National

ထိုင်းနိုင်ငံ၌ ကျင်းပသည့် အချက်အပြုတ်ပြိုင်ပွဲတွင် မြန်မာစားဖိုမှူး အသင်း ရွှေတံဆိပ်ဆု ဆွတ်ခူး

ထိုင်းနိုင်ငံ၌ကျင်းပသည့် Thailand International Culinary Cup 2019 အစားအသောက် အချက်အပြုတ်ပြိုင်ပွဲ၌ အာရှနိုင်ငံပေါင်း ၁၅ နိုင်ငံမှ နိုင်ငံကိုယ်စားပြုစားဖိုမှူးများ ပါဝင်ယှဉ်ပြိုင်ရာ မြန်မာနိုင်ငံစားဖိုမှူး အသင်းက ရွှေဆင်ရုပ်ဆုနှင့် ဆုများရရှိခဲ့ကြောင်း သိရသည် အဆိုပါအသင်းသည် စက်တင်ဘာ ၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံ စားဖိုမှူးအသင်းမှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုခဲ့သည်။ ”ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ သွားပြိုင်တာ ရွှေဆင်ရုပ်ဆုရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ Menu ကိုလည်း ကျွန်တော်ကိုယ်တိုင် ဆွဲခဲ့ပါတယ်။ ဒိုင်တွေအားလုံးကလည်း သဘောကျပါတယ်” ဟု နေပြည်တော် စားဖိုမှူးများအသင်းဥက္ကဋ္ဌ စားဖိုမှူး မျိုးကျော်သူ(Chef Romeo Thu) ကပြောသည်။ အဆိုပါ ပြိုင်ပွဲ၌ အသင်းလိုက်ပြိုင်ပွဲတွင် ရွှေဆင်ရုပ်ဆုနှင့် ရွှေတံဆိပ်ဆုသုံးခုအပြင် တစ်ဦးချင်းပြိုင်ပွဲများ၌ […]

Crime news

ရွှေဈေးတက်နေတဲ့အချိန် ရွှေခိုးတဲ့သူခိုး ဖမ်းမိ

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ နေအိမ်(၁)အိမ်မှ ရွှေထည်ပစ္စည်းများခိုးယူသူအား အချိန်တိုအတွင်း ဖမ်းဆီးရမိ ၃၁.၈.၂၀၁၉ ရက်နေ့ ၁၈၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝနရပ်ကွက်၊ သီရိဟေမာလမ်း၊ အမှတ်(၂၀)နေ ဆရာမ ဒေါ်—-သည် ၎င်းတာဝန်ကျရာ အထက(၁)ဒဂုံကျောင်းမှ နေအိမ်သို့ပြန်လာစဉ် နေအိမ်တံခါးမကြီးမှာ ပွင့်နေသဖြင့် အိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးရာ အဝတ်ဘီရိုမှာပွင့်နေပြီး ဘီရိုအတွင်းရှိ ရွှေထည်နှင့်စိန်ထည်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ်(၂၀၆)သိန်းခန့် ပျောက်ဆုံး နေသည်ကို တွေ့ရှိရသဖြင့် ခိုးယူသွားသူအား သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းမှု ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက “ရတနာပစ္စည်းများ ခိုးယူသွားသူအား အမြန်ဖမ်းဆီးဆောင် ရွက်သွားရန်” ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ သည် အခင်းဖြစ်ရပ်စစ်ဆေးပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၄)ရပ်ကွက်၊ သုမန(၁)လမ်းနေ စွမ်းထက်ပိုင် ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ၁.၉.၂၀၁၉ ရက်နေ့ ၂၀၀၀ […]