Crime news

ထိုင်းမြန်မာနယ်စပ် မှာ အွန်လိုင်းကနေ အလုပ်ရှာဖွေ နေသူ မိန်းကလေး (၅၀) ကျော် အလိုမတူဘဲ လိင်ဆက်ဆံ ခံရ

တပ်ခရိုင် မဲဆောက်မြို့ က Mae Ku မဲကု Mae Kasa မဲကစာ Mae Pa မယ်ပ နဲ့  ထဆိုင်လွတ်(၀) Tha Sai Luad ရပ်ကွက်တွေမှာ နေထိုင်နေကြသူတွေရဲ့  ကိုယ်တွေ့ ဖြစ်ရပ် ကို မဲဆောက်အခြေစိုက် သက်တန့် ရောင်စုံ သတင်းထောက်က ရေးသားဖေါ်ပြထားတာပါ။ အွန်လိုင်းကနေ အလုပ်ရှာနေတဲ့ အမျိုးသမီးတွေကို တနာရီကို ထိုင်းဘတ် ငွေ (၅၀၀) ကျပ်နှစ်သောင်းခွဲ နဲ့ နိုင်ငံခြားသားဧည့်ကြိုဆိုရေး၊ ဖက်ရှင် အလှပြမယ် Pretty ၊ ခရီးသွား လမ်းပြ အလုပ် စသဖြင့် မက်လုံးပေး ကြော်ငြာပြီး “ငါးစားချ ” မြှား ခေါ်ထားတာဖြစ်ပါတယ်။ အွန်လိုင်း ကနေ […]

Crime news

လေးနှစ်အရွယ် ကလေးငယ်ကိုမှ သားမယားပြုကျင့်တဲ့ ဖြစ်ရပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် စက်တင်ဘာလ( ၁၈ )ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်၌ အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရကြောင်းသိရှိရသည်။ ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မိုင်သော်အရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာတွင် မနန်း…(၄)နှစ်အရွယ် ကလေးငယ်သည် တစ်ရွာတည်းနေ စိုင်းထွန်းအောင်(၁၃)နှစ်၏ နေအိမ်အောက်ထပ်တွင် ဆော့ကစားနေစဉ်စိုင်းထွန်းအောင်(၁၃)နှစ်မှ အိမ်ပေါ်ထပ်သို့ပွေ့ချီကာခေါ်သွားခဲ့ပြီး အိပ်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဖွားဖြစ်သူထံသို့ငိုယိုပြီး ပြန်လာသည့် ကလေးငယ်အား မေးမြန်းကြည့်ရာမှ မုဒိမ်းကျင့်ခံခဲ့ရကြောင်းသိရပြီး ရဲစခန်းသို့တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သားမယားပြုကျင့်ခဲ့သည့် စိုင်းထွန်းအောင်( ၁၃ )နှစ်၊ (ဘ)ဦးစိုင်းဝါယမ၊ နယ်မြေ(၁၀)၊ မိုင်သော်အရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာ၊ ရွှေညောင်မြို့ နေထိုင်သူအား ရွှေညောင်မြို့နယ်မြေရဲစခန်း(ပ)၁၄၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ Source: […]

Cele News

ကားရိုက်နည်းလာလို့ မုန့် ဟင်းခါးပဲပြန်ရောင်းတော့မယ့် သရုပ်ဆောင် အေးသီတာ

အေးသီတာကတော့ အောင်မြင်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူမပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ ဝါရင့်သရုပ်ဆောင်ပီပီအကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ ဗီဒီယိုဈေးကွက်ပျက်သွားလို့ ဗီဒီယိုတွေ ရုပ်ရှင်ဇာတ်ကားတွေမရိုက်ကူးရတဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ် သူမကတော့ ” အခုချိန်မှာ ဝင်ငွေက ကိုယ်ယောကျာ်းရဲ့ အလုပ်ပဲ ရှိတာပေါ့ ကားရိုက်တွေဘာတွေကလဲ ရှားပါးလာပြီဆိုတော့ ကိုယ့်အရင်မုန့်ဟင်းခါးရောင်းတဲ့ အလုပ်ပဲ ပြန်လုပ်ရမှာပေါ့ အရင်တုန်းက တစ်ရက်နှစ်ရက်နားရင်တောင် ငိုချင်သလို ရီချင်သလိုဖြစ်နေတာ အခုလို အကြာကြီးဆိုတော့ စိတ်ဓာတ်ကျတော့ပေါ့” ဆိုပြီး ပြောထားခဲ့ပါတယ်။ အေးသီတာကတော့ “ဇာတ်ကားတွေ မရိုက်ရတော့ဘူး အဲ့တာကြောင့် မုန့်ဟင်းခါးပြန်ရောင်းဖို့ စဉ်းစားထားတယ် လမ်းဘေးမှ မုန့်ဟင်းခါးရောင်းရင်းကနေ ရုပ်ရှင်လောကထဲ စဝင်လာတာပါ…အရင်က မုန့်ဟင်းခါးလဲရောင်းတယ် စာလဲသင်တယ် ရုပ်ရှင်လဲရိုက်တယ်. ” ဆိုပြီး ပြောထားရာ အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။ Credit: […]

Uncategorised

တရုတ်တိုင်ပေကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်သွားသည့် သက်ထားသူဇာ

မော်လဒိုက်၌ ကျင်းပနေသည့် Maldives International Future Series 2019 ကြက်တောင်ပြိုင်ပွဲ တွင် မြန်မာအားကစားမယ် သက်ထားသူဇာသည် တရုတ်တိုင်ပေကြက်တောင်မယ် ရာဇူကျူ့နှင့် ယနေ့ ယှဉ်ပြိုင်ရာ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ နိုင်ခြေအဆင့်(၁) သတ်မှတ်ခံထားရသည့် သက်ထားသူဇာက တရုတ်တိုင်ပေကြက်တောင်မယ် ရာဇူကျူ့(၂၁-၇၊ ၂၁-၁၅)နှင့် ၂ပွဲပြတ် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွား ခြင်းဖြစ်သည်။ “သူနိုင်သွားပါပြီ။ ဒါက ရှုံးထွက်ပွဲစဉ်ဖြစ်တာကြောင့် ကွာတားဖိုင်နယ်ကို သူတက်သွားပြီပေါ့”ဟု သက်ထား သူဇာ၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။ ထိုပွဲတွင် အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲအတွက် Round 2 (၁၆ဦးအဆင့်)ရှုံးထွက်ပွဲကနေ စပြီး ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။ Maldives International Future Seriesက ကမ္ဘာ့ကြက်တောင် […]

International

လေယာဉ်မှုး နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခဲ့တာကြောင့် လေယာဉ်ခရီးစဉ် ၁၁ နာရီ နောက်ကျခဲ့

ဗီယက်နမ်-တောင်ကိုရီးယား ပျံသန်းနေတဲ့ T’way Air လေကြောင်းလိုင်းက လေယာဉ်မှူးဟာ နိုင်ငံကူး လက်မှတ်ပျောက်ဆုံးနေတဲ့အတွက် လေဆိပ်ထဲကို ဝင်ခွင့် မရှိခဲ့ပါဘူး။ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးနေခဲ့တဲ့ လေယာဉ်မှူးဟာ တောင်ကိုရီးယားလေကြောင်းလိုင်းဖြစ်တဲ့ T’way Air လေကြောင်းလိုင်းက လေယာဉ်မှူးဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးနေတဲ့အတွက်ကြောင့် လေဆိပ်ထဲ ဝင်ခွင့်မရခဲ့ဘဲ ခရီးသည်တွေလည်း ၁၁ နာရီကျော် စောင့်ဆိုင်းခဲ့ရပါတယ်။ လေယာဉ်ခရီးစဉ်ကတော့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ကနေ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ကို ပျံသန်းမှာ ဖြစ်ပါတယ်။ ခရီးသည် ၁၆၀ တင်ဆောင် ပျံသန်းမယ့် ဒီခရီးစဉ်မှာတော့ ပျောက်ဆုံးနေတဲ့ လေယာဉ်မှူးရဲ့ နိုင်ငံကူးလက်မှတ် ပြန်လည် ရရှိအောင် ဆောင်ရွက်ပြီးတော့မှသာ ပျံသန်းခွင့် ရခဲ့ပါတယ်။ ဒီခရီးစဉ်ကို စက်တင်ဘာ ၁၃ ရက်နေ့၊ သောကြာနေ့ ည ၁၀ နာရီ […]

Cele News

အပျိုကြီး လုပ်​မလုပ်​ ကြို​ပြောလို့မရ​သေးဘူးလို့ဆိုတဲ့ ​ဝတ်​မှုန်​​ရွှေရည်

ပရိတ်​သတ်​​တွေ တအားချစ်​ရတဲ့ မင်းသမီး​ချော​လေး ဝတ်​မှုန်​​ရွှေရည်​​ က​တော့ အနုပညာ ​လောကမှာ ​အောင်​မြင်​မှု အထွတ်​အထိပ်​ကို ရရှိထားတဲ့ မင်းသမီး​ချော​လေးဘဲဖြစ်​ပါတယ်​။ သူမဟာ အနုပညာ အလုပ်​​တွေကို ရူးသွပ်​သူပီပီ ယ​နေ့အထိ အနုပညာအလုပ်​​တွေကိုမနားမ​နေ လုပ်​ကိုင်​​​နေလျက်​ရှိပါတယ်​။ ဝတ်​မှုန်​​ရွှေရည်​ဟာ ဂျပန်​မြန်​မာ ချစ်​ကြည်​​ရေး ဇာတ်​လမ်း​လေးဖြစ်​တဲ့ “ဇာတိ​မြေ”ရုပ်​ရှင်​ဇာတ်​ကား​လေးဟာလည်း ​အောင်​မြင်​မှုရရှိခဲ့ပြီး ထိုင်းနဲ့တွဲဖက်​ရိုက်​ကူးခဲ့တဲ့ “လိပ်​ပြာစံအိမ်​”ဇာတ်​ကား​လေးဟာလည်း ပရိတ်​သတ်​ကြားအ​တော်​​လေး ​အောင်​မြင်​ခဲ့ပါတယ်​။ အခုတစ်​ခါမှာလည်း မင်းသမီး​လေး ဝတ်​မှုန်​​ရွှေရည်​​ က ကို၇ီးယားမင်းသားနဲ့”တိမ်​​တွေ ​ပေါ်ကပန်း”ဇာတ်​ကားမှာ အတူတူ သရုပ်​​ဆောင်​တာ​တွေ့ရဦးမှာပါ။ လတ်​တ​လော မှာ​တော့ ဒါ၇ိုက်​တာ ပွင့်​သီင်္ဂီ​ဇော်​ရိုက်​ကူးမယ့်​”တစ်ဦးတည်းသော ဣတ္ထိယ”ဇာတ်​ကားမှာ ဟိန်း​ဝေယံ ၊​ရွှေထူးတို့နဲ့ အတူတွဲကာ သရုပ်​​ဆောင်​ကြဦးမှာဖြစ်​ပါတယ်​။အနုပညာ အလုပ်​​တွေကို အချိန်​​ပေးပြီး ကြိုးစား​နေတဲ့ ကစ်​​လေးရဲ့ အချစ်ေ​ရးကို စိတ်​ဝင်​စား​နေတဲ့ပရိတ်​သတ်​များလည်း ရှိပါတယ်​.. ကစ်​ကအပျိုကြီးလုပ်​မှာလား ​မေးခွန်းကို “မသိ​သေးဘူး […]