Crime news

မော်တော်ယာဉ်ခိုးယူသွားသူအားပစ်ခတ်ဖမ်းဆီးအရေးယူ

၎-၉-၂၀၁၉ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာရှိ ရွှေသိမ်တော်ဘုရား၏ အရှေ့ဘက်မုခ်ပေါက်တွင် ဦးဇော်မိုးဝင်း၊ ပဲခူးမြို့နေသူသည် ရွှေသိမ်တော် ဘုရားဝင်းအတွင်း ဘုရားပုံတော်နှင့် ရွှေသင်္ကန်းများဝင်ရောက်ဝယ်ယူနေစဉ် ယာဉ်အမှတ် 9C/xxxx Pajero အမျိုးအစားယာဉ်အား စက်နှိုးပြီးရပ်ထားခဲ့ပြီး(၁၀)မိနစ်ခန့်အကြာ ကားအား အမည်မသိ အမျိုးသားတစ်ဦးမှ မောင်းနှင်ထွက်ပြေးသွားသဖြင့် ကျောက်ဆည်မြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ကျောက်ဆည်မြို့မှ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင် ထွက်ပြေးသွားကြောင်းသိရှိရသဖြင့် လမ်းတစ်လျှောက်ရှိ အပိုင်မြို့နယ်ရဲစခန်းများသို့ ဆက်လက် အကြောင်းကြားခဲ့ပါသည်။ ၀မ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့၊ ရွှေတာင်နယ်မြေရဲစခန်းမှ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များသည် သတင်းအရရဲစခန်းရှေ့မှ စောင့်ဆိုင်းနေစဉ် ၎င်းယာဉ်မှာ ရဲစခန်းရှေ့ဖြတ်သန်းလာ၍ ရပ်တန့်တားဆီးရာ ရပ်ပေးခြင်းမရှိဘဲ ၀မ်းတွင်းမြို့ဘက်သို့ ဆက်လက်မောင်းနှင်သွားသဖြင့် ထွက်ပြေးသွားသောယာဉ်နောက်သို့ ထပ်ချက်မကွာလိုက်လံဖမ်းဆီးခဲ့ရာ မိုင်တိုင်အမှတ် (၃၆၃/၆-၇)ကြားတွင် ကားချင်းဘေးတိုက်ယှဉ်တားသော်လည်း ရပ်ပေးခြင်းမရှိဘဲမောင်းနှင်ထွက်ပြေး၍ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးရမိပြီး စစ်ဆေးရာ […]

Cele News

ဝေဠုကျော်အမှု နောက်တစ်ပတ်မှာ ထူးခြားမှု ရှိနိုင်ကြောင်း တရားလို ရှေ့နေပြော

ဒီနေ့ရုံးချိန်းကိုတော့ သရုပ်ဆောင် ဝေဠုကျော်နဲ့ သင်းသင်းတို့ တက်ရောက်ခဲ့ပါတယ်။ ဝေဠုကျော်ရဲ့ အမှုကတော့ နောက်တစ်ပတ်မှာ ထူးခြားမှု ရှိနိုင်တယ်လို့ သင်းသင်းရဲ့ ရှေ့နေ ရောဘတ်ဆန်းအောင်က ဆိုပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇) နဲ့ တရားစွဲဆိုခံထားရတဲ့ ဝေဠုကျော်က ဒီနေ့ (စက်တင်ဘာ၅ရက်)က ရုံးချိန်းကို တက်ရောက်လာခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းမှာတော့ တရားလိုဘက်က ဖုန်းမှတ်များကို သက်သေခံအဖြစ် တင်ခဲ့ပေမယ့် တရားခံဘက်က ကန့်ကွက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ တရားခံနဲ့ တရားလို ပြောထားတဲ့ အသံဖိုင်မှတ်တမ်းများက အရေးကြီးလို့ ရုံးတော်သို့ တင်သွင်းခဲ့တာဖြစ်ပေမယ့် ရုံးတော်က ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ မသိသေးဘူးလို့ တရားလိုရဲ့ ရှေ့နေ ရောဘတ်ဆန်းအောင်က ဆိုပါတယ်။ “ဒီနေ့ လျှောက်လဲချက်က စာနဲ့ပဲ တင်လိုက်တယ်။ သက်သေခံ ဖုန်းမှတ်တမ်းဖိုင်တွေကို သက်သေခံအဖြစ် ကျွန်တော်တို့ ဘက်က တင်တာကို […]