Cele News

မြန်မာဝတ်စုံလေးနဲ့ ကလေးဆန်ပြီးချစ်ဖို့ကောင်းနေတဲ့ ဆိုဖီယာ

ဆိုဖီယာလေးကတော့ Myanmar Idol ကအဆိုရှင်လေးဖြစ်ပါတယ်။ခပ်မိုက်မိုက်ပုံစံလေးတွေပဲဝတ်ဆင်တာဖြစ်ပြီး မြန်မာဝတ်စုံဝတ်ဆင်တဲ့ပုံလေးကတော့ မတွေရသလောက်ရှားပါးပါတယ်။အခုအခါမှာတော့ မြန်မာဝတ်စုံလေးနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဂီတအနုပညာပိုင်းမှာ တော်ရုံသာမက အသံအနေအထားကိုလဲအမျိုမျိုး လုပ်ယူဆိုပြနိုင်တဲ့ပါရမီရှင်လေးဖြစ်ပါတယ်။ သူမရဲ့ ဂီတအနုပညာဖန်တီးမှုလက်ရာ‌တွေကို ပရိသတ်တွေကြိုက်နှစ်သက်ကျတာပဲဖြစ်ပါတယ်။ သူမကို အခုတွေ့ရှိရတဲ့ပုံစံလေးကတော့မြန်မာဝတ်စုံလေးနဲ့ ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့အမူအယာလေးတွေနဲ့တွေ့ရှိရမှာပဲဖြစ်ပါတယ်။ချစ်ဖို့ကောင်းတဲ့ သူမရဲ့ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Photo Source; Sophia Everest Aurora

Cele News

ပုဂံမြို့သို့အလည်လွန်နေသူလေး မိုးစက်ဝိုင်

မော်ဒယ်လောကရဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး သရုပ်ဆောင်လုပ်ငန်းပိုင်းကိုလဲ အားမာန်အပြည့်နဲ့ကြိုးစားလုပ်ကိုင်တဲ့ အနုပညာရှင်လေးကတော့ မိုးစက်ဝိုင်ပဲဖြစ်ပါတယ်။သူမပါဝင် သရုပ်ဆောင်အားဖြည့်မယ့် ရုပ်ရှင်ဇာတ်ကားကြီးကတော့ တခြားနိုင်ငံက သရုပ်ဆောင်များလဲပါဝင်မှာဖြစ်ပြီး မကြာခင်မှာရိုက်ကူးတော့မှာဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ အနုပညာအားလပ်ချိန်မှာ အပန်းဖြေခရီးအနေနဲ့ ပုဂံမြို့သို့ရောက်ရှိနေတာဖြစ်ပြီး အချစ်စာသားကဗျာလေးတွေကိုသီကုံးပြီ ပုဂံမှာရိုက်ကူးထားတဲ့ သူမရဲ့လှပတဲ့ပုံရိပ်ကလေးတွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သူမအခုရောက်ရှိနေတဲ့ ပုဂံမြို့လေးရဲ့သာယာလှပမှုနဲ့ သူမရဲ့ အလှတရားတွေပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပြီးပြည့်စုံတဲ့ ဓါတ်ပုံလေးတွေအဖြစ်နဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ် ။ ထိုဓါတ်ပုံလေးတွေကိုမျှ ကြည့်ရှုခံစားဖို့အတွက် မျှဝေပေးလိုက်ပါတယ်။ Photo Source ; Moeset Wine

Cele News

Halloween Party လေးမှာ ကြောက်စရာမကောင်းဘဲ အရမ်းချစ်ဖို့ကောင်းနေတဲ့ ထိပ်ထားသခင်

ထိပ်ထားသခင်လေးကတော့ သူမရဲ့ချစ်ဖို့ကောင်းတဲ့အမူအယာလေးတွေကြောင့်ပရိသတ်တွေရဲ့ အသည်းတုန်ရောင်ချစ်ရတဲ့ ကလေးလေးဖြစ်ခဲ့ပြီး အနုပညာမှာ ကလေးသရုပ်ဆောင်အနေနဲ့လဲ ခြေချနေပီပဲဖြစ်ပါတယ်။ အသက်ငယ်သော်လည်း အနုပညာပါရမီ ပါလှပြီး ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့အတွက်တောင် ကမ်းလှမ်းခံထားရပြီး ဘယ်လိုမျိုးသရုပ်ဆောင်ချက်တွေနဲ့တွေ့မြင်ခံစားရမလဲဆိုတာကတော့ စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ အောက်တိုဘာလ၃၁ရက်နေ့ကို Halloween day လို့သက်မှတ်ထားတာကြောင့် သူမတက်ရောက်နေတဲ့ Pingu’s English ကျောင်းရဲ့ Halloween party ပွဲမှာတော့ ကြောက်ဖို့မကောင်းဘဲချစ်ဖို့ကောင်းတဲ့သူမရဲ့ပုံစံလေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Photo Source ; ထိပ်ထားသခင်

Cele News

“တစစ်တမက် ကိုယ်နှင့်သက်ကို” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲကို မြန်မာပုဆိုးလေးနဲ့တက်ရောက်ခဲ့တဲ့ တိုင်ရွန်

တိုင်ရွန်ကတော့ အနုပညာလောကထဲမှာဆိုရင် မော်ဒယ်လောကမှဝင်ရောက်ခဲ့တာဖြစ်ပြီး သရုပ်ဆောင်ပိုင်းကိုခြေချမိတဲ့အချိန်မှာတော့ သူ့ရဲ့အနုပညာတွေကိုအကောင်းဆုံးချပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူပါဝင်အားဖြည့်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလဲ ရုံတင်ပြသနေတာဖြစ်ပြီး မျှော်လင့်ထားတာထက်အောင်မြင်မှုအတိုင်းအတာကိုကျော်လွန်ခဲ့ပါတယ်။ တစစ်တမက်ကိုယ်နှင့်သက်ကို ဇာတ်ကကြီးကတော့ သူရဲ့အစွမ်းအစတွေကိုထုတ်ပြနိုင်မယ့် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားလည်းဖြစ်နိုင်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကိုတော့အောက်တိုဘာလ ၃၁ရက်နေ့မှာပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ သူပါဝင်အားဖြည့်ရမယ့် ထိုရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကိုတက်ရောက်ခဲ့တဲ့အခါမှာတော့ မြန်မာပုဆိုးလေးနဲ့ တက်ရောက်ခဲ့တာဖြစ်ပြီး အမြင်ဆန်းစေတဲ့ ပုံစံလေးကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ထိုပုံရိပ်ကလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ Photo Source ; Sunday Journal

Cele News

ကိုလိုနီခေတ်က အပြင်အဆင်နဲ့ တွေ့မြင်ရအုန်းမယ့် သုံးပန်လှကျိန်စာ ဇာတ်ကားကြီးထဲမှ စိုးပြည့်သဇင်

သုံးပန်လှကျိန်စာဇာတ်ကကြီးထဲမှာတော့ အချိန်ကာလမတူညီတဲ့ ခေတ်ကာလ သုံးခုကို မတူညီတဲ့ပုံစံအနေအထားများနဲ့တွေ့ရှိရမှာဖြစ်တဲ့အပြင် ဇာတ်လမ်း ဇာတ်အိမ်ဖွဲ့မှုများကလည်း သေသပ်ခိုင်မာစွာဖွဲ့စည်းထားတာကြောင့် မျှော်လင့်ထားတာထက်ပိုမိုကျော်လွန်ပြီးတွေ့မြင်ရမလားဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။ ထိုရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကခေတ်တစ်ခေတ်ဖြစ်တဲ့ ကိုလိုနီခေတ်က မိန်းမပျိုလေးတစ်ယောက်အနေနဲ့လည်း အဓိကအမျိုးသမီးဇာတ်ဆောင်ဖြစ်တဲ့ စိုးပြည့်သဇင်ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်ကွက် ဒါရိုက်တာပြီးရင် သရုပ်ဆောင်များက ဇာတ်ကားတစ်ကားရဲ့ မရှိမဖြစ် အဓိကအရေးအပါဆုံးပါ။ စိုးပြည့်သဇင်အနေနဲ့ ထိုကားကြီးအတွက် အဝတ်အစားအပြင်အဆင်ကအစ လစ်ဟာမှုမရှိအောင် ပြင်ဆင်ထားတာဖြစ်ပြီး ကိုလိုနီခေတ်အတွက် ထိုခေတ်ကအဝတ်အစားအပြင်အဆင်နဲ့ လိုက်လျော ညီထွေအောင် သေသပ်စီစစ်ပြီးပြင်ဆင်ထားတာပဲဖြစ်ပါတယ်။သူမအနေနဲ့ကတော့ လောလောဆယ် ထိုကားကြီးနဲ့ပတ်သက်ပြီး မြစ်ကြီးနားကြိရောက်ရှိနေတာပဲဖြစ်ပါတယ်။ Photo Source; Soe Paye Thazin

Cele News

အနီရောင်ဝတ်စုံလေးနဲ့ လှပနုပျိုဆဲ ဖြစ်တဲ့ မော်ဒယ်လောကရဲ့ ပဲ့ကိုင်ရှင် တင်မိုးလွင်

မော်ဒယ်လောကရဲ့ ပဲ့ကိုင်ရှင်တစ်ဦးလို့ခေါ်ဆိုလို့ရတဲ့ တင်မိုးလွင်ကတော့ အခုချိန်ထိ ငယ်ရွယ်လှပနုပျိုဆဲဖြစ်ပြီး တက်သစ်စ လူငယ်များနဲ့ယှဉ်ရင်တောင် သူမကပိုပြီး နုပျိုနေပါတယ်။သူမကတော့ အနုပညာနဲ့ ပတ်သက်လာရင်တော့ မော်ဒယ် အလုပ်နဲ့ အစီအစဉ်တင်ဆက်သူ လုပ်ငန်းကိုဦးစားပေးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ရာစုနှစ်တစ်ခုအထိ မော်ဒယ်လောကကိုစိုးမိုးထားပြီး အသက်အရွယ်ရလာတဲ့အခါမှာတော့ မော်ဒယ် Trainer တစ်ဦးအနေနဲ့ ရပ်တည်နေတာဖြစ်ပြီး သူမရဲ့ သင်ကြားပို့ချမှုတွေကလဲ စီစစ်တာကြောင့် သင်ကြားမှုဦးရေကလဲ အမြဲတမ်းတိုးနေဆဲ ဖြစ်ပါတယ်။အခုမှာတော့ အချိန်အတိုင်းအတာအချိန်တစ်ခုကိုရောက်ရှိနေသော်လည်း ငယ်ရွယ်နုပျိုနေဆဲဖြစ်ပါတယ်။ အနီရောင်ဝတ်စုံလေးနဲ့ ဓါတ်ပုံလေးတွေထဲမှာတော့ သူမရဲ့ ငယ်ရွယ်နုပျိုမှုကို ဘယ်လိုထိန်းသိမ်းထားလဲဆိုတာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။အလှအပတွေသိုဝှက်သိမ်းစည်းထားတဲ့ သူမရဲ့ ဓါတ်ပုံလေးတွေကို ကူယူးကာ ပရိသတ်တွေကြည့်ရှုခံစားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ Photo Source ; Tin Moe Lwin

Cele News

Body ကိတ်ဖို့ Gym ဆော့ပါဆိုတဲ့ ထူးအောင်

ထူးအောင်ကတော့ ခန္ဓာကိုယ် အချိုးအစား အမိုက်စားနဲ့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလှတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ကျမ်းမာရေးအရကော ခန္ဓာကိုယ် အလှကိုထိန်းသိမ်းနိုင်ဖို့အတွက် Gym ဆော့ကာထိန်းသိမ်း ထားသင့်ကြောင်းကိုလဲပြောပြထားပါတယ်။ သူအနေနဲ့ကတော့ အနုပညာလုပ်ငန်းတွေကိုလဲ သရုပ်ဆောင်လုပ်ငန်းဘက်မှာ အကောင်းဆုံး ပရိသတ်တွေကို ချပြနေတာပဲဖြစ်ပါတယ်။ထူးအောင်ကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲကလဲပြသနေတာပဲဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ်က အောင်မြင်မှုတွေကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။ “Body ကိတ်ဖို့ ဂျင်ဆော့ပါ။ ဦးနှောက် ကိတ်ဖို့ စာဖတ်ပါ။ နှလုံးသား ကိတ်ဖို့ ကျွန်တော့်ကိုကြည့်ပါ။” ဆိုတဲ့စာသားလေးနဲ့ သူရဲ့ Gym ဆော့နေတဲ့ ပုံရိပ်ကလေးတွေနဲ့ Social Media ပေါ်မှာ တင်ထားခဲ့တာပဲဖြစ်ပါတယ်။ ထိုပုံရိပ်ကလေးတွေကို ပရိသတ်တွေ ကြည့်ရှုခံစားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ Photo Source ; Htoo Aung

Cele News

မကျွမ်းကျင်​တဲ့အက​တွေကိုကြိုးစားသင်​ယူရင်းဒဏ်​ရာရခဲ့တဲ့ ​မေကဗျာ

ပရိတ့သတ်​​တွေရဲ့ အား​ပေးမှုကို များစွာ ရရှိခဲ့ပြီး ညိုညိုစိမ့်​စိမ့်​​လေးနဲ့ ကြည့်​မဝ​အောင်​ လှတဲ့ မင်းသမီး​ချော​လေးပါ။ဗီဒီယို ဇာတ်​ကား​တွေ ​အောင်​မြင်​ခဲ့တဲ့ တစ်​ချိန်​က ပရိတ့သတ်​ကြားတစ်​ခဲနက်​အား​ပေးခံခဲ့ရတဲ့ မင်းသမီး​ချော​လေး ​မေကဗျာကို ပရိတ်​သတ်​​တွေ မှတ်​မိကြမှာပါ။ မေကဗျာကတော့ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွင့်ပြသနေတဲ့ ” Dancing with the Star Myanmar” အစီအစဉ်မှာပါဝင် ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမ မကျွမ်းကျင်တဲ့ အကပိုင်းကိုကြိုးစားလေ့ကျင့်ရင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေကို “ဒဏ်ရာများနှင့် Dancing မှတ်ပလား မန်းလေးသွားတဲ့သူတောင်ရောက်တော့မယ် ကိုယ်တွေခုထိမအိပ်ရ လန်းလန်းရေ “လို့ သူရဲ့ fbမှာ​ဖော်​ပြထားပါတယ်​ မေကဗျာကတော့ Dancing with the stars ပြိုင်ပွဲမှာ တွဲဖက်ဖြစ်တဲ့ Dake Dake နဲ့အတူ […]

Cele News

ပန်း​ရောင်​ခြယ်​​လေးရဲ့ သရုပ်​​ဆောင်​စွမ်းရည်​​အ​ပေါ်ချီးကျူးလိုက်​တဲ့ ခါရာ

လိပ်​ပြာ ဇာတ်​လမ်းတွဲရဲ့ ပရိတ်​သတ်​​တွေဆိုရင်​ ပန်း​ရောင်​​လေးရဲ့ သရုပ်​​ဆောင်​မှု​တွေကိုသိကြမှာပါ။ပန်း​ရောင်​​လေးက အဆိုအပြင်​သရုပ်​​ဆောင်​မှာပါ ​ခေသူမဟုတ်​​ကြောင်း​သက်​​သေပြထားတဲ့ ကား​လေးဆိုရင်​လည်းမမှားပါဘူး။ ရိုးရှင်းတဲ့မျက်​နှာ​လေးနဲ့ ရဲ​မေတစ်​​ယောက်​ရု့ စရိုက်​ကိုအပြည့်​အဝပုံ​ဖော်​ထားနိုင်​တဲ့သူ​လေးပါ။ ပန်း​ရောင်​​လေးရဲ့ သရုပ်​​ဆောင်​မှု​တွေ မင်းသား​ချော ခါရာကလည်း အခုလို​ပြောပြလာပါတယ်​ “ပန်း​ရောင်​​လေးက အဆို​ပိုင်း​ရောထူးချွန်​တယ်​ သရုပ်​​ဆောင်​ပိုင်း​ရော​တော်​တယ်​ဗျ ကျွန်​​တော်​တို့ရိုက်​​နေတာသူ့ကိုအသစ်​လို့လည်းမထင်​ရဘူး အရမ်းလည်းကြိုးစားတယ်​ ဆို​တော့ လိပ်​ပြာဇာတ်​လမ်းတွဲကသက်​​သေဘဲ ” လို့​တောင်​ချီးမွန်း​ပြောဆိုခဲ့ပါတယ်​။ ပန်း​ရောင်​​လေးက​တော့ အ​ဖေဂ​ရေဟမ်းရဲ့ ဂီတ ပညာ​တွေကိုပါအ​မွေးရထားတာမကဘဲ သရုပ်​​ဆောင်​မှာပါ ထူးချွနိတဲ့ သူ​လေးဘဲဖြစ်​ပါတယ်​။ပရိတ်​သတ်​​တွေ​ရော လိပ်​ပြာ ​လေးကိုချစ်​ကြလား။ Source 8days Tv

Cele News

ပြန်​ကြည့်​တဲ့အချိန်​​နောင်​တမရ​အောင်​ ကာရိုက်​တာ​တွေ​ရွေးပြီးရိုက်​တယ်​ဆိုတဲ့ခါရာ

မော်​ဒယ်​​လောကက​သရုပ်​​ဆောင်​ဘက်​ကိုကူး​ပြောင်းလာတဲ့ မင်းသား​ချောခါရာဟာ လက်​ရှိမှာ​တော့ ပရိတ်​သတ်​အ​မြောက်​အများနဲ့​အောင်​မြင်​​နေသူဘဲဖြစ်​ပါတယ်​။ သူ့ရဲ့ ​တောင့်​တင်းတဲ့ ခန္ဓာကိုယ်​နဲ့ ကိုရီးယားမင်းသားလို ​ချော​မော ​ပြေပြစ်​မှုက ​တော်​ရုံမိန်းက​လေး​တွေ မ​ကြွေဘဲမ​နေနိုင်​ပါဘူး။ လက်ရှိမှာလည်း “လိပ်ပြာ- အမှန်တရားရဲ့ ဓားတစ်လက်”ရုပ်သံဇာတ်လမ်းတွဲကြီးမှာ ရဲတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ထပ်မံပါဝင်ရိုက်ကူးထားပါ​သေးတယ်​။အချစ်​ဇာတ်​ကားဖြ်​တဲ့ “love equation”ဇာတ်​ကား​လေးမှာ ပါဝင်​သရုပ်​​ဆောင်​​နေပြီး ခါရာက သူ့ရဲ့ ကာရိုက်​​ရွေးချာယ်​ရိုက်​ကူးဖြစ်​တာ​တွေကို​ပြောပြလာပါတယ်​။”ကျွန်​​တော်​ကိုလာကမ်းလှမ်းရင်​​သေချာ​ရွေးတယ်​ ကျွန်​​တော်​နဲ့လိုက်​လား​သေချာကြည့်​တယ်​ ကျွန်​​တော်​ လုပ်​သမျှကကျွန်​​တော့သမိုင်းဖြစ်​သွားမှာ တစ်​ချိန်​မှာပြန်​ကြည့်​ရင်​​နောင်​တမရချင်​ဘူး” ဟု​ပြောပြလာပါတယ်​။ ခါရာက​တော့ တကယ့်​ကို​လေးစားစရာစိတ်​ဓာတ်​ရှိတဲ့ အနုပညာရှင်​တစ်​​ယောက်​ ပါဘဲ။ Source 8days tv