National

TNLA ယာယီအခြေပြုထားတဲ့ နမ့်ဆန်မြို့အနီး တောင်ရိုးဘုရားကုန်းကို အောင်မြင်စွာ သိမ်းပိုက်ရရှိသည် ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် မီတာ ၄၀ဝ၀ ခန့် အကွာရှိ TNLA အကြမ်းဖက်သောင်းကျန်းသူများ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား စက်တင်ဘာလ ၁၇ ရက်တွင် တပ်မတော်မှ အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သတင်း ထုတ်ပြန် ဖေါ်ပြထားသည်။ ဖြစ်စဉ်မှာ TNLA အကြမ်းဖက်သောင်းကျန်းသူများသည် တပ်မတော်မှ တစ်ဖက်သတ် အပစ်ခတ် ရပ်စဲသည့်ကာလအား အခွင့်ကောင်းယူ၍ အစိုးရအဖွဲ့ဌာနဆိုင်ရာများ ရုံးစိုက်ရာမြို့တစ်မြို့ဖြစ်သည့် နမ့်ဆန်မြို့အား စိုးမိုးထားသည့် တောင်ရိုးဘုရားကုန်းရှိ သာဿနိက အဆောက်အဦများကို အကာ အကွယ်ရယူပြီး နယ်မြေအသာစီးရယူကာ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများနှင့် စက်တင်ဘာလ ၁၃ ရက်မှ စက်တင်ဘာလ ၁၆ ရက်အထိ ထိတွေ့တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး […]

National

နောင်ချိုမြို့အတွင်း TNLA အဖွဲ့မှ ဆက်ကြေးကောက်ခံနေသူ တစ်ဦးကို ဖမ်းဆီးရမိသည်ဟုဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဘန့်ဘွေးကျေးရွာအနီး အမြင့်ကမ္ဘာဆီဆိုင်နေရာ၌ TNLA အကြမ်းဖက် သောင်းကျန်းသူများ ဆက်ကြေး ကောက်ခံနေကြောင်း သိရသဖြင့် စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် သွားရောက်၍ နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဟိုခိုကျေးရွာနေ စိန်ရွှေ (ဘ) ဦးသောင်းထွေး အား ဆက်ကြေးကောက်ခံသည့် စာရွက်စာတမ်းများ နှင့်အတူ ဖမ်းဆီး ရမိခဲ့သည် ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ယနေ့ သတင်း ထုတ်ပြန် ဖေါ်ပြထားသည်။ အဆိုပါ ဖမ်းဆီးရမိသူအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည် လည်း ဆိုသည်။ Photos & News ref: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Cele News

နှာတံမြင့်​မြင့်​​လေးနဲ့ ပုံစံတစ်​မျိုးဖြင့်​ကြည့်​​ကောင်း​နေတဲ့ ထွန်းကိုကို

မိန်းက​လေးပရိတ်​သတ်​​တွေရဲ့ ရင်​ထဲကို​နေရာယူပြီးသားဖြစ်​တဲ့ ​မော်​ဒယ်​သရုပ်​​ဆောင်​ ထွန်းကိုကိုဟာ လက်​ရှိမှာ ပွဲတက်​၊ ရုပ်​ရှင်​​တွေရိုက်​နဲ့ ပရိတ်​သတ်​အတွက်​ကြိုးစားလျက်​ရှိသလို တစ်​ဖက်​မှာလည်း ​ရေ ​ဘေးအတွက်​ပရဟိတအလုပ်​​တွေကိုလည်းတတ်​နိုင်​သ​လောက်​လုပ်​ကိုင်​​နေသူ့ဖြစ်​ပါတယ်​။ မကြာ​သေးခင်​ကပင်​ ကိုရီးယားသို့လည်​ပတ်​ကာ နှာ​ခေါင်းခွဲစိတ်​မှုတစ်​ခုပြုလုပ်​ခဲ့ပြီး လက်​ရှိမှာ မြန်​မာပြည်​ကိုပြန်​လည်​​ရောက်​ရှိကာ အနုပညာအလုပ်​​တွေကို ဆက်​လက်​လုပ်​ကိုင်​လျက်​ရှိပါတယ်​။ “ကျွန်တော့်ရုပ်က ဗမာပါဘဲ ဗျာ နှာခေါင်းက နည်းနည်းမြင့်သွားတာ့ Foreign ဘက်နည်းနည်းဆန်သွားတယ်အရင်တုန်းက ဗမာစစ်စစ်ရုပ်ပေါက်တယ် ပုံစံပြောင်းသွားတယ်လို့ထင်တယ်​ ပရိသတ်တွေက​တော့ အရင်ပုံစံကို ပိုကြိုက်ကြတယ် လို့ပြောတယ်နှာခေါင်းလေးတစ်ခုဘဲပြောင်းလိုက်တာပါ ပြန်ချစ်ပေးပါလို့ ကိုရီးယားမှာ စိတ်ချရတယ် အဲ့ကြောင့် လုပ်ဖြစ်တာပါ  နောက်ပိုင်းတော့ အသားကျသွားမှာပေါ့ခုကအယောင်လဲမကျသေးလို့ပါ နောက်ပြီးနာတာကိုက်တာလုံးဝမရှိဘူး နည်းနည်းလေးတင်းနေတယ်။ ၃လ​လောက်နေရင်တော့ okသွားမယ်ထင်တယ်” လို့ ပြောပြခဲ့ပါတယ်။ ထွန်းကိုကိုက ခွဲစိတ်​ထားတာ ၁ လ​တောင်​မပြည့်​​သေးဘဲ အနုပညာအလုပ်​​တွေကိုဆက်​လက်​လုပ်​ကိုင်​​နေတာဖြစ်​ပါတယ်​။အနုပညာကိုအရမ်းချစ်​တဲ့ ​မော်​ဒယ်​သရုပ်​​ဆောင်​ မင်းသား ထွန်းကိုကို ရဲ့ ​ပြောင်းလဲလာတဲ့ ရုပ်​​အ​ပေါ် ချစ်တဲ့​​ပရိတ်​သတ်​​တွေက […]

National

ဆိုင်ကယ်အရှိန်လွန်၊ဓါတ်တိုင်ဝင်တိုက်ပြီး လူက သံလွင်မြစ်ထဲကျ

မော်လမြိုင်မြို့ကမ်းနားလမ်အထ္တရံဟိုတယ်ကွေ့တွင် ဆိုင်ကယ်တစ်စီးမှ အရှိန်လွန်ပြီး အထ္တရံ ဟိုတယ် စားသောက်ဆိုင် နောက်ဝင်ပေါက်ဝရှိ ဓါတ်တိုင်အား ဝင်တိုက်ပြီး ဆိုင်ကယ်က အပေါ်မှာကျန်ခဲ့ပြီး လူက မြစ်ကမ်းထဲ ပြုတ်ကျသွားမှု ဖြစ်ပွားခဲ့ပါသည်။ အခင်းဖြစ်ရပ်သို့မော်လမြိုင်RESCUEလူမှုကယ်ဆယ်ရေးအဖွဲနှင့် ကျိုက်ဖနဲ (၁၆)နယ်မြေ လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ရောက်ရှိလာပြီး လူနာအား မြစ်ကမ်းမှမတင်ကာမော်လမြိုင်RESCUEအရေးပေါ် ကားဖြင့် ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။ လူနာ၏ဆိုင်ကယ်အားမော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ရုံးတွင်သယ်ဆောင်လာ၍ထိန်းသိမ်းထားပေးပါသည်။ Source: မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့