲ့ အဖြေတစ်ခု ထွက်ပေါ်လာပါပြီ။ ဒါကတော့ Season 4 ရဲ့ ဒိုင်လူကြီးများစာရင်းကို ထုတ်ပြန်ပေးလိုက်တာ ကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်သူတွေ ဒိုင်ဖြစ်ပြီး ဘယ်သူက တင်ဆက်မှာလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်။ Season 4 ရဲ့ ဒိုင်တွေကတော့ (၁) ပရိုဂျူဆာ၊ ဒါရိုက်တာ၊ […]

Cele News

MRTV 4 မင်းသမီးလေး နေခြည်ရွှန်းလဲ့ အကြောင်း

MRTV 4 ဇာတ်လမ်းတွဲအားပေးတဲ့ပရိတ်သတ်တွေရဲ့အသည်းစွဲ မင်းသမီးလေး နေခြည်ရွှန်းလဲ့ဟာ ပုဂံမြို့ သူဇာတ်ကားကနေစပြီး အနုပညာလောကထဲ စတင်ဝင်ရောက်လာတဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ပရိတ်သတ်တွေ အရမ်းကိုကျေနပ်အားရခဲ့တဲ့ မျက်လုံးမှာအလွမ်း၊နှုတ်ခမ်းမှာမာန ဇာတ်ကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အခုအောက်မှာဖော်ပြပေးမယ့်အချက်တွေကတော့ နေခြည်ရွှန်းလဲ့ရဲ့ အကြောင်းအရာအချို့ ပဲဖြစ်ပါတယ်။ သူ့ ရဲ့နာမည်အရင်းကလည်း နေခြည်ရွှန်းလဲ့ပဲဖြစ်ပါတယ်။ အနုပညာနာမည် သပ်သပ်မရှိပါဘူး။ မောင်လေးတစ်ယောက်ရှိပြီး နေခြည်ရဲ့မိဘနှစ်ပါးနဲ့ အတူတူ မိသားစုလေးယောက် ချစ်ချစ်ခင်ခင်နေထိုင်ကြပါတယ်တဲ့။ (ယောင်းမတော်ချင်တဲ့တွေ ရှိလား) မွေးနေ့ ကတော့ နိုဝင်ဘာလ ၁၃ ရက်ဖြစ်ပြီးမွေးသက္ကရာဇ်ကိုတော့ ကိုယ်တိုင်သာ စုံစမ်းကြပါနော်။ သူ့ ရဲ့ IDOL ကတော့ ကိုနေတိုးပါတဲ့။ အကြိုက်ဆုံးအရောင်က အစိမ်းရောင်ဖြစ်ပြီး အကြိုက်ဆုံးအစားအစာက ပင်လယ်စာတဲ့။ သူကြောက်တတ်တဲ့အကောင်လေးတွေလည်းရှိပါတယ်။ အိမ်မြှောင်၊မြွေနဲ့ တီကောင်ကို အရမ်းကြောက်ပါတယ်တဲ့။ အဲ့…ခွေးလေးတွေကိုတော့ ချစ်တတ်ပါတယ်။ ပညာအရည်အချင်းကတော့ အမျိုးသားယဉ်​ကျေးမှုအနုပညာတက္ကသိုလ်​တတိယနှစ်​(သရုပ်​ဆောင်​ပညာရပ်​အထူးပြု) […]

Cele News

MRTV 4 မင်းသမီးလေးတွေထဲက ပရိတ်သတ်အများဆုံးမင်းသမီး ၇ ဦး

2019 July ပထမပတ်တုန်းက lawka-ahla.com website မှာ voting စနစ်နဲ့ ကောက်ထားတဲ့ ထဲက ရလာတဲ့အဖြေပေါ်မူတည်ပြီး ရွေးထုတ်ထားတာဖြစ်ပါတယ်။ နံပါတ် (၇) သံသာမိုးသိမ့် နံပါတ် (၆) နန်းစန္ဒာလှထွန်း နံပါတ် (၅) ၀င့်ယမုံနိုင် နံပါတ် (၄) ပိုးကြာဖြူခင် နံပါတ် (၃) ခြူးလေး နံပါတ် (၂) မေမြင့်မိုရ် နံပါတ် (၁) နေခြည်ရွှန်းလဲ့ အောက်မှာ voting list ကိုပြထားပါတယ်။ ပရိတ်သတ်အခြင်းခြင်း ရန်တိုက်ပေးခြင်းမဟုတ်ပါ။ အချိန်ကာလပေါ်မူတည်ပြီးလည်း ပြောင်းလဲနိုင်ပါတယ်။ အခု voting လုပ်ခဲ့တဲ့အချိန်ကလည်း ဇူလိုင်လထဲမှာလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အားလုံး Peace နော်။

National

ကျောင်းအထွေထွေလုပ်သားအဖြစ် ဆက်လုပ်သွားမည်ဟု ကျပ်သိန်း ၁၅၀၀၀ ဆုရှင်ပြော

၇ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်း ၁၅၀၀၀ အထူးဆုကို မွန်ပြည်နယ်။ မော်လမြိုင်မြို့က ကျောင်းအထွေထွေလုပ်သား တဦးက ဆွတ်ခူးရရှိသွားပါတယ်။ကျပ်သိန်း ၁၅၀၀၀ ဆု ဆွတ်ခူးခဲ့တဲ့ ကိုကျော်မျိုးဝင်းဟာ မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲမှာ တာဝန်ထမ်းဆောင်နေရင်း ဆိုင်ကယ်တက္ကစီ မောင်းတဲ့ အလုပ်ကိုလုပ်ကိုင်နေသူပါ။ ကိုကျော်မျိုးဝင်းဟာ အခုလထွက်မယ့် အောင်ဘာလေထီကို မော်လမြိုင်မြို့နယ် ပညာရေးမှူးရုံး စာရေးမတဦးဆီကနေ ထိုးခဲ့တာ ဖြစ်ပြီး အရင်ကလည်း မကြာခဏ ဆိုသလို ၅ သောင်းဆုတွေပေါက်ဖူးပါတယ်။ ကိုကျော်မျိုးဝင်းမှာ သားသမီး သုံး ဦး ရှိပြီး သူတာဝန်ကျရာ ကျောင်းမှာပဲစာသင်ကြားနေကြတာပါ၊ သူရဲ့ အမျိုးသမီးကတော့ စကားမပြောတတ်တဲ့ မသန်းစွမ်းသူတဦးဖြစ်ပါတယ်။အခုအခါ ထီပေါက်သွားပေမယ့် ဒီကျောင်းမှာ ဆက်လက် တာဝန်ထမ်းဆောင်သွားဖို့ နဲ့ဆိုင်ကယ်တက္ကစီမောင်းတဲ့ အလုပ်ကို ဆက်လုပ်သွားမယ်လို့ ကိုကျော်မျိုးဝင်း(ခ) […]

Economy National

ရန်ကုန်မြို့တွင်း ကားဖြင့်လှည့်လည် ဈေးရောင်းချသူများကို စစ်ဆေးအရေးယူမည်

ရန်ကုန်မြို့တွင်းမှာ ကားနဲ့လှည့်လည် ဈေးရောင်းချနေသူတွေကို စစ်ဆေး အရေးယူသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်က ပြောပါတယ်။စည်ပင်က ခွင့်ပြုချက်မရှိဘဲ ယာဉ်တမျိုးမျိုးကို အသုံးပြုပြီး ထီလက်မှတ်၊ သို့မဟုတ် တခြား ကုန်ပစ္စည်းတမျိုးမျိုးကို ဈေးရောင်းချမယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်ရယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချနေတာကို စစ်ဆေးတွေ့ရှိမယ် ဆိုရင်တော့ စည်ပင်သာယာဥပဒေအရ ပထမအကြိမ် ငွေဒဏ် ကျပ် ၁ သောင်းကနေ ကျပ် ၁ သိန်းအထိနဲ့ ဆက်လက် ရောင်းချနေမယ် ဆိုရင်တော့ ထောင်ဒဏ် ၁ လ အထိ ကျခံရမှာ ဖြစ်တယ်လို့ စက်တင်ဘာလ ၂ ရက်က ကျင်းပတဲ့ စည်ပင်ရဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ ကားနဲ့ ဈေးရောင်းခွင့် ရရှိတဲ့သူတွေအနေနဲ့လည်း မြို့တွင်း ၆ […]