Economy

ဘဏ်ချေးငွေကိစ္စ ကောလာဟလသတင်းတွေအပေါ် မစိုးရိမ်ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပြော

လတ်တလောဖြစ်ပေါ်နေတဲ့ ဘဏ်ချေးငွေကိစ္စ ကောလာဟလတွေနဲ့ပတ်သက်လို့ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ကိုယ်စားလှယ်တွေက တဆင့် ပြောလိုက်ပါတယ်။ မနေ့ညက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပဲခူးတိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ်မှာ မှာကြားလိုက်တာလို့ အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချို က ဆိုပါတယ်။ ဒီကနေ့ နိုင်ငံပိုင်ရုပ်မြင်သံကြားတွေကနေ ဘဏ်ကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက ပြန်လည်ဖြေရှင်း သွားဖို့ရှိကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက ပြောပါတယ်။ ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေမရှိကြစေဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက် တစ်စောင်ထုတ်ခဲ့ပါသေးတယ်။ ဗဟိုဘဏ်အနေနဲ့ လက်ရှိ ဘဏ်လုပ်ငန်းရှင်တွေ အကြား ညှိနှိုင်း တွေ့ဆုံနေပြီး ဘဏ်လိုအပ်ချက်တွေကို ကူညီထောက်ပံ့ ပေးသွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဘဏ်လုပ်ငန်းတွေအပေါ် စိုးရိမ်တာတွေ […]

Weather

ယနေ့ နောက်ဆုံးရ မိုးလေဝသသတင်း

တိုင်း နှင့် ပြည်နယ်တချို့ နေရာကွက် မိုးကြီးနိုင်၊ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့ ည ၇ နာရီအချိန် ထုတ်ပြန်ချက် ဖြစ်ပါသည်။ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီး တို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ […]

Weather

၂၀၁၉ ခုနှစ်၊စက်တင်ဘာလ(၅) ရက်နေ့ အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းဖြစ်နိုင်ခြေအလားအလာ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်နေပြီး ၊ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုဖြစ်ရန်အလားအလာများရှိနေပါတယ်။ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်ပြင် အ ခြေ အ နေ။(၄ -၉-၂၀၁၉)ရက် နံနက် (၀၉း၀၀) နာရီအချိန်KALPANA_1 ဂြိုဟ်တုမှ တိုင်းတာပေးချက်အရ၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း မှာ တိမ်အသင့်အတင့် ဖြစ် ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ် အော် တို့ မှာ တိမ်အ သင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။မြန်မာနိုင်ငံ မြောက်ပိုင်း ဒေ သ တွေမှာ တိမ် အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ကျန်ဒေသ တွေမှာ တိမ်အသင့်အတင့် ဖြစ် […]

National

သေဒဏ်ချမှတ်ခံရတဲ့ ဝင်းနဲ့ဇော် အကြောင်း ယနေ့ သွားရောက်တွေ့ဆုံခဲ့တဲ့ မြနိမာသံအမတ်ကြီးပြောပြီ

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ နောက်ဆုံးအယူခံပယ်ချခံရပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ကို ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ ဆိုင်ရာ ဘန်ခဝမ်ဗဟိုအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။အဲဒီလို တွေ့ဆုံရာမှာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဟာ ထောင်ညွှန်ကြားရေးမှူးနဲ့လည်း တွေ့ဆုံခဲ့ပြီးတော့ ဝင်းနဲ့ဇော်အတွက် အသနားခံစာကိစ္စကိုဆွေးနွေးခဲ့ပြီးနောက် ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် မျှော်လင့်ချက်ရှိတယ်လို့ သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်.. အခုဆိုရင် ဝင်းနဲ့ ဇော် ပြစ်ဒဏ်လျှော့ပေါ့ရေးအတွက် အစိုးရပိုင်းကရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပါ ထိုင်းအစိုးရထံ တောင်းဆိုမှုတွေ ပြုလုပ်လာတာကို တွေ့ရလို့ ဝင်းနဲ့ဇော်အတွက် အားတက်စရာပါ….ဝင်းနဲ့ ဇော်ဟာ သူတို့ကို မြန်မာသံအမတ်ကြီး ကိုယ်တိုင် လာတွေ့တာကြောင့်ရယ် ဗိုလ်ချုပ်ကြီး မြထွန်းဦး လည်း လာတွေ့တာရယ်ကြောင့် ပျော်ရွှင်နေကြတယ်လို့ သိရပါတယ်…ဒါ့အပြင် ဝင်းနဲ့ဇော်တို့ မိဘတွေနဲ့တွေ့ဆုံနိုင်ရေးကို ထောင်ညွှန်မှူးကလည်း ဆောင်ရွက်ပေးမယ်လို့ သံအမတ်ကြီးကိုပြောဆိုခဲ့တယ်လို့သိရပါတယ်။ ဝင်းနဲ့ […]

Cele News

ဆီးဂိမ်းအတွက် အပြီးသတ်ကစားသမား ၄ ဦးစာရင်းမှာ သက်ထားသူဇာ ပါဝင်

သက်ထာားသူဇာ ဆီးဂိမ်းမပြိုင်ဘူးလို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် အဖွဲ့ချုပ်နဲ့သက်ထားသူဇာရဲ့ အဖေက ရှင်းလင်းထားတာပါ။မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်က အကြိမ် ၃၀ မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဝင်ကစားမယ့် မြန်မာ့လက်ရွေးစင် ကြက်တောင်အားကစား သမားတွေကို ရွေးချယ်ထားရာမှာတော့ နိုင်ငံ့ဂုဏ်ဆောင် သက်ထားသူဇာလည်း အပါ အဝင်ဖြစ်တယ်လို့ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ ကျွန်တော်တို့ ဆီးဂိမ်းအတွက် ကျား ၂ဦး၊မ ၂ဦးရွေးချယ်မှာပါ။သက်ထားသူဇာက နံပါတ်တစ်ပဲ ရွေးချယ်ရမှာ ပေါ့။ရွေးလည်း ရွေးထားပါတယ်။” လို့ မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက Duwun Sports ကိုပြောပါတယ်။သက်ထားသူဇာက နိုင်ငံတကာ စီးရီးပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ကစားနေသူဖြစ်ပြီး နိုင်ငံဂုဏ်ဆောင် ရွှေ တံဆိပ်များစွာဆွတ်ခူပေးထားနိုင်သူပါ။ဒါပေမယ့်လည်း ဆီးဂိမ်းပြိုင်ပွဲက စီးရီးပြိုင်ပွဲတွေလို အမှတ်ရရှိမယ့် ပြိုင်ပွဲမဟုတ်တာကြောင့် အိုလံပစ် ပြိုင်ပွဲ အတွက် အမှတ်စုဆောင်းနေတဲ့ သက်ထားသူဇာ […]