National

ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာနွယ်ဖွားမိသားစုမှ ကျောင်းသူနှစ်ဦး ဂျပန်နိုင်ငံ စက်မှုသိပ္ပံပြပွဲသို့  တက်ရောက်ရန် ထိုင်းအစိုးရ ခွင့်ပြု

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါင်း(ထိုင်းမြန်မာနယ်စပ်) ဒေသ နမ့်စောင် ယာရီ ဆဲ့ ချီ အသက် (၁၂) နှစ် နမ့် စောင် ခန်ဖွန် သီရ Khamphonthaya အသက် ၁၅ နှစ်(ရှမ်းနွယဖွား) နှစ်ဦးကို ဂျပန်နိုင်ငံနိုင်ငံမှာ ကျင်ပမယ့်Small Power Change the World Project Year 7 အသေးစား စွမ်းအင်တီထွင်ပြပွဲတက်ရောက်ရန်အတွက် ထိုင်းအစိုးရက ယာယီခ၇ီးသွားခွင့် (အ၀ါရောင် စာအုပ်) ထုတ်ပေးလိုက်ပြီလို့  သိရပါတယ်။ သူတိုနှစ်ဦးဟာ ထိုင်းနိုင်ငံမှာ အ နေကြာမြန်မာနွယ်ဖွား မိဘတွေရဲ့  ကလေးတွေဖြစ်ပါတယ်။ ထိုင်အစိုးရကထုတ်ပေးတဲ့ ၁၀ နှစ်ခံ နေထိုင်ခွင့် ကပ်ပြားတွေနဲ့  ထိုင်းကျောင်းတွေမှာ ပညာသင်ကြားနေ ကြရတာပါ။ […]

National

ဧရာဝတီတိုင်းဒေသကြီးမှ တောင်ကြီးကိုသွားတဲ့ ပန်းရံအလုပ်သမား(၂၀)ကျော် လမ်းမှာပျောက်ဆုံးနေ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ကျေးရွာတွေက ပန်းရံအလုပ် သမား(၂၀)ကျော် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့(စိစစ်ဆဲ)ကို အလုပ်လုပ်ဖို့ စက်လှေနဲ့ ရေလမ်းကိုဖြတ်ချိန် လမ်းမှာပျောက်ဆုံးပြီး အဆက်အသွယ် မရဖြစ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။ “သတင်းအခြအမြစ်ကမှန်တယ်။ ဖြစ်စဉ်ကတော့ လူတွေနဲ့ပထမလှေတစ်စင်းတက်သွားတယ်။ လှေပေါက်သွားလို့ နောက်လှေတစ်စင်းနဲ့ကယ်ဆယ်တယ်။ အဲဒီစက်လှေလည်း ပန်ကာပြုတ်ကျသွားတယ်လို့လည်း ပြောတယ်။ အဲဒီဖြစ်စဉ်ကို သက်ဆိုင်ရာရဲစခန်းကို အပြည့်အစုံပြန်တင်ပြခိုင်းထားတယ်။ ဖြစ်စဉ်အခြေအနေအမှန်ကို တင်ပြခိုင်းထားပါတယ်။”လို့ ဒုရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ စက်တင်ဘာ(၁၄)ရက်ကတည်းကဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အနည်းဆုံးလူ(၂၅)ယောက်အထိ ပျောက်ဆုံးနေတယ်လို့ ကနဦးသတင်းတွေရသိရပေမယ့် ဒုတိယရဲမှုးကြီးကတော့ ပျောက်ဆုံးလူဦးရေကို အတည်ပြုဖို့ကြိုးစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ Source: Omedia

International

ဖိလစ်ပိုင်၌ ကုန်တင်ယာဉ်တစ်စီး ချောက်ထဲ ထိုးကျ၊ ၁၅ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကုန်တင်ယာဉ် တစ်စီး ချောက်ထဲသို့ထိုးကျရာ ယာဉ်ပေါ် တွင်လိုက်ပါလာသူ ခရီးသည် ၁၅ ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသတွင်း အရေးပေါ်ဌာနမှ တာဝန်ရှိ သူများက ပြောသည်။ အဆိုပါ ကုန်တင်ယာဉ်သည် မနီလာ မြို့တောင်ဘက် ကီလိုမီတာ ၁၀၃၀ အကွာတောင်ပိုင်း ကိုတာဘာတိုပြည်နယ်ရှိ တီဘိုလီ မြို့အတွင်း မောင်းနှင်နေစဉ် ချောက်ထဲသို့ထိုးကျခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့သည် ယာဉ်မတော်တဆမှုဖြစ်ပွားရာနေရာမှ လူသေအလောင်း ၁၅ လောင်းကိုတွေ့ရှိ ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ရိုလီအကွီနိုက ပြောသည်။ ကုန်တင်ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည်အရေအတွက်ကို အတိအကျမသိ ရသေးကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ များကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်ပြီး […]

Crime news International

၁၆နှစ်အရွယ်ကောင်လေး သေလုနီးပါး ဓါးနဲ့အထိုးခံနေရတာကို မကူညီပဲ video ရိုက်ပြီး snapchat ပေါ်တင်ခဲ့ကြတဲ့ ဆယ်ကျော်သက်လေးတွေ

ဓါတ်ပုံပါ အသက် ၁၆ နှစ်အရွယ် လူငယ်လေး ခဲဆန်မောရစ်ဟာ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ သေလောက်အောင် ထိုးခံထားရတဲ့ ဓါးဒဏ်ရာတွေနဲ့ သွေးအိုင်ထဲမှာလဲနေပါတယ်။ သူ့ကို ၀ိုင်းပြီးကြည့်နေတဲ့ သက်တူရွယ်တူလူငယ်အရေအတွက် ဟာ အယောက် ၅၀ လောက်ရှိပါတယ်။ ဒါပေမယ့် အဆိုပါ အယောက် ၅၀ဟာသူ့ကို ကူညီဖေးမဖို့၊ ဆေးရုံပို့ဖို့ ကြည့်နေတာဟုတ်ပါဘူး။ Snapchat လို့ ခေါ်တဲ့ social media ပေါ်ကို ဒီသတင်းနဲ့ ပုံတွေကို အပြိုင်တင်ဖို့ ရိုက်ယူနေကြတာပဲဖြစ်ပါတယ်။ ခဲဆန်မောရစ်ဟာ ဆေးရုံအရောက်မှာ အဲ့ဒီဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ နောက်လမှာဆိုရင် သူဟာ အသက် ၁၇ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အဲ့ဒီဖြစ်ရပ်ကို မျက်မြင်တွေခဲ့တဲ့ရဲအရာရှိကတော့ ” လူငယ်တွေဟာ သူတို့ သူငယ်ချင်း မောရစ်ကို ကူညီရမယ့်အစား video ရိုက်ပြီး […]

Crime news National

ထိုင်းနိုင်ငံအတွင်းရှိ ကရင်လူမျိုးများအရေးအတွက် တက်ကြွလှုပ်ရှာသူ အသက်ခံရသည့်အမှု စတင်စစ်ဆေးပြီ

၂၀၁၄ ခုနှစ် ပြီလ ၁၇ ရက် နေက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင် ကမ်ကရချန် အမျိုးသား သစ်တောကြိုးဝိုင်း အတွင်းမှာ အသတ်ခံရတဲ့ နိုင် ဖေါ်ရကြည်ရပ်ကျုံကျလန် (ဘီလီ) Porlajee “Billy” Rakchongcharoenရဲ့ အမှုကို DSI အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ က လေးလ တာ စစ်ဆေးခဲ့ပြီး တဲ့နောက် ခုလို လူသတ်မှုမှာ ပါဝင်ပါတ်သက်နေသူ လေးဦးကိုတရားရုံးက ခေါ်ယူစစ်ဆေးတာဖြစ်ပါတယ်။ သစ်တောအကြီးတန်း အရာရှိတွေ ပါဝင်နေတဲ့ ပါဝင်ပက်သက်နေတဲ့သူ(၄)ဦးကို လူသတ် မှု -တရားမ၀င် ဖမ်းဆီးချုပ်နှောင်မှုနဲ့  လုယက်မှု နဲ့  ရုံးတင်တရားစွဲမှာဖြစ်ကြောင်း ဘန်ကောက်ပိုစ့်သတင်းမှာ ဖေါ်ပြထားပါတယ်။ လူသတ်တ၇ားခံ လေးဦးကို ဖမ်းဝရမ်းထုတ်နိုင်ဘို့  နောက်ထပ် ခိုင်လုံတဲ့သက်သေ အထောက်အထားတွေရှိနေပြီလို့ လည်း […]

Crime news

ဘန်ကောက်မြို့ မှာ ထိုင်းနာမည်ကြီး ဖက်ရှင်မယ် ပါတီပွဲကအပြန် သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  Talat Phlu ဈေးအနီးက ကွန်ဒို တိုက်ခန်းအောက်က ဧည့်ခန်းဆောင်မှာ စက်တင်ဘာလ ၁၇ ရက်နေ့  မနက်ကသေဆုံးနေတဲ့ လာလာဘလ် လို့  လူသိများတဲ့ ဖက်ရှင်မယ် ကစ်တီမာ အသက် (၂၅ )နှစ် Thitima Noraphanphiph ရဲ့ ဖြစ်ရပ်ကို သတင်းတိုင်းမှာ ဖေါ်ပြနေတာတွေ့ ရပြီး ထိုင်းနိုင်ငံသားတွေ စိတ်ဝင်စားဆုံးထိပ်တန်း သတင်းဖြစ်ပါတယ်။ သူမသေဆုံးမှုမှာ(သတိမေ့ လွန်ကာ နှလုံး ခုံရပ်သေဆုံး) သံသယ ရဖြစ်စရာက စက်တင်ဘာ ၁၆ရက်နေ့ ညပါတီပွဲမှာ ဆေးခတ်ခံခဲ့ရတာလို့ သူမရဲ့  မိသားစုဝင်တွေက ယုံကြည်နေကြပါတယ်။ ပါတီပွဲတစ်ခုကနေ သူမကို နောက်ဆုံးခေါ်သွားတဲ့ နိုင်ရချဒက် အသက် ၂၅ နှစ်(အနီရောင်အနွေးထည် ၀တ်ထားသူပုံ) […]

Sports

သက်ထားသူဇာရဲ့ကြက်တောင်စွမ်းရည် ကမ္ဘာ့အဆင့်မှာ မြင့်တက်

မြန်မာကြက်တောင်လက်ရွေးစင်သက်ထားသူဇာ ဟာ Myanmar International Series 2019 ပွဲမှာပူးတွဲတတိယဆုရခဲ့ပေမဲ့ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်ကဒီကနေ့ ကမ္ဘာ့အဆင့် ၇၃ မှ ၇၀ သို့ တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ Congratulations  ဒီကနေ့မှာတော့ သူမဟာ မော်ဒိုက်မှာကျင်းမနေတဲ့နိုင်ငံတကာ Future Series ကို ၀င်ရောက်ယှဉ်ပြိုင်နေပြီဖြစ်ပါတယ်။ Source: Online News