National

ထိုင်းနိုင်ငံရှိ ပိုင်ရှင်မဲ့ မြန်မာအလောင်း ၆၀၀ ခန့်ကိုပြန်လည်သယ်ဆောင်လိုပါကဆက်သွယ်နိုင်ကြောင်း ထိုင်းအထူးစုံစမ်းရေးပြောကြား

ထိုင်းနိုင်ငံ မဟာချိုင်ဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာသတင်းထောက်များနှင့်တွေပဆုံစဉ်မှာ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေး ရေးဌာန DSI အကြီးတန်းအရာရှိ မစ္စနာတာပွန်ဘွန်ယာခွန်က မိမိတို့နိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးပြီး ပိုင်ရှင်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသား အလောင်း ၆၀၀ ခန့်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ယင်းရုပ်အလောင်းများနှင့် ပတ်သတ်ပြီး မိသားဝင်များမှ ပြန်လည်သယ်ဆောင်လိုပါက ဆက်သွယ်နိုင်ကြောင်း၊ ယင်းအပြင် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ မိသားစုဝင်များ ထိုင်းနိုင်ငံတွင်ပျောက်ဆုံးနေသည်ဟု ယူဆပါက ဆက်သွယ်နိုင်ကြောင်း ပြောခဲ့ပါတယ်။၂၀၀၄ ခုနှစ်က ဆူနာမီမုန်တိုင်းကြောင့် သေဆုံးခဲ့သည့် ရုပ်အလောင်း ၁၀၀၀ ခန့်ရှိပြီး မြန်မာနိုင်ငံသား ပိုင်ရှင်မဲ့ ရုပ်အလောင်း ၆၀၀ ခန့်ပါဝင်ကြောင်း၊ ယင်းရုပ်အလောင်းများအား DNA စစ်ဆေးထားပြီး၊ ယခုအချိန်ထိ သိမ်းဆည်းထားကြောင်း၊ ယင်းနှင့်ပတ်သတ်၍ LPN ရုံးကို ဆက်သွယ်နိုင်ကြောင်း၊ DNA ဖြင့် […]

Sports

Myanmar International Series ကြက်တောင်ပြိုင်ပွဲ သက်ထား သူဇာ ပူးတွဲ တတိယဆုရရှိ

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် Myanmar International Series ကြက်တောင်ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် စက်တင်ဘာ ၁ဝရက်မှ စတင်၍ ကျင်းပရာ စက်တင်ဘာ ၁၅ ရက်တွင် နောက်ဆုံးနေ့ ယှဉ်ပြိုင်မှုများအဖြစ် ရန်ကုန်မြို့ရှိ အမျိုးသား ကြက်တောင် အားကစားရုံ၌ ဆက်လက် ကျင်းပသည်။ စက်တင်ဘာ ၁၅ ရက် နောက်ဆုံးနေ့ ပွဲစဉ်များတွင် အမျိုးသား တစ်ဦးချင်း ပြိုင်ပွဲ၌ အင်ဒိုနီးရှား ကစားသမားနှင့် အိန္ဒိယ ကစားသမား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် အင်ဒိုနီးရှား တစ်နိုင်ငံတည်း ကစားသမား နှစ်ဦး၊ အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲတွင် အင်ဒိုနီးရှား ကစားသမားအတွဲ နှင့် ထိုင်းကစားသမား အတွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် တရုတ်တိုင်ပေ ကစားသမား အတွဲနှင့် ထိုင်းကစားသမား အတွဲ၊ […]

Technology

စစ်တပ်သုံး Drone အမျိုးအစားပရောဂျက်မှာ ပါဝင်ခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်၏ စိတ်ပူတဲ့အချက်

Google ၀န်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ စစ်တပ်သုံး Drone project မှာပါဝင်ခဲ့တဲ့ နိုလန်ဟာ ဒီ စစ်တပ်သုံး Drone တွေကြောင့် စစ်ပွဲတွေ စတင်ဖြစ်ပွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။ နိုလန်ဟာ တပ်မတော်သုံး နည်းပညာ project တစ်ခုမှာ ပါဝင်ခဲ့ပြီး အဆင့်မြင့်များလာတဲ့ ဥာဏ်ရည်တု (AI) အသုံးပြုစစ်လက်နက်များရဲ့ အန္တရာယ်ကောင်းပုံကို သတိပေးခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ project မှာ Google က ပါဝင်ပက်သက်နေခြင်းရှိမရှိကိုတော့ သူက မဖော်ပြထားပါဘူး။ နိုလန်အဓိက ထောက်ပြတဲ့ လက်နက်ကတော့ မိုင် ထောင်ချီအကွာအဝေးကနေ ထိန်းချုပ်ပြီး ရန်သူတွေကို နှိမ်နင်းနိုင်တဲ့ Drone လက်နက်ပဲ ဖြစ်ပါတယ်။ အဆိုပါ Drone တွေကို ဓာတုဗေဒလက်နက်များကိုထိန်းချုပ်သလိုပဲ ထိန်းချုပ်တားမြစ်သင့်ကြောင်းကို နိုလန်က တိုက်တွန်းထားပါတယ်။ နိုလန်ဟာ တပ်မတော်သုံး Robot […]

National

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ မှ မြန်မာ အလုပ်သမား ၆၀၀ကျော် နစ်နာကြေးဘတ်ငွေ ၄၅ သန်းလျှော်ကြေးရ

ထိုင်းလူကုန်ကူးတိုက်ဖျက်ရေး ရဲမှူး Jaruwat Waisaya ကျယူဝပ် ၀ိုင်စရဦးဆောင်ပြီး ရဲနဲ့  အလုပ်သမား အခွင်းရေး ကာကွယ်ရေး အဖွဲ့ ဝင် (၃၀)ဟာ ထိုင်းနိုင်ငံ တပ်ခရိုင် မဲဆောက်မြို့ က ထိုင်းဝမ်နိုင်ငံသား ပိုင် အားကစားအထည်ချုပ် စက်ရုံနဲ့  အိပ်ချုပ်စက်ရုံ နှစ်ရုံကို ၀င်ရောက်စစ်ဆေးခဲ့တာတာဖြစ်ပါတယ်။ ခုလို စက်ရုံကအလုပ်သမားတွေနဲ့  တိုက်ရိုက်တွေ့ ဆုံ စစ်ဆေးခဲ့ကြရာမှာ မြန်မာနိုင်ငံ သားအလုပ်သမား (၆၀၀)ကျော်ဟာ သက်မှတ်ထားတဲ့လုပ်အားခ (နေစားခ တရက် ဘတ်ငွေ ၃၁၀) မရကြဘဲ ခြောက်နှစ်ကြာလူဟောင်း လုပ်သားတွေကို ထိုင်းဘတ် ၂၆၅ သာပေးပြီး အလုပ်သမားအသစ် ဆိုရင် ဘတ်ငွေ ၁၀၀ ကနေ ၁၃၀ သာ စပေးနေတာဖြစ်ပါတယ်။ အလုပ်သမားတွေကို […]

Crime news

မြန်မာနိုင်ငံသား ကရင်အမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံသားက မုဒိန်းကျင့်ပြီး သတ်ရန် ကြိုးစားမှု

ထိုင်းနိုင်ငံမှာဖြစ်တာပါ မြန်မာနိုင်ငံသား ကရင်လူမျိုးအမျိုးသမီး၁ဦးကို ထိုင်းနိုင်ငံသားက ထိုးကြိုတ်ပြီးမုဒိမ်းပြုကျင့်ပြီးလည်ပင်းကိုကြိုးနဲ့ပတ်ပြီးသတ်ပစ်ရန်ကြိုးစား အိမ်ဖော်လုပ်နေတဲ့ မြန်မာနိုင်ငံသား ကရင်လူမျိုးအမျိုးသမီး၁ဦးကို အပုံပါထိုင်းနိုင်ငံသားက မုဒိမ်းပြုကျင့်ပြီးလည်ပင်းကိုကြိုးနဲ့ပတ်ပြီးသတ်ပစ်ရန်ကြိုးစားဖို့လုပ်ရာမှာ မုဒိမ်းပြုကျင့်ခံရသူ မြန်မာနိုင်ငံသား ကရင်လူမျိုးအမျိုးသမီးကထွက်ပြေးလွတ်မြောက်သွားပြီး ဘေးနာကလူတွေကိုအကူညီတောင်းတော့ ဘေးနာကလူတွေကူညီပြီး ထိုင်းအာဏာပိုင်းများကို သွားပြီးအမှုဖွင့်ထားပါတယ် ၁ပတ်ကျော်ကြားခဲ့ပြီး မုဒိမ်းကျင့်တဲ့ထိုင်းနိုင်ငံသားကိုအခုထိဖမ်းလိုမရသေးပါဘူး မုဒိမ်းကျင့်တဲ့ထိုင်းနိုင်ငံသားက သူအမျိုးတွေရှိတယ်ပထုံဌာနီခရိုင်နဲ့ချွန်ဘူရီခရိုင်မှာထွက်ပြေးတိမ်းရှောင်နေတယ်လိုသတင်းရထားပါတယ်ခန့်မှန်းခြေအရ မဟာဆာရခမ်းရှိတယ်သူအိမ်ကိုပြန်သွားတယ်လိုလည်သတင်တွေရရှိထားပါတယ် ပုံပါထိုင်းနိုင်ငံသားကိုတွေရှိရင် ရဲကိုအကြောင်းကြားပေးပါ 035-214-522 ဒါဟာအလွန်အန္တရာယ်ရှိတယ်လူပါ ——————–ကျနော်တတ်သလောက်ဘာသာပြန်ထားပေးတာပါ အစုံတစ်ခုကျန်သွားခဲ့ရင်အမှားပါသွားခဲ့ရင် ကျနော် #CMA အထူးတောင်းပန်ပါတယ်။ Credit: to CMA

Crime news

မိန်းမလျာတို့၏မာယာကျော့ကွင်းအတွင်း အသက်ပေးလိုက်ရတဲ့ကျားမုဆိုး

ဟင်္သာတမြို့မရဲစခန်းမှူး ဒုရဲမှူး မင်းအောင်သည် ၁၂-၈-၂၀၁၉ ရက်နေ့တွင် စခန်းမှူးတာဝန် ဆောင်ရွက်နေစဉ် နေ့လည်(၁)နာရီခန့် ဟင်္သာတမြို့၊ ကံလှကျေးရွာအနီး၊ ဟင်္သာတ-ရန်ကုန် ကားလမ်းဘေးရေမြောင်းအတွင်း လူသေအလောင်းတွေ့ရှိကြောင်း သတင်းရရှိအရ သွားရောက် စစ်ဆေးရာ အလျား(၂၀)ပေခန့် အကျယ်(၇)ပေခန့် အနက်(၄)ပေခန့်ရှိ ရေမြောင်းအတွင်း ပက်လက် အနေအထားဖြင့် ပုပ်ပွပြာနှမ်းကာသေဆုံးနေသည့် အမျိုးသားအလောင်းအားတွေ့ရှိ၍စုံစမ်းရာ သေဆုံးသူမှာ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်နေ မောင်စိုးမြတ်အောင်ဖြစ်ကြောင်းသိရှိရပြီး မောင်စိုးမြတ်အောင် သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေး နိုင်ရန် သေမှုသေခင်း ရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။ အမှုအား ဖြစ်စဉ်အမှန်စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းမြင့်နှင့် ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကြည်တို့၏အနီးကပ် ကြီးကြပ်လမ်းညွှန်မှုဖြင့် စခန်းမှူး ဒုရဲမှူး မင်းအောင်ကိုယ်တိုင် စုံစမ်းစစ်ဆေးပြီး နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ထွန်းထွန်းနှင့်နယ်ထိန်းအဖွဲ့တို့မှ သတင်းစုံစမ်းခဲ့ပါသည်။ အခင်းဖြစ်နေရာအနီးရှိ “ရွှေမိုး´´သွပ်ပြားဆိုင်မှ […]

Knowledge

ဒေါသအရမ်းထွက်နေတဲ့အခါ လုပ်သင့်တဲ့အချက် (၅)ချက်

လူဆိုတာ စိတ်ခံစားချက်နဲ့ ဖွဲ့စည်းထားတာဖြစ်တဲ့ အတွက်ကြောင့် တစ်ခါတလေတော့ စိတ်ဆိုးဒေါသထွက်မိမှာပါပဲ။ တစ်ချို့လူတွေဟာ ဒေါသကိုမျိုသိပ်ထားပါလို့ တိုက်တွန်းတတ်ပါတယ်။ ကျွန်တော် ကတော့ ဒီအယူအဆကို လုံးဝလက်မခံပါဘူး။ ဒါကြောင့် ဒေါသထွက်တဲ့အခါ သင့်အတွက် ဒေါသလည်းပြေ အကျိုးလည်းမယုတ်စေမယ့် အရာလေးတွေကို ဝေမျှပေးပါမယ်။ (1) ပြေးပါ အရမ်းဒေါသထွက်လာတဲ့အခါ Gym ဒါမှမဟုတ် ဘောလုံးကွင်းတစ်ခုခုကို သွားပြီး ချွေးတွေဆိုရွှဲတဲ့အထိ ပြေးလိုက်ပါ။ ပြေး တာဟာ အသက်ကိုရှည်စေတယ်လို့လည်း သိပ္ပံပညာရှင်တွေ လက်ခံထားကြပါတယ်။ သင်ဒီလိုပြေးလိုက်တာ့ နဲ့ ကိုယ်ကျန်းမားရေးလည်း အထောက်အကူပြုမှာဖြစ်ပြီး ဒေါသထွက်တာတွေလည်းေပြေပျောက်သွားမှာပါ။ (2) အိမ်သန့်ရှင်းလုပ်ပါ ဒါဟာလည်း သင့်အတွက် အလွန်အသုံးဝင်စေပါတယ်။ သာမန်အချိန်မှာ အိမ်သန့်ရှင်းရေးလုပ်ဖို့ သင်ပျင်းရိနေမယ်ဆိုရင်တောင် အခုလို ဒေါသထွက်နေတဲ့အချိန်မျိုးမှာ လုပ်ရတာ စိတ်သက်သာရာရစေပါတယ်။ အိမ်လည်းသန့်ရှင်းပြီးသားဖြစ်ပြီး သင့်ဒေါသလည်းပြေသွားမှာပါ။ (3) […]