National

ပြင်ဦးလွင်မြို့နယ်၊ စေတလုံးကျေးရွာ အနီး၌ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ နယ်၊ စေတလုံး ကျေးရွာနေ ဦးအောင်နိုင် ၀င်းသည် စက်တင်ဘာ ၁၀ ရက် ညနေ ၃ နာရီခွဲခန့်တွင် ၎င်းပိုင်ဆိုင်သော တောင် ယာခင်းအတွင်း တောင်ယာလုပ်ကိုင်နေစဉ် အလျား ၁၇ လက်မ၊ လုံးပတ် ၄ လက်မရှိ ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး သယ်ဆောင်ရန် အခက်အခဲ ရှိသဖြင့် ဗုံးသီးဟောင်းအား လုပ်ထုံးလုပ်နည်း နှင့်အညီ ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း သတင်းရရှိသည်။ Source: MWD

Crime news

လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ ဂျပန်နိုင်ငံသူ ဈေးချိုမှာ နေ့ ခင်းကြောင်တောင် လုယက်ခံရ

လူမှုရေးပရဟိတလုပ်ငန်းများ မြန်မာပြည်မှာလာရောက်လုပ်ကိုင်နေသော ဂျပန်နိုင်ငံသူတစ်ဦးသည် မန်းတလေး ဈေးချိုတွင် နေ့ ခင်းပိုင်း လူစည်ကားနေတဲ့အချိန်မှာပင် လုယက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့် မှာ အဆိုပါအမျိုးသမီးသည် အခြား ဂျပန်နိုင်ငံသူနှစ်ဦး၊ လမ်းညွှန်တစ်ဦးနှင့်အတူ လမ်းလျှောက်နေစဉ် ဆိုင်ကယ်ပေါ်မှ အမျိုးသားတစ်ဦးက ဂျပန်အမျိုးသမီး၏ ဖုန်းကို လုယူခဲ့ပါတယ်။ ဂျပန်အမျိုးသမီးက ဖုန်းကိုပြန်လည်ဆွဲယူရာ ဖုန်းကို ပြန်လည်ရရှိခဲ့ပါတယ်။ သို့ ပေမယ့် လုယက်ခံရသူက ဆိုင်ကယ်မောင်းထွက်သွားပြီးမှ ပြန်လှည့်လာပြီး ထပ်မံလုယူမှုဖြစ်ခဲ့ပါတယ်။ အခြားအဖော်များက အော်ဟစ်အကူအညီတောင်းသဖြင့် အနီးအနားရှိ လုံခြုံရေးများသိရှိသွားပြီး လုယူမှုမှ ကာကွယ်နိုင်ခဲ့ပါတယ်။ စစချင်းလုယူခံရစဉ်နှင့် လုယက်သူနှင့် ဂျပန်အမျိုးသမီး လုံးထွေးလဲကျနေစဉ် အနီးအနားဝန်းကျင်ရှိလူများက အကူအညီမပေးကြောင်း ဧည့်လမ်းညွှန်အသင်းထံ ပေးပို့သော စာတွင် ဖော်ပြထား သည်။ ‘‘သူတို့က […]

Sports

အိန္ဒိယ ကြက်တောင်မယ်ကို အနိုင်ယူပြီး သက်ထားသူဇာ ဆီးမီးဖိုင်နယ် တက်ရောက်

ရန်ကုန် မြို့မှာ ကျင်းပ နေတဲ့ မြန်မာ အင်တာနေရှင်နယ် စီးရီး ၂၀၁၉ ကြက်တောင် ပြိုင်ပွဲ ကွာတား ဖိုင်နယ် ပွဲစဉ်မှာတော့ မြန်မာ ကြက်တောင် အားကစားမယ် သက်ထားသူဇာ ဟာ အိန္ဒိယ ကစားသမား ကို အနိုင် ရရှိခဲ့ပါတယ်။ သက်ထားသူဇာ ဟာ အိန္ဒိယ ကြက်တောင် အားကစားသမား ဆာမီယာ နဲ့ သုံးပွဲ ကစားရာမှာ ပထမ တစ်ပွဲမှာ ၂၁ -၁၃ နိုင်ခဲ့ပါတယ်။ ဒုတိယ ပွဲမှာတော့ ၁၃-၂၁ ရှုံးနိမ့် ခဲ့ပြီး၊ တတိယ ပွဲမှာ ၂၁-၁၆ နဲ့ အနိုင် ရရှိကာ အကြိတ်အနယ် ကစားပြီး ဆီးမီးဖိုင်နယ် အဆင့် ကို တက်ရောက် နိုင်ခဲ့ပြီ […]

Crime news

အစစ်နဲ့  ခွဲမရအောင် တူနေသည့် ဒေါ်လာအတု များ လိုက်လဲနေသည့် ဂိုဏ်းအား ထိုင်း လာအိုနယ်စပ်မြို့  တွင် ဖမ်းမိ

ထိုင်းနိုင်ငံ နဲ့  အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ လာအို-မြန်မာ နယ်စပ်တွေမှာ ဒေါ်လာအတုတွေ လိုက်လဲနေတဲ့ ဂိုဏ်းကို ထိုင်း-လာအို နယ်စပ် နောင်ခိုင်မြို့  ဟော်တည်မှာ ဖမ်းမိသွားကြောင်း ထိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။ ငွေတုဂိုဏ်းဝင် ထိုင်းနိုင်ငံသား ခြောက်ဦး ဟာ(အမျိုးသမီးသုံးဦး အမျိုးသားသုံးဦး) အစစ်နဲ့  ခွဲမရအောင် တူနေတဲ့ ဒေါ်လာအတုတွေကို လာအိုနဲ့  ထိစပ်နေတဲ့ နောင်ခိုင်မြို့ က ငွေလဲ ကောင်တာ နေရာတွေမှာ ဒေါ်လာ ၁၀၀ တန် အရွတ်ရေ ၄၄၇ ရွတ် (ဘတ်ငွေ တန်ဘိုး ဘတ်ငွေ 1,449,126 (၁,၄၄၉,၁၂၆ ) ကိုလဲပြီးသွားပြီဖြစ်ပါတယ်။ တွေတုလဲ ဂိုဏ်းဟာ ဒေါ်လာ ၁၀၀ တန်အတုတွေကို […]

National

စစ်ကိုင်းမြို့ တွင် လုံခြုံရေးများဆောင်ရွက်

စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေး ချမ်းမြသာစည်မြို့နယ်- မြို့သစ်(၅)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ AA လက်နက်ကိုင်အဖွဲ့ဝင်များဟု ယူဆရသူ အမျိုးသား ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများ ဆက်သွယ်ရေးပစ္စည်းများ။ ဆက်စပ်ပစ္စည်းများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးသည့်နောက် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်က ရရှိသောသတင်းအရ စစ်ကိုင်းမြို့အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်။အမှတ်(၁၃)ခြေမြန်တပ်ရင်း။ သံချပ်ကာတပ်နှင့် အမှတ်(၁၆)လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ယာဉ်တန်းများဖြင့်လှည်လည်ကာ လုံခြုံရေးပူးပေါင်းဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။ အဆိုပါလုံခြုံရေးလှည့်လည်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ တပ်မတော် တပ်ရင်းတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ယခုကဲ့သို့တစ်နေ့တည်း တစ်ပြိုင်တည်း လုံခြုံရေးအရပူးတွဲဆောင်ရွက်မှုမျိုး စစ်ကိုင်းမြို့၌ ရှားပါးခဲ့၍ ထူးခြားမှုဖြစ်ကြောင်း ဒေသခံပြည်သူတချို့မှ သုံးသပ်ချက်များ ဖြစ်ပေါ်ခဲ့သည်။ လုံခြုံရေးလှည့်လည်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းပြီး”ရဲရဲတောက်ဂျာနယ်မှ သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ”စစ်ကိုင်းတပ်နယ်တွင်တပ်မ တပ်ရင်း တပ်ဖွဲ့ဝင်များ။ အမှတ်(၁၆)လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် […]

Health

အတင်းပြောရင် ရနိုင်တဲ့ အကျိုးမြတ်များ

ဟဲဟဲ.. ဒီရက်ပိုင်းက အတင်းပြောတဲ့ကိစ္စတွေ ကြောင့် သောက်ပြဿနာတွေ တက်နေကြတော့ ကျွန်တော်တို့ လူငယ်မီဒီယာကနေပြီးတော့ လက်တွေ့ကျတဲ့ အကျိုးမြတ်တွေကို တင်ဆက်ပေးလိုက်ရပါတယ်။ လူပေါင်း ၁၅၀၀ ကျော်ကို စစ်တမ်းကောက်လိုက်တဲ့အခါမှာ သူများအကြောင်း အတင်းပြောကြတယ်ဆိုတာ ၆၀ % သော လူတွေက အလုပ်အတွင်းမှာ အတင်းပြောကြကြောင်း သက်သေပြခဲ့ပါတယ်။ လူတယောက်ရဲ့ တရက်တာပြောတဲ့ စကားအားလုံးမှာ ၆၅% ကနေ ၈၀% အထိကို သူများတွေရဲ့ အကြောင်းကို ပြောပြီး ကုန်ဆုံးတတ်ကြပါတယ်တဲ့ဗျာ..။ သူများအကြောင်း အတင်းပြောတဲ့ နေရာမှာ မကောင်းပြောချည်းပဲတော့ ဘယ်ဟုတ်ပ့ါမလဲလေ။ ဟုတ်တယ်မလား။ ဒါတွေကတော့ အတင်းပြောခြင်းကနေရလာနိုင်တဲ့ ကောင်းကျိုး ၅ ခုပါပဲဗျာ။ ၁။ စိတ်ထဲမှာ ရှိနေတဲ့ အရှုပ်ထွေးတွေကို ရှင်းထုတ်လိုက်နိုင်ခြင်း တခါတလေမှာ အတင်းပြောချင်လာတဲ့ အချိန်မျိုးက သူများတွေအကြောင်းပြောချင်တာ […]