International

ရုရှဦးဆောင်ပြီး တရုတ်၊အိန္ဒိယတို့ ပါဝင်သည့် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကြီး

အမေရိကန်နှင့်အနောက်နိုင်ငံများကို သတိပေးလိုသည့်ရည်ရွယ်ချက်ရှိသည့် စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို ရုရှကဦးဆောင်ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို တရုတ်၊အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ ကိုပါ ပါဝင်ရန် ဖိတ်ကြားထားကြောင်း သိရှိရပါတယ်။ ရုရှကတော့ ယခုစစ်ရေးလေ့ကျင့်မှုကြီးသည် မည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်ခြင်းမဟုတ်ကြောင်း ကြော်ငြာထားပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် မြေပြင်စစ်သည်အင်အား ၂ သိန်းခွဲကျော်၊ လက်နက်အမျိုးအစားပေါင်း ၂ သောင်းကျော်၊ လေယာဉ်၆၀၀ ကျော်နှင့် သင်္ဘော အစီး ၂၀ ကျော်ပါဝင်လေ့ကျင့်သွားရန် ပြင်ဆင်ထားပါတယ်။ အနောက်နိုင်ငံများက စစ်ရေးသုံးသပ်သူများကတော့ ရုရှဖက်က ဘယ်လောက်ပဲ ငြင်းငြင်း ယခု စစ်ရေးလေ့ကျင့်မှုဟာ ရုရှသည် တစ်နိုင်ငံထဲ သီးသန့်ရှိနေခြင်းမဟုတ်ပဲ မဟာမိတ်များရှိနေကြောင်းကို ပြသလိုသည့် အချက်ဖော်ဆောင်နေသည်ဟု သုံးသပ်ကြပါတယ်။ Source: cnbc.com

Crime news International

ယာဉ်တိုက်မှုဖြစ်ရာမှ သတ်ဖြတ်ထားသော ဇနီးသည်နှင့်ကလေး ၄ ဦးအလောင်း ပေါ်ထွက်လာ

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် အမျိုးသားတစ်ဦးသည် သူ၏ အမျိုးသမီးနှင့် ရင်သွေး ၄ ဦးအား သူကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။ ယင်းနောက်တွင်း ရဲဌာနသို့ အမျိုးသမီးပျောက်ဆုံးနေကြောင်းသွားရောက်သတင်းပို့ ထားခဲ့သဖြင့် လူပျောက်အနေဖြင့် ကြော်ငြားထားရှိခဲ့သည်။ ၃ ပတ်အကြာတွင် အဆိုပါ အမျိုးသားမောင်းလာသော ကားသည် ယာဉ်တိုက်မှုဖြစ်ရာမှာ ကားအတွင်းမှာ သတ်ဖြတ်ထားသော အမျိုးသမီး၏ အလောင်းကို ရဲတပ်ဖွဲ့ ကရှာဖွေတွေ့ ရှိခဲ့သည်။ ထိုသူအား စစ်ဆေးရာမှာနောက်ဆုံးတွင် ကလေး၎ ယောက်၏ အလောင်းကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။ Source: Buzzfeed

National

ထိုင်းနိုင်ငံမှာ မြန်မာမိသားစု နှစ်စု ထီပထမဆု ပြိုင်တူပေါက်

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင် မှာ စက်တင်ဘာ ၁၆ (၂၀၁၉) ရက်နေ့ မှာ ထွက်ခဲ့တဲ့ ပထမဆု ဘတ်ငွေ (၆) သန်းဆု 340388 (၃၄၀၃၈၈) နံပါတ် ကို တနေရာထဲ ထီဆိုင်တစ်ဆိုင်မှာ ပြိုင်တူဝယ်မိခဲ့ကြတဲ့မြန်မာနိုင်ငံသား အလုပ်သမား မိသားစု နှစ်စု ထီပေါက် ပေါက်သွားခဲ့ကြောင်းသိရပါတယ်။ မဲဟောင်ဆောင်နဲ့  ချင်းမိုင်မြို့ မှာနေထိုင်နေကြတဲ့ မြန်မာမိသားစုဟာ ထီထွက်မယ့်နေ့  မှာ ချင်းမိုင် မြို့ က Pong Noi Temple ပေါင်နွိုင်ဘုန်းတော်ကြီးကျောင်းေ၇ှ့ မှာ မြန်မာနိုင်ငံကနေလာရောက်အလုပ်လုပ်ကိုင်နေတဲ့ မိသားစု နှစ်စုဟာ ပထမဆုပေါက်မယ့် ထီလက်မှတ်ကို တိုက်တိုက်ဆိုင်ဆိုင် အချိန်သာခြားပြီး ပြိုင်တူ ၀ယ်ခဲ့ကြတာပါ။ နိုင်ဖွန် အသက် (၄၃ )နှစ် […]

International

တရုတ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ ခေတ်အမှီဆုံးကာကွယ်ရေးစနစ်တွေ ထားတော့မယ့် အိန္ဒိယ

အိန္ဒိယနိုင်ငံဟာ တရုတ်နဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ အမေရိကန်နည်းပညာသုံးထားတဲ့ ခေတ်အမှီဆုံးကာကွယ်ရေးစနစ်တွေကို ထားရှိတော့မှာဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းကို codename: Ex-HimVijay လို့ လျှို့ ဝှက်နာမည်ပေးထားပါတယ်။ အဆိုပါ စီမံကိန်းမှာပါဝင်မယ့်လက်နက်တွေကတော့ အမေရိကန်ကရရှိတဲ့ နောက်ဆုံးပေါ်လက်နက်တွေ ဖြစ်ပါတယ်။ ပါဝင်မယ့်လက်နက်တွေမှာ ဟော်ဝစ်ဇာအမြှောက်တွေ၊ လှုပ်ရှားရလွယ်ကူတဲ့ အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ Chinook အမျိုးအစားသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေ ပါဝင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များလည်းပါဝင်ပြီး အဓိက လုပ်ဆောင်မယ့်လေ့ကျင့်ခန်းကတော့ ထူထပ်တဲ့တောင်တန်းဒေသတွေမှာ တိုက်ပွဲဆင်နွှဲရတဲ့ လေ့ကျင့်ခန်းတွေပဲဖြစ်ပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်ခန်းမှာ အိန္ဒိယတပ်မတော်ရဲ့တောင်ပေါ်ဒေသတိုက်ခန်းရေးတပ်ရင်း ၁၇ ရင်းပါဝင်လေ့ကျင့်မယ်လို့ သိရပါတယ်။ source: indiatimes

International

ရာသီသွေးပေါ်နေချိန် ညစ်ပတ်တယ်ဟု အပြောခံရလို့ ကိုယ့်ကို သတ်သေသွားတဲ့ကောင်မလေး

ကင်ညာနိုင်ငံ အထက်တန်းကျောင်းတစ်ခုမှ တတ်နေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ဟာ ရာသီသွေးပေါ်နေစဉ် ညစ်ပတ်လိုက်တာဟု အပြောခံရသောကြောင့် အရှက်လွန်ပြီး ကိုယ့်ကို သတ်သေခဲ့ပါတယ်။ သူမအားပြောဆိုလိုက်သူမှာ သူမ၏ ကျောင်းမှ ဆရာမဖြစ်ပါတယ်။ ကျောင်းသို့ လာစဉ် ကျောင်းဝတ်စုံမှာ ရာသီသွေးများပေနေတာကို ဆရာမက တွေ့ သဖြင့် ညစ်ပတ်တယ်လို့ ပြောလိုက်ခြင်းဖြစ်ပါတယ်။ သူမ၏ ဆရာမဟာ ညစ်ပတ်တယ်လို့ ပြောယုံပင်မကပဲ အတန်းထဲမှ ထွက်ခိုင်းကာ အတန်းအပြင်ဖက်တွင် မတ်တပ်ရပ်ခိုင်းပြီး ဒဏ်ပေးခဲ့ကြောင့် သူမ၏ မိခင်က ပြောကြားခဲ့ပါတယ်။ အခုအခါမှာတော့ သူမ၏ မိဘများက အဆိုပါဆရာမအားတရားစွဲဆို အမှုဖွင့်ထားကြောင်းသိရှိရပါတယ်။ Source: Buzzfeed

International

ဒေါ်လာသန်းချီတန်တဲ့ ရွှေအိမ်သာကမုတ် အနုပညာပြပွဲမှာ အခိုးခံရ

ရွှေသားအတိဖြင့်ဖန်တီးထားပြီး အမေရိကန် လို့ နာမည်ပေးထားတဲ့ အိမ်သာကမုတ်ဟာ အင်္ဂလန်နိုင်ငံမှာ ကျင်းပနေတဲ့ အနုပညာပြပွဲတစ်ခုမှာ အခိုးခံခဲ့ရပါတယ်။ အဆိုပါ အိမ်သာကမုတ်ကို အီတလီအနုပညာရှင်တစ်ယောက်က ဖန်တီးထားတာဖြစ်ပါတယ်။ အသက် ၆၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို အဆိုပါခိုးယူမှုနှင့်ဆက်စပ်မှုရှိနိုင်တယ်ဆိုပြီး အင်္ဂလန်ရဲတပ်ဖွဲ့ ကဖမ်းဆီးစစ်မေးနေပါတယ်။ စုံထောက် Jeff Milna ကတော့ “ကျွန်တော်တို့ဟာ အစွမ်းကုန်အင်အားသုံးပြီး ပျောက်ဆုံးနေတဲ့ ရွှေအိမ်သာကို ရှာဖွေနေပါတယ်လို့ ” ဖြေကြားထားပါတယ် ခိုးယူသူတွေဟာ မနက်အစောပိုင်းလောက်မှာ ပြတိုက်ထဲကို ဖောက်ထွင်းဝင်ရောက်ပြီးခိုးယူခဲ့တာဖြစ်ပါတယ်။ အဆိုပါ အိမ်သာဟာ ပြထားယုံသက်သက်မဟုတ်ပဲ တကယ့်အလုပ်လုပ်နေတဲ့ အိမ်သာအတိုင်း အိမ်သာပိုက်များနှင့်ဆက်သွယ်ထားတဲ့အတွက် ဖြုတ်ယူသွားပြီးနောက်ပိုင်း ပြတိုက်အတွင်းရေလျှံမှုတွေ ဖြစ်ပွားနေတာတွေ့ ရပါတယ်။ ကာလပေါက်ဈေးအရ အဆိုပါအိမ်သာဟာ ဒေါ်လာ ၅ သန်းပေါက်ဈေးရှိပါတယ်