International

အမေရိကန် စစ်သင်္ဘောပေါ်က အတော်ဆုံးရေတပ်သားဆုရခဲ့တဲ့ မြန်မာလူမျိုး မဆုရည်အောင်

အမေရိကန်က သင်္ဘောသား ရာနဲ့ချီပြီး တာဝန်ထမ်းဆောင်နေတဲ့စစ်သင်္ဘောပေါ်မှာ မြန်မာလူမျိုး မဆုရည်အောင်က ယောင်္ကျားတွေနဲ့ ရင်ဘောင်တန်း တာဝန်ထမ်းဆောင်ပြီး အတော်ဆုံးရေတပ်သား ဆုတွေဘွဲ့တွေရခဲ့တဲ့အပြင် ရာထူးတိုးသွားပါပြီတဲ့။ US Navy က စစ်သင်္ဘော John P Murthaသင်္ဘောပေါ်မှာPetty Officer First Class (E 6) ရာထူးကနေ (E 7) promotion ရလို့Chief Petty Officer ဖြစ်သွားပါပြီ။ Chief Petty Officer ရာထူးတက်ကြတဲ့(၆)ယောက်မှာ မဆုရည်အောင်တယောက်တည်းသာမိန်းခလေးဖြစ်ပြီး၊ကျန်တဲ့ (၅) ယောက်ကယောင်္ကျားလေးတွေဖြစ်ပါတယ်။ အဖေ့လိုသင်္ဘောသားဘဝကိုမြတ်နိုးလို့ US Navyမှာတာဝန်ထမ်းဆောင်ခဲ့တာ (၁၀)နှစ်နဲ့၈လရှိပါပြီ။ အလုပ်တွေဘယ်လိုပင်ပန်းပေမဲ့လည်း၊မခိုမကပ်၊တာဝန်ယူစိတ်အပြည့်နဲ့လုပ်နိုင်ခဲ့လို့ (၁၀)နှစ်တာကာလအတွင်းမှာ ရေတပ်ကချီးမြှင့်တဲ့ Sailor Of The Year၊Sailor Of The Quarter ဆိုတဲ့Award တွေရခဲ့တာလည်း […]

National

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးစံပြကျေးရွာ နေအိမ်အတွင်း ၀င်ရောက်ပစ်ခတ် စစ်သားဟောင်း တစ်ယောက် သေဆုံး

ရခိုင်ပြည်နယ် အမ်းမြို့နယ် ရူးစံပြကျေးရွာ မှာ မနေ့ညက အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်လို့ စစ်သားဟောင်း တစ်ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူဟာ ခလရ ၃၄ တပ်ရင်းက ထွက်သွားတဲ့ တပ်မတော်သားဟောင်း ဖြစ်ပြီး ရူးစံပြ ကျေးရွာမှာ ဇနီးဖြစ်သူနဲ့ နေထိုင်နေတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ၀င်းဇော်ဦးက ပြောပါတယ်။ မနေ့ည ၇ နာရီလောက်က နေအိမ်အတွင်း ထမင်းစားနေစဉ် အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဗိုလ်မှူးကြီး ၀င်းဇော်ဦးက ပြော ကြောင်း RFA က ဖေါ်ပြပါတယ်။ တပ်မတော်က ထွက်ထားသူတွေကို တပ်သတင်းပေးဆိုပြီး ရက္ခိုင့်တပ်တော် အေအေ က သတ်တာလို့လည်း တပ်ကစွပ်စွဲပြောဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို စုံစမ်းနေဆဲဖြစ်ပြီး […]

Uncategorised

ပိုပြီးချမ်းသာချင်ရင် စွန့်လွှတ်သင့်တဲ့ အမူအကျင့် ၇ ခု

လူတိုင်းဟာ ချမ်းသာရာ ချမ်းသာကြောင်း အခွင့်လမ်းတွေကို ရှာဖွေကြစမြဲပါ။ ရန်ကုန်မြို့မြေဈေးမတက်ခင်က ကြိုဝယ်ထားတဲ့ သူတွေ အချီကြီးပွင့်သွားကြသလို ၊ အနာဂတ်မှာ မြေဈေး အများကြီးတက်လာမှန်း မခန့်မှန်းတတ်ကြတဲ့ သူတွေကတော့ အိမ်ခြံမြေကို အ၀ယ်မလိုက်ကြပဲ လက်ရှိအလုပ်ကိုသာ ကုန်းရုန်းကြိုးစားပြီး စုဆောင်းကြပါတယ်။ စုဆောင်းတိုင်းလဲ ချမ်းသာမှုမတိုးပွားနိုင်ပါဘူး။ အခြားသော အမူအကျင့်လေးတွေကိုလည်း တတ်စွမ်းသမျှ ပြုပြင်ကြည့်သင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူငယ်ခြေတတ်တွေကို ပိုပြီးချမ်းသာချင်ရင် ဘာတွေကို ရှောင်ရမလဲဆိုတာကို တင်ဆက်ပေးလိုက်ရပါတယ်။ အောက်ပါ အမူအကျင့်တွေကို ရှောင်နိုင်သမျှရှောင်ပါ။  ၁။ မိတ်ဆွေသစ် မဖွဲ့ခြင်း ချမ်းသာတဲ့သူတွေဟာ မိတ်သစ်ဆွေသစ် ရှာဖွေပေါင်းသင်းရတာကို နှစ်သက်ကြပါတယ်။ ၆၈% သော ချမ်းသာသူတွေဟာ သူတို့မသိတဲ့ လူသစ်တယောက်ယောက်နဲ့ တွေ့ဆုံ့ရမှာကို လိုလားကြပါတယ်။ ၁၁ % သော သူဆင်းရဲတွေသာ ဒီလိုပြုကျင့်ခြင်းကို လိုလားကြပါတယ်။ တချို့ငွေကြေးအခြေအနေ […]

Crime news

ပြည့်တန်ဆာလုပ်ငန်း ၀န်ထမ်းခေါ်ရာမှာ ပေါ်တင်လွန်းတာကြောင့် အဖမ်းခံရတဲ့ မူဆယ်က တရုတ်အဖွဲ့ 

မူဆယ် မြို့နယ်အတွင်း ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဖို့ ဆိုပြီး ပြည့်တန်ဆာ ၂၅ဦးခေါ်တဲ့ အလုပ်ရှင်တွေလို့ ယူဆရသူ တရုတ်နိုင်ငံသား ၅ဦးကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၅ရက် နေ့လည် ၂နာရီမှာ ဖမ်းဆီးလိုက်တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင်က အတည်ပြု ခဲ့ကြောင်း BBC သတင်းတပုဒ်အရ သိရပါတယ်။ အဲဒီတရုတ် ၅ဦးကို မူဆယ်မြို့နယ်၊ အလယ်ပေါက်လို့ခေါ်တဲ့နေရာအနီး၊ အဆောက်အဦးတခုကနေ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ မူဆယ်မြို့အတွင်း ပြည့်တန်ဆာလုပ်ငန်း အသစ်လုပ်ကိုင်လိုလို့ အလုပ်သမားခေါ်ယူတာလို့ အလုပ်ခေါ်စာမှာ ပါတဲ့ ဖုန်းနံပါတ်ကို ဘီဘီစီ သတင်းဌာန က ဆက်သွယ်စုံစမ်းမေးမြန်းရာမှ သိရှိခဲ့ရပြီး ဆက်သွယ်မှုရစဉ်မှာတော့ အလုပ်လုပ်ဖို့ အမျိုးသမီး ၁၀ဦးအထိရရှိထားပြီလို့လည်း သိရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးတဲ့အခါမှာတော့ အမျိုးသမီးတွေကို မတွေ့ခဲ့ရဘူးလို့ […]

Cele News

Myanmar Idol မှာ ပရိသတ်တွေဝန်းရံနေကြပြီဖြစ်တဲ့ တောင်ကြီး သူလေးချယ်ရီနန်း

တစ်ကမ္ဘာလုံး အနေအထားဖြင့် အောင်မြင်နေတဲ့ Idol ရွေးချယ်ပွဲ အစီအစဉ် ဖြစ်တဲ့ Myanmar Idol Season 4 ဟာဆိုရင် မကြာခင်မှာ စတင်တော့မှာဖြစ်ပြီးတော့ လူရွေးပွဲတွေ ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒီ အစီအစဉ်ကို ပရိသတ်တွေကလည်း အင်မတန်မှ စိတ်ဝင်စားစွာ စောင့်မျှော်ကြည့်ရှု အားပေးကြတာကြောင့် ပွဲစဉ်အစကတည်းက သူတို့ဟာ ဘယ်သူ့ကိုဝန်းရံရမလဲဆိုတာ အမြဲတမ်း ရှာဖွေနေသူတွေ ဖြစ်ပါတယ်။Season အလိုက်မှာ သူတို့ Idol တွေကို ရွေးချယ်အားပေးခဲ့ကြသလို အခုတစ်ခါ Myanmar Idol Season 4 လည်း တောင်ကြီးသူလေး ချယ်ရီနန်းကိုအခုကတည်းက အားလုံး ဝန်းရံနေကြပြီ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ သူမဟာ ဆိုရင် အ သက်​ ၂၁ နှစ်​အရွယ်​ ရှိပြီးတော့ ​တောင်​ကြီးမြို့မှာကျင်းပခဲ့တဲ့ […]

Entertainment

ဘာမှမလုပ်ပဲပိုက်ဆံဝင်စေသောနည်း (၅)မျိုး

ခေါင်းစဉ်ကတော့ စိတ်ဝင်စားစရာပါပဲ။ အောက်မှာ ရေးထားတဲ့ နည်း (၅) နည်းကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် အချို့ နည်းတွေကတော့ မြန်မာပြည်မှာ ရှိချင်မှ ရှိဦးမှာပါ။ ကြိုတင်စဉ်းစားထားလို့ ရအောင်ပေါ့။ (၁) အိမ်စောင့် အကောင်းစား ပစ္စည်းတွေကြီးပဲ သုံးထားတဲ့ အိမ်မှာ အချိန်ပိုင်း အိမ်စောင့် သွားလုပ်တာပါ။ ဒရ၀မ်ကို ပြောတာ မဟုတ်ပါဘူး။ တံခါးပေါက်မှာ စောင့်ရတာကို ပြောတာမဟုတ်ပါဘူး။ သူတို့ ရဲ့ အကောင်းစား ဆိုဖာကြီးပေါ်မှာထိုင်၊ လက်မ ၅၀ လောက်ရှိတဲ့ တီဗွီကြီးကို ကြည့်၊ ထိုင်ရတာကြာလို့ ဖင်ပူလာလျှင် ရေချိုးကန်ကြီးထဲမှာ ရေသွားစိမ် လိုက်ယုံပဲ။အချိန်လည်းပြည့်ရော ပိုက်ဆံ လည်းရရော။ ဘယ်လောက်ကောင်းမလဲ။တချို့ တချို့ တွေက အိမ်မှာ အချိန်ပြည့် အစောင့်မထားပဲ အချိန်ပိုင်း အစောင့်သဘောမျိုး […]

National

လေယာဉ်ဝမ်းဗိုက်အတွင်း ငှက်တစ်ကောင် ၀င်ရောက်ခဲ့သောကြောင့် MNA လေကြောင်းလိုင်းခရီးစဉ် ခေတ္တရပ်နားရ

စက်တင်ဘာလ ၁၄ ရက်နေ့ က ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့ လေဆိပ်သို့ ဆင်းသက်ခဲ့သည် မြန်မာအမျိုးသားလေကြောင်းလိုင်း မှ လေယာဉ်တစ်စီး ၀မ်းဗိုက်အတွင်းသို့ ငှက်တစ်ကောင် ၀င်ရောက်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ လေယာဉ်ရပ်ထားပြီး ခရီးသည်များ ဆင်းသက်နေစဉ် အဆိုပါ ငှက်က ၀င်သွားခြင်းဖြစ်ပါသည်။ အဆိုပါလေယာဉ်သည် MNA လေကြောင်းလိုင်း၏ ရန်ကုန် ထားဝယ်မြိတ် ခရီးစဉ်ပျံသန်းသည့်လေယာဉ်ဖြစ်ပါသည်။ ထိုဖြစ်ရပ်ကြောင့် လေကြောင်းခရီးခေတ္တရပ်နားခဲ့ရပြီး ၀မ်းဗိုက်အတွင်း ၀င်ရောက်နေသည့် ငှက်အား ရှာဖွေဖယ်ရှားမှုများပြုလုပ်ခဲ့ရအောင် Mizzima သတင်းဌာနမှ တင်ထားသော သတင်းအရ သိရှိရပါသည်။ Source: Mizzima

Health

ဝတ်လစ်စလစ် အိပ်စက်ခြင်းရဲ့ ကောင်းကျိုး (4) ချက်

အိပ်စက်တယ် ဆိုတာတော့ ကျွန်တော်တို့ ကိုယ်ခန္ဓာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အရေးပါတယ်တဲ့ လိုအပ်ချက်ဖြစ်ပါတယ် ။ အိပ်စက်ရာမှာ လူအမျိုးမျိုး မိတ်ဆွေတို့ကြုံဖူးပါလိမ့်မယ် ။ Pajama အကောင်းစား ဝတ်ပြီး ကြီးကြီးကျယ်ကျယ် အိပ်တဲ့ လူ ၊ အပြင်ကပြန်လာရင် အင်္ကျီ မလဲပဲ တန်းပြီးထိုးအိပ်တဲ့လူ အစရှိသဖြင့် အစုံပါပဲ ။ အဲ့ထဲကမှ တော်တော် awakward ဖြစ်တဲ့ နည်းလမ်းတစ်ခု ရှိပါတယ်။ အဲ့တာက ဝတ်လစ်စလစ် မိမွေးတိုင်း ၊ ဖမွေးတိုင်း အိပ်တာပါပဲ ။ ဒါပေမယ့် အဲ့လိုအိပ်တာကလည်း အံ့ဩလောက်အောင် စိတ်ရော ကိုယ်အတွက်ပါ ကောင်းမွန်တဲ့ အချက်တွေကို သုတေသန ပညာရှင်များက ဖော်ပြပေးထားပါတယ် ။ 1) ကျန်းမာရေးအတွက်ပိုမိုကောင်းမွန် ဝတ်လစ်စလစ် […]