Sports

သက်ထားသူဇာ အင်ဒိုနီးရှား ကြက်တောင်မယ်ကို အရေးနိမ့်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ Myanmar International Series ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်မှာ မြန်မာအမျိုးသမီးကြက်တောင်ကစားသမား သက်ထားသူဇာဟာ ပြိုင်ဘက်အင်ဒိုနီးရှားကစားသမား မာဟာရာနီဆီကာဘာတာရီကို ရှုံးသွားပါတယ်။ သက်ထားသူဇာဟာ အင်ဒိုနီးရှားကစားသမား မာဟာရာနီဆီကာဘာတာရီကို ပထမပွဲငယ် မှာ(၁၅-၂၁)မှတ်၊ ဒုတိယပွဲငယ်မှာ (၁၇-၂၁)မှတ်နဲ့ အရေးနီမ့် ခဲ့တာဖြစ်ပါတယ်။ Source: ဖြစ်ရပ်မှန်သတင်းများ

Crime news

ရှမ်းပြည်နယ် မိုင်းဖြတ်မြို့မှာ မိသားစုလိုက် အဆိပ်ရည်သောက် သေဆုံး

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ ဈေးတန်းကွက်သစ်ရပ်မှာ မိသားစုလိုက် အဆိပ်ရည်သောက် သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သင်္ဂဟမိတ်ဆွေ လူမှုကူညီရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။ မိဘတွေက အဆိပ်မြစ်နဲ့ အဆိပ်ရွက်တို့ကို ရေနွေးနဲ့ ကျိုချက်ကာ မိသားစု ၆ ဦး သောက်သုံးခဲ့ရာမှ ၄ ဦး သေဆုံးခဲ့ပြီး ကလေး ၂ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ သင်္ဂဟမိတ်ဆွေ လူမှုကူညီရေးအသင်းဥက္ကဋ္ဌက “အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ ကလေးတွေက မနက်အိပ်ရာက နိုးလာချိန် မိဘ ၂ ယောက်နဲ့ အစ်ကိုဖြစ်သူ၊ အငယ်ဆုံးသားတို့ သေဆုံးနေတာ တွေ့ပြီး ဘေးအိမ်တွေကို ပြောပြရာက ရဲစခန်းကို အကြောင်းကြားခဲ့တာ” လို့ ပြောပါတယ်။ ဖခင်ဖြစ်သူ ဦးအားမြာနဲ့ မိခင်ဖြစ်သူဒေါ်အီနားတို့က စီးပွားရေးအဆင်မပြေတာကို မကြာခဏ ညည်းတွားလေ့ရှိကြောင်းနဲ့ စက်တင်ဘာလ […]