National

ဧရာဝတီမြစ် အတွင်း တွန်းသင်္ဘောပေါ်တွင် မီးလောင်မှု ဖြစ်ပွား

၂၁.၉.၂၀၁၉ ရက်နေ့၊ (၁၇ ၀၀) အချိန်ခန့်၊ ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဧရာဝတီမြစ် အတွင်းရှိ စက်ကွင်း ဂုန်လျှော်ဆိပ်ကမ်းရှိ တွန်းသင်္ဘောပေါ်တွင် မီးလောင်မှု ဖြစ်ပွား ကြောင်း သတင်းရရှိသဖြင့် မြန်အောင်မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် (၁၉) တို့ဖြင့် သွားရောက်၍ အပေါ့စား မီးသတ်စက်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ (၁၈ ၄၀) အချိန်တွင် မီးငြိမ်းပါသည်။ Photos & News: Myanmar Fire Services Department

Cele News

ထိုင်းနိုင်ငံမှာ လမ်းဘေးဓါတ်တိုင်ဝင်တိုက်ခဲ့သည့် ကုန်ကားပေါ် မှ ဘတ်သန်းပေါင်း ၂၃၀ တန်ဘိုးရှိ ရေခဲ မူးယစ်ဆေး များတွေ့ 

ထိုင်းနိုင်ငံ ဖက်ဘူခရိုင် မြို့ ဝင်လမ်းမ တံတားမှာ စက်တင်ဘာလ၂၁ရက်နေ့ ညက လမ်းဘေးဓါတ်တိုင်ကို ၀င်တိုက်ခဲ့တဲ့ ကုန်တင်ကားကြီးတစ်စင်းပေါ်က လမ်းဘေးမှာ ထွက်ကျနေတဲ့ လက်ဖက်ခြောက်ထုတ်တွေ ဟာ မူးယစ်ဆေးတွေဆိုသွား သိသွားခဲ့ကြတာပါ။ ကားမောင်လာသူ (နာရာသီဝခရိုင်) တောင်ပိုင်းသား သားအဖနှစ်ဦး ကို ဆေးရုံပိုခဲ့ပြီး သန့် ရှင်းရေး လုပ်သားတွေ က လာရောက်ဆေးကြောလမ်းရှင်းတော့မှ ကားပေါ်မှာ တင်လာတဲ့ လက်ဖက်ခြောက်ထုတ်တွေဟာ ရာအိုင်းရေခဲ မူးယစ်ဆေးတွေ ဖြစ်နေတာ ရဲတပ်ဖွဲ့ ကို သတင်းပေးခဲ့လို့ရဲတွေက သိသွားခဲ့ပါတယ်။ တရားခံနှစ်ဦးဖြစ်တဲ့ Mr. Wilada Na Laoha ၀ီလဒ နလိုဟ အသက်၁၈ နှစ် နဲ့  အာဒီနမ် လိုဟ အသက် ၄၅နှစ်တို့ ကို ဖက်ဘူရီရဲတပ်ဖွဲ့ က […]