Cele News

နိုင်ငံခြားသူလေးလို ချစ်ဖို့ကောင်းတဲ့ ပတ်ထရစ်ရှာလေးကတော့ ယာဉ်ထိန်းရဲဝတ်စုံလေးနဲ့ ဆွဲဆောင်မှု အပြည့်ဖြင့်တွေရှိ ရ ပြန်ပါတယ်

နိုင်ငံခြားသူလေးတစ်ယောက်လို ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ ယောင်္ကျားလေးပရိသတ်တွေ အများဆုံး ရရှိထားပြီး မိန်းကလေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ ရရှိပိုင်ဆိုင်ထားတဲ့ ပြည်သူ့အသည်းကျော် မော်လ်ဒယ် သရုပ်ဆောင်မင်းသမီးချောလေးတစ်ဦးဆိုလည်း မမှားပါဘူးနော်..။ ဆွဲဆောင်မှုရှိရှိကျော့ရှင်းစွာ လှပနေတဲ့သူမရဲ့ညို့အားပြင်းအလှပုံရိပ်လေးတွေကတော့ မြင်တွေ့သူ ပရိသတ်တွေတိုင်းကို လည်ပြန်ငေးရလောက်စေပြီး ပုရိသပရိသတ်တွေရဲ့ရင်တွေကိုလည်း လှုပ်ခါစေသူလေးလည်း ဖြစ်ပါတယ်..။ ဘိုမရုပ်လေးလို ချစ်စရာကောင်းတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ အခုတစ်ခေါက်မှာလည်း ယာဉ်ထိန်းရဲဝတ်စုံလေးနဲ့ လိုက်ဖက်ညီပြီး ဆွဲဆောင်မှုရှိရှိနဲ့ ချစ်စရာကောင်းနေတာကို ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။ ဖြူစင်ပြီး ပြည်သူတွေအပေါ်ကရုဏာတွေအပြည့် ကူညီတတ်တဲ့ နှလုံးသားလှတဲ့ ယာဉ်ထိန်းရဲမေလေးအဖြစ် ပရိသတ်တွေကိုအချစ်ပိုစေတဲ့ ရှာရှာလေးကတော့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။ ယာဉ်ထိန်းရဲမေလေးအဖြစ် တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိနေတဲ့ အပြုံးချိုချိုလေးတွေကလည်း အားလုံးရဲ့အမြင်အာရုံတွေကို တကယ်ပဲဖမ်းစားထားပြီး မချစ်ပဲမနေနိုင်လောက်အောင် အချစ်ပိုစေတာမို့ ပရိသတ်တွေကလည်း […]

Cele News

ဒေါင်းနှင့်အတူ တွဲ ဖက်သရုတ်ဆောင်မည့် ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကန်တော့ပွဲအခန်းအနားသို့တက်ရောက်ခဲ့သော ဖွေးဖွေး

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖွေးဖွေးဟာဆိုရင် လက်ရှိမှာ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် အောင်မြင်မှုတွေကို ရင်ဝယ်ပိုက်ပြီးရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။ဖွေးဖွေးက ကျရာဇာတ်ရုပ်ကိုလည်းပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်ပြီး အားသွန်ခွန်စိုက်ကြိုးစားတာကြောင့် ပရိသတ်တွေကလည်းသူမရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကို အရမ်းချီးကျူးကြပါတယ်။ လက်တလောမှာ ဖွေးဖွေးပါဝင်သရုပ်ဆောင်ထားတဲ့”ပပဝတီစီရင်ခန်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာရုံတင်တော့မှာဖြစ်ပြီး ပရိသတ်တွေကလည်း ဖွေးဖွေး ဘယ်လိုသရုပ်ဆောင်ထားမလဲဆိုတာကို ရင်ခုန်ရင်းနဲ့အားပေးဖို့အဆင်သင့်ဖြစ်နေကြပါပြီနော်။ဖွေးစိန်လေးကတော့ ပရိသတ်တွေရဲ့အချစ်များစွာကို ပိုင်ဆိုင်ထားပြီး စိတ်သဘောထားဖြူစင်ပြီး သဘောကောင်းတဲ့မင်းသမီးချောလေးလည်းဖြစ်ပါတယ်။ အခုဆိုရင်တော့ ဖွေးစိန်လေးက “Love Equation”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကန်တော့ပွဲအခမ်းအနားကို ဒေါင်း၊သက်မွန်မြင့်၊ထိပ်ထားသခင် တို့နဲ့အတူ ပွဲကိုတက်ရောက်ခဲ့ပါတယ်။Love Equation ဇာတ်ကားမှာဆိုရင် ဖွေးဖွေးက ဒေါင်းနဲ့ပထမဦးဆုံးတွဲရိုက်ရမယ့် ဇာတ်ကားဖြစ်ပြီး ထိပ်ထားသခင်လေးနဲ့လည်း ပထမဆုံးတွဲရိုက်ရမှာဖြစ်လို့ ဖွေးစိန်လေးရဲ့ ကန်တော့ပွဲအခမ်းအနားတက်ရောက်လာတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနာ်။ Photo Credit:Phwe Phwe Credit; Myanmarload

Cele News

ချစ်ရသူလေးရဲ့လက်ကိုတွဲကာ မင်္ဂလာခန်းမတွေစုံစမ်းကာကြည့်ရှုနေတဲ့ မေဦး

မိတ်ကပ်ဖန်တီးပညာရှင်များထဲတွင် ထိပ်ဆုံးကနေရပ်တည်နေသူလေးကတော့ မိတ်ကပ်ပညာရှင် မေဦးပဲဖြစ်ပါတယ်။ သူမလိမ်းခြယ်ပုံလေးတွေဟာလည်း မိန်းကလေးတွေအကြိုက်နဲ့ထပ်တူကြတာကြောင့် အားပေးမှုအခိုင်အမာရရှိထားပြီး အောင်မြင်ကျော်ကြားနေတာပဲ ဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်ကလည်း ချစ်ရသောသူဟန်လင်းနဲ့ ချစ်သက်တမ်း ၃နှစ်နဲ့၂လပြည့်လေးကို အတူဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့အတွဲလေးဟာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ လက်တွဲလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း ရိုမက်တစ်ဆန်လွန်းတာကြောင့်လည်း ပရိသတ်တွေကအားကျနေရတာပါ။ အခုမှာလည်း သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ဝေမျှထားတာပါ။ မေဦးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း “Rosewood မှာ wedding အတွက်လာကြည့်နေတာ #rosewoodromatic ” ဆိုပြီး ရေးသားထားတာပါ။ ချစ်ရသူလေးနဲ့ပုခုံးလေးကိုမှီကာ ကြည်နူးနေတဲ့ မေဦးရဲ့ပုံရိပ်လေးတွေကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။ Photo Credit- May Oo’s Facebook  Credit; Myanmarload

Cele News

မြန်မာဝတ်စုံလေးနဲ့ ပြည့်စုံသော အလှတရားများနှင့် ဘေဘီမောင်

ပရိသတ်ကြီးရေ အဆိုတော်သားဂန်းနဲ့ သရုပ်ဆောင်မော်ဒယ်လ် ဘေဘီမောင်တို့နှစ်ယောက်ကတော့ အပြန်အလှန်မေတ္တာတွေနဲ့လက်တွဲနေကြတဲ့ ချစ်သူစုံတွဲတွေပဲဖြစ်ပါတယ်။နှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် ပရိသတ်တွေလည်း အခိုင်မာကိုယ်စီရရှိထားတာဖြစ်ပါတယ်။သားဂန်းနဲ့ဘေဘီမောင်တို့ စုံတွဲလေးက အရမ်းလိုက်ဖက်ညီတာကြောင့် ပရိသတ်ကြီးကလည်းသဘောတူပြီးအရမ်းချစ်ကြပါတယ်။ ဘေဘီမောင်ကတော့ ကိုယ်ခန္ဓာအမိုက်စားလေးကို ပိုင်ဆိုင်ထားကာ အမြဲဖက်ရှင်အလန်းတွေနဲ့ စမတ်ကျကျ ဝတ်ဆင်တက်တာကြောင့် မိန်းကလေးအများစု အားကျချစ်ခင်နေရတာလည်းဖြစ်ပါတယ်။ဇာတ်ကားများစွာ ရိုက်ကူးထားပြီး ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှု များစွာရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။မကြာခဏဆိုသလို ခရီးတွေထွက်ရှိကာ ခရီးသွားအမှတ်တရ ပုံလေးတွေကိုဖော်ပြပေးလေ့ရှိတာလည်းဖြစ်ပါတယ်။ ဘေဘီမောင်ရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကလည်း ပရိသတ်တွေရဲ့အချစ်ကို ဖမ်းစားစေခဲ့တာပဲဖြစ်ပါတယ်။လတ်တလောမှာတော့ မြန်မာဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းလွန်းနေတဲ့ အလန်းစား ပုံလေးတွေကို သူရဲ့ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိလှနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ Source:Baby Maung Credit; Myanmarload

Cele News

မင်္ဂလာဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီတင့်တယ်ပြီး နှစ်ယောက်လုံးချစ်စရာကောင်းနေကြတဲ့ ကောင်းပြည့်နဲ့သန္တာဗိုလ်

ပရိသတ်ကြီးရေ မင်းသမီးချောသန္တာဗိုလ်နဲ့ မင်းသားချော ကောင်းပြည့်တို့နှစ်ယောက်ဟာဆိုရင် တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလို့ ရွှေလက်တွဲပြီး ချစ်သူဘဝကိုဖြတ်သန်းနေကြတာ နှစ်တွေအများကြီးကြာမြင့်နေပါပြီနော်။သန္တာဗိုလ်တို့ ချစ်သူနှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် အနုပညာအလုပ်နဲ့ပက်သက်ပြီးလည်းအပြည့်အဝနားလည်ပေးကြသလို တစ်ဖက်တစ်လမ်းကလည်း ကူညီပေးကြပါတယ်နော်။ ကောင်းပြည့်ကလည်း ချစ်သူသန္တာဗိုလ်ကို အရမ်းချစ်ပြီးမျက်နှာလေးတစ်ချက်မညှိုးအောင်ထားပေးတဲ့ ချစ်သူတစ်ယောက်ဖြစ်တဲ့အပြင် သန္တာဗိုလ်ကလည်း ကောင်းပြည့်ကို ချစ်စရာအမူအရာလေးတွေနဲ့နွဲ့ဆိုးဆိုးတတ်လို့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့က ရှေ့သွားနောက်လိုက်ညီပါတယ်နော်။အနုပညာအလုပ်တွေဆိုလည်း နှစ်ယောက်အတူတူတွဲလုပ်ပြီး တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီရင်းနဲ့ ခိုင်မြဲနေကြတဲ့ချစ်သူဘဝလေးပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ ကောင်းပြည့်နဲ့သန္တာဗိုလ်တို့က မင်္ဂလာဝတ်စုံလေးတွေနဲ့ကြော်ငြာရိုက်ကွင်းတစ်ခုမှာ အတူတူတွဲပြီးလုပ်ကိုင်နေကြတာဖြစ်ပါတယ်။သန္တာဗိုလ်တို့ စုံတွဲလေးကတော့ နေနဲ့လရွှေနဲ့မြလို လိုက်ဖက်ညီတင့်တယ်နေပြီး နှစ်ယောက်လုံးကလည်းချောမောလှပကြလို့ သန္တာဗိုလ်တို့စုံတွဲလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။ Source:Thandar Bo’s Facebook/Photo Credit:Amazing Grace Credit;Myanmarload

Cele News

ချစ်​သူနဲ့အတူ ပုဂံမှာ အတူတူလည်​ကာ အမှတ်​တရ​တွေ ဖန်​တီးခဲ့တဲ့ မြတ်​သူသူဇင်

မင်းသမီးလေး မြတ်သူသူဇင် ကတော့” ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ မြညိုဆိုတဲ့ဇာတ်ကောင်နဲ့  ဇာတ်လမ်းတွဲမင်းသမီးလေးဆိုကာ ပရိသတ်အားပေးမှု အပြည့်အဝရရှိလာခဲ့တဲ့ သူလေးဘဲဖြစ်​ပါတယ်​။ လတ်​တ​လောမှာ ပြသလျက်ရှိတဲ့ ” တတိယမြောက်ဆုံမှတ်” ဇာတ်လမ်းတွဲမှာ ” ယွန်းမေခ” အဖြစ်ပါဝင်ထားပါသေးတယ်။ လတ်တလောမှာလည်း ချစ်သူနဲ့ အတူတူပုဂံဘုရားတွေကို ဖူးမြော်ခဲ့ကာ အလည်အပတ်သွားခဲ့တဲ့ စုံတွဲပုံရိပ်လေးတွေကိုတင်​ထားခဲ့ပါ​သေးတယ်​ ” ကိုယ့်မျက်ရည်ကို သုတ်ပေးမယ့်သူကို ရှာပါ။ ဖြေဖျောက်ပေးမယ့်သူကို ရွေးပါ ။အဲ့ဒီလူနဲ့ ပျော်အောင်နေပါ ။ပုဂံခရီးကို ချစ်တဲ့သူနဲ့အတူတခေါက်လောက်တော့ရောက်အောင်သွားနော် ” ဆိုကာ သူမတို့ ချစ်​သူနှစ်ဦးရဲ့ ကြည်​နူးစရာပုံလေး​တွေကို တင်​ထားခဲ့တာပါ။ သူမတို့ချစ်​သူနှစ်​ဦးဟာ နှစ်​ရှည်​လများတစ်​​ယောက်​နဲ့ တစ်​​ယောက်​အချစ်​မ​လျော့ဘဲ သစ္စာရှိရှိ လက်​တွဲခဲ့ကြတာဖြစ်​ပြီး ယ​နေ့အချိန်​ထိကို ပရိတ်​သတ်​​တွေကပါ အားကျရတဲ့ စုံတွဲ​လေးဘဲဖြစ်​ပါတယ်​။ Source Myat Thu Thu Zin

Cele News

“နင်​မရှိတဲ့ကမ္ဘာ “မှာ ဝိဥာဉ်​မ​လေးအဖြစ် ​သရုပ်​​ဆောင်​မယ့်​ ကူးကူးဇင်​​အောင်

“သူစိမ်းအိမ်​” ဇာတ်​ကားမှတစ်​ဆင့်​ ပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို စတင်​ရရှိလာခဲ့တဲ့ ကူးကူးဇင်​​အောင်​ဟာ မကြာမီမှာ ရိုက်​ကူးသွားမယ့်​ “နင်​မရှိတဲ့ကမ္ဘာ “ဇာတ်​ကားမှာ ဝိဥာဉ်​ မ​လေးအဖြစ်​ပါဝင်​သရုပ်​​ဆောင်​​တော့မှာဖြစ်​ပါတယ်​။ ယင်း ဇာတ်​ကား​လေးမှာ မင်းသား​ချော ညိမ်း​သော်​နဲ့ အချစ်​ဇာတ်​လမ်း​လေးကို ကြည့်​ရှုရမှာဖြစ်​ပါတယ်​။ကိုယ်​တိုင်​ကလည်း သရဲကားကြိုက်​သူပီပီ ဝိဥာဉ်​ မ​လေး​နေရာက​နေ သရုပ်​​ဆောင်​ဖို့ ကူးကူးတစ်​​ယောက်​ရင်​​တွေအရမ်းခုန်​​နေပါတယ်​..” ကူးကူးတို့ကို traning​တွေ​ခေါ်ထားတယ်​ ဇာတ်​ညွှန်း​တွေဖတ်​ ကိုငြိမ်း​သော်​နဲ့ အစမ်းလုပ်​ကြည့်​တယ်​ ဒီကား​လေးက ချစ်​ဖို့လည်း​ကောင်းထူးလည်းထူးခြားတယ်​ ကူးက ဒီကားကို ကြိုက်​လို့ကို လက်​ခံတာ “ဟု​ပြောသွားပါတယ်။ ကူကူးဇင်​​အောင်​ရဲ့ သရုပ်​​ဆောင်​ပိုင်​နိုင်​မှု​တွေကို ပရိတ်​သတ်​​တွေက သူစိမ်းအိမ်​ မှာတင်​ သိပြီး​လောက်​ပါပြီ ..အခုတစ်​​ခေါက်​လည်း ဝိဥာဉ်​ မ​လေးကူးကူးအဖြစ်​ပရိတ်​သတ်​​တွေမြင်​​တွေ့ရ​တော့မှာဘဲဖြစ်​ပါတယ်​။ Photo Credit ; Ku Ku Zin Aung

Cele News

သက်ကြီးလူရွှင်တော်များအတွက် ​အလှူငွေ ထည့်​ဝင်​ လှူဒါန်းခဲ့တဲ့ မြင့်မြတ်

ပရိတ်​သတ်​​တွေရဲ့ အား​ပေးခြင်းကို အပြည့်​အဝရရှိထားသူဖြစ်​တဲ့ မင်းသား​ချော မြင့်​မြတ်​ဟာ အနုပညာအလုပ်​​တွေကို မရပ်​မနားလုပ်​ကိုင်​​နေပြီး ပရိတ်​သတ်​အတွက်​ကြိုးစား​နေသူတစ်​ဦးပါ။ သာဘာဝမင်းသားကြီးအဖြစ်​နဲ့ အနယ်​နယ်​အရပ်​ရပ်​က ပရိတ်​သတ်​​တွေရဲ့ အား​ပေးခြင်းကို အခိုင်​အမာရရှိထားသူ ဖြစ်​တဲ့ မြင့်​မြတ်​ဟာ လက်​ရှိမှာ သား​လေး ဂျူနီယာမြင့်​မြတ်​နဲ့ သာယာတဲ့မိသားစုကိုပိုင်​ထားပါပြီ။ ရှုတင်​​တွေနဲ့ မရပ်​မနား အလုပ်​ရှုပ်​​နေ​ပေမယ့်​ မိသစုကိုအချိန်​​ပေးပြီး ​​အေး​အေးချမ်းချမ်းဖြတ်​သန်း​နေတာဘဲဖြစ်​ပါတယ်​။ စေတနာ​ကောင်းပြီး သူတစ်​ပါးကိုကူညီစိတ်​အပြည့်​ရှိတဲ့ မြင့်မြတ် က သက်ကြီးလူရွှင်တော်များကို အလှူငွေ(10)သိန်းကျပ် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ လူရွှင်တော် ချက်ကြီးက သူ့ရဲ့ ဖေစ့်​ဘွတ်ပေါ်မှတစ်​ဆင့်​ ဖော်ပြထားပါတယ်။ မြင့်မြတ်က လတ်တလောမှာ မြင့်မြတ်က သူငယ်ချင်းဖြစ်သူ မိုးအောင်ရင် ၊ေ၇ွှမှုံရတီ တို့နဲ့အတူ အောက်ဆီဂျင် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Source ko chat gyi

Cele News

Fan meeting လုပ်​ကာပရိတ်​သတ်​​တွေနဲ့ တစ်​​ပျော်​တစ်​ပါး​တွေ့ဆုံမယ့်​ စူးရှထက်

ယောကျာ်း​လေးပရိတ်​သတ်​​တွေရဲ့ အား​ပေးမှုကို အပြည့်​အဝရရှိထားတဲ့ ​မော်​ဒယ်​စူးရှထက်​​ဟာ သူမရဲ့ ရီးစား​ဟောင်းဖြစ်​သူ အဆို​တော်​ အစ္စဏီနဲ့ အမှုရင်​ဆိုင်​ရင်း ပရိတ်​သတ်​ကြားနာမည်​ကြီးလာသူဖြစ်​ရာ လက်​ရှိမှာ​တော့ sexy ​မော်​ဒယ်​အဖြစ်​နဲ့ ပရိတ်​သတ်​​တွေရု့ အား​ပေးခြင်းခံ​နေရသူဖြစ်​ပါတယ်​။ သူမနဲ့ သူမရဲ့ရည်းစားဟောင်းဖြစ်သူ အဆိုတော် အစ္စဏီနဲ့ဖြစ်ပွားခဲ့တဲ့ အမှုကိစ္စဟာလည်း ရည်းစားဟောင်း အဆိုတော်အစ္စဏီဘက်က တရားဝင်တောင်းပန်မှုတွေပြုလုပ်ခဲ့တာကြောင့် မော်ဒယ် စူးရှထက်ဘက်ကနေအမှုကို ပြန်လည်ကျေအေးပေးခဲ့ပါသေးတယ်။ လတ်တလောမှာလည်း စူးရှထက်က သူ့ကို အားပေးတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဖို့ ပွဲလေးတစ်ပွဲစီစဉ်ထားတာပဲဖြစ်ပါတယ်။”စူးရှချစ်တဲ့ ပရိတ်သတ်တွေနဲ့ သူငယ်ချင်း အားလုံးစုံရအောင်လို့Fan Meeting လေးလုပ်ထားတယ်နော်။ စူးရှရဲ့ Fan တွေကို တစ်စုတစ်စည်းထဲ ပျော်ရအောင် စီစဉ်ထားတဲ့ ပွဲလေးပါ။ စူးရှနဲ့ ဓာတ်ပုံတွေ အတူတူရိုက်မယ်၊အင်္ကျီမဲဖောက်ပေးမယ်၊ ပျော်စရာတွေဖန်တီးမယ်။ အားလုံးတွက်စားစရာတွေလဲစီစဉ်ထားတယ်နော်။ စူးရှကတော့ ပွဲအတွက် အရမ်းကို ရင်ခုန်နေပါတယ်။”လို့ […]

Cele News

နေတိုးနှင့် နေခြည်ဦးတို့ ပါဝင်သရုတ်ဆောင်ထားသော အခမ်းနားဆုံး​မေတ္တာ ဇာတ်​ဝင်​​တေး ပရိတ်​သတ်​​တွေအကြိုက်​နဲ့ ထပ်​တူကျခဲ့

လတ်​တ​လော ရုပ်​ရှင်​ချစ်​ပရိတ်​သတ်​​တွေ ကြား​ရေပန်းစား​နေတဲ့ အချစ်​ဇာတ်​ကား​ကောင်း​လေးဖြစ်​တဲ့ အခမ်းနားဆုံး​မေတ္တာ ​ဇာတ်​​ကား​လေးဟာမကြာခင်​မှာရုပ်​တင်​ပြသ​တော့မှာဖြစ်​ပါတယ်​။ အခမ်းနားဆုံးမေတ္တာ ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ရဲအောင်၊ သူရိယ၊ တိုင်ရွန် ၊ နေခြည်ဦး၊ စိုးမြတ်သူဇာ၊ မေဘရဏီသော်တို့က ပါဝင်​သရုပ်​​ဆောင်​ထားကြတာဖြစ်​ပါတယ်​။ ဇာတ်လမ်း၊ ဇာတ်ညွှန်းက မိုးနီလွင်နဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် တို့က ရိုက်​ကူးပုံ​ဖော်​ထားဖြစ်​ပြီး ဘယ်​လို အခမ်းနားဆုံး ​မေတ္တာဇာတ်​လမ်းကို ကြည့်​ရမလဲ ဆိုတာ ၇င်​ခုန်​စရာပါဘဲ.. ဇာတ်​လမ်း​လေးဟာ official treaserမှာတင်​ ဦးတက်​လူနိုင်​ရဲ့ ချစ်​တတ်​ပုံ​တွေ​ကြောင့်​ ပရိတ်​သတ်​ကြား စိတ်​ဝင်​စားခံ​နေရတာဖြစ်​ပါတယ်​။ ယင်းဇာတ်​လမ်း​လေးရဲ့ ဇာတ်​ဝင်​​တေး The Greatest Love ကို အဆို​တော်​​ချော​လေး အုပ်​စိုးခန့်​နဲ့ ​ကေ​ကေမိုးတို့က အ​ပေးအယူမျှမျှ သီဆိုထားကြတာဖြစ်​ပြီး ဇာတ်​လမ်းဇာတ်​ကွက်​ နဲ့ လိုက်​ဖက်​မှုရှိကာ ပရိတ်​သတ်​​တွေ အကြိုက်​ဖြစ်​​စေမှာအမှန်​ပါ။ ယင်းဇာတ်​ကား​လေးကို အောက်တိုဘာ […]