Cele News

၁နှစ်ကျော် အရွယ်ရောက်ရှိနေပီဖြစ်သော အသည်းယားဖို့ကောင်းလောက်အောင် ပြုံးချိုနေတဲ့ Liamလေး

ပရိသတ်ကြီးရေ အကယ်ဒမီလွင်မိုးရဲ့ သမီးချောလေး ယွန်းဝတီလွင်မိုးကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်နော်။ယွန်းဝတီလွင်မိုးရဲ့သားလေးကလည်း ဖိုးဖိုးလွင်မိုးနဲ့အရမ်းတူတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးထားကြပါတယ်။ယွန်းဝတီလွင်မိုးက သားလေးကို Liamလေးလို့ ချစ်စနိုးခေါ်ပြီး မြန်မာနာမည်ကိုတော့ လွင်ထက်လို့ ပေးထားပါတယ်နော်။ Liamလေးကတော့ အခုဆိုရင် ၁နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး လမ်းတွေလည်းလျှောက်တတ်နေပါပြီနော်။ဖွားဖွားမေသူနဲ့ဖိုးဖိုးလွင်မိုးတို့က liam လေးကို သေချာပြုစုစောင့်ရှောက်တာကြောင့် သားချောလေးက ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ သားလေးကို မိဘတွေနဲ့ထားခဲ့ပြီး နိုင်ငံခြားမှာပညာသင်ယူနေကြတာဖြစ်ပါတယ်။ Liam လေးကတော့ အသက်ငယ်ငယ်လေးနဲ့ ချစ်ရတဲ့ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပြီး လူချစ်လူခင်ပေါများတဲ့ကလေးလေးဖြစ်ပါတယ်။အခုဆိုရင်တော့ ဖွားဖွားမေသူက Liam လေးရဲ့ ၆လတုန်းက ၀၀ကစ်ကစ်လေးနဲ့အရမ်းချစ်စရာကောင်းနေတဲ့ပုံလေးတွေကို ပရိသတ်ကြီးမြင်တွေ့ရအောင်လို့ လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်နော်။ Photo Credit:May Thu(Liam’s Fans group) Credit; Myanmarload

Cele News

ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ဗိုလ်ချုပ်ရုပ်ရှင်

ပရိသတ်တွေ နှစ်ပေါင်းများစွာ စောင့်မျှော်နေကြတဲ့ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ အခုဆိုရင် စတင်ပုံဖော်နေပြီပဲ ဖြစ်ပါတယ်။ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ လူမင်းက ဦးဆောင်ရိုက်ကူးပုံဖော်မှာဖြစ်ပြီး ဝါရင့်သရုပ်ဆောင်တွေနဲ့အတူတူ သရုပ်ဆောင်သစ်များစွာက သရုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီးကို စက်တင်ဘာလ (၃၀) ရက်နေ့က စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၃)ရက်နေ့မှာတော့ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်း ဒုတိယနေ့ဖြစ်ပါတယ်။ “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကွင်း ဒုတိယနေ့ကို ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်မှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရိုက်ကွင်းမှာ အသုံးပြုခဲ့တဲ့ အစားအသောက် အသုံးအဆောင်တွေနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။ အရင်ခေတ်က အသုံးအဆောင်တွေကို သေချာအသုံးပြုဖို့ ပြောဆိုထားပြီး အစားအသောက်တွေမှာလည်း ဗိုလ်ချုပ်တို့က တကယ်ပဲ ဒီလို […]

Cele News

ဦးလေးဖြစ်တဲ့ ဖွေးဖွေးရဲ့မိဘတွေကို သီတင်းကျွတ်ကန်တော့ခဲ့တဲ့ ရွှေကစ်လေး

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားကြပြီး ထိပ်တန်းကနေ အောင်မြင်နေကြတဲ့ ပြည်သူချစ်ဒိတ်ဒိတ်ကြဲ မင်းသမီးချောလေးနှစ်ယောက်တော့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ပဲ ဖြစ်ပါတယ်..။ ချစ်စရာကောင်းလွန်းတဲ့ ပရိသတ်အသည်းကျော် ဖွေးစိန်လေးနဲ့ ရွှေကစ်လေးတို့ ညီအစ်မနှစ်ယောက်ကတော့ ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ အကယ်ဒမီထူးချွန်ဆုတွေကို ရရှိထားကြသလို ယောင်္ကျားလေး မိန်းကလေး အသက်အရွယ်မရွေး အားလုံးက ချစ်ခင်အားပေးနေကြရသူလေးတွေပါနော်..။ မကြာခင်သီတင်းကျွတ်တော့မှာမို့ မြန်မာတို့ရဲ့ ချစ်စရာရိုးရာလေးဖြစ်တဲ့ လူကြီးသူမတွေကို ဂါဝရတရားတွေနဲ့ ရိုသေစွာကန်တော့ကြတဲ့ အတိုင်း ဖွေးစိန်လေးနဲ့ ရွှေကစ်လေးတို့ ညီအစ်မတွေကလည်း လူကြီးသူမတွေကို ကန်တော့ခဲ့ကြပါတယ်..။ အခုတစ်ခါမှာလည်း ရွှေကစ်လေးတစ်ယောက် ဦးလေးဖြစ်တဲ့ ဖွေးစိန်လေးရဲ့ မိဘတွေကို အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ခဲ့ပါတယ်..။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေနဲ့ လက်အုပ်ကလေးချီပြီး အပျော်လေးတွေနဲ့ ကန်တော့နေတဲ့ ရွှေကစ်လေးရဲ့ ပုံလေးကတော့ ပရိသတ်တွေကို အချစ်ပိုစေပြီး ဂါဝရတရားလေးတွေနဲ့ လာရောက်ကန်တော့ခဲ့တဲ့ […]

Cele News

ဆိုင်းမိုင်နဲ့ နှင်းဆီတို့ နှစ်ယောက်ကြား ကြည်နူးနေတဲ့ မင်းသားချောလေးစည်သူဝင်း

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝအခိုင်အမာရရှိထားကြတဲ့ ပြည်သူ့အချစ်တော်ပနုပညာရှင်တွေထဲမှာ MRTV-4 မင်းသား မင်းသမီးချောလေးတွေဖြစ်ကြတဲ့ စည်သူဝင်း၊ ပိုးကြာဖြူခင်နဲ့ ခေးဆက်သွင်တို့ကလည်း အပါအဝင်ပါပဲ..။ ချစ်စရာကောင်းပြီး သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြပြီး ယောင်္ကျားလေး မိန်းကလေး ပရိသတ်မရွေး အားလုံးက ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်..။ MRTV-4 ဇာတ်ကားတွေများစွာ ရိုက်ကူးထားကြသလို ကြော်ငြာတွေနဲ့ အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေကြပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေကြသူတွေပဲ ဖြစ်ပါတယ်..။ အခုတစ်ခါမှာလည်း မင်းသားချောလေး စည်သူဝင်းကတော့ ပရိသတ်တွေရဲ့ အသည်းကျော်မင်းသမီးချောလေး နှစ်ယောက်နဲ့အတူ ကြော်ငြာလေးတွေအတူ ရိုက်ကူးနေပြီး ပရိသတ်တွေကို သဘောကျစေပြန်ပါတယ်နော်..။ လိုက်ဖက်ညီလွန်းကြတဲ့ ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း စည်သူဝင်းက ပရိသတ်တွေအတွက် ကြည်ကြည်နူးနူးလေးနဲ့ အလွမ်းပြေလေး ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကလည်း အချစ်ပိုနေကြပါတယ်နော်..။ “အကိုကျော် + နှင်းဆီ လား […]

Cele News

နေမကောင်းဖြစ်နေတဲ့အချိန်လေးမှာအိမ်ထိတကူးတကဆန်ပြုတ်လာပို့တဲ့အေးမြတ်သူကိုကျေးဇူးတင်စကားဆိုလိုက်တဲ့ခင်လှိုင်

သရုပ်ဆောင်ခင်လှိုင်ဟာ အနုပညာသက်တမ်းဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုတွေများစွာနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူဟာ သရုပ်ဆောင် အလုပ်သာမကပဲ ဒါရိုက်တာအဖြစ်ပါ လှုပ်ရှားလုပ်ကိုင်နေသူတစ်ယောက်ပါ။ ချစ်ရတဲ့သားနဲ့သမီးလေးဟာလည်း ဖခင်နဲ့အတူ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပါပြီ။ မကြာခင်မှာလည်း သူရိုက်ကူးထားတဲ့ ” ချိုးရုပ် ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။ လတ်တလောမှာတော့ မြင့်မြတ်၊အိချောပိုတို့နဲ့အတူ ” Players ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပါ။ မနေ့ညကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပို့စ်တစ်ခုတင်ထားတာပါ။ ဒါကတော့ ” ချစ်စရာကောင်းလိုက်တဲ့ ချစ်ညီမလေး အေးမြတ်သူ နေ့လည်က ဖါးဆန်ပြုတ် စားနေတာလေးတင်ထားတော့ ဆရာစံရေပါဆယ်ဆွဲးခဲ့လို့စလိုက်တာ ခုရန်ကုန်ပြန်ရောက်လို့လေယဉ်ပေါ်ကဆင်းတာနဲ့ ဖုန်းဆက်ပြီးကျွန်တော်အိမ်ရှေ့အရောက်လာပို့သွားတယ် ကျွန်တော်အစာအိမ်နာနေလို့ သိပ်နေမကောင်းတာနဲ့ထမင်းတောင်သိပ်မစားဖြစ်တဲ့အချိန်လေးမှာ ခုလိုစားချင်တာလေးသတိတရနဲ့ဝယ်လာပေးတာ ပျော်လိုက်တာ ကျေးဇူးအများကြီးတင်ပါတယ် အနုပညာမောင်နှမတွေအပေါ် အမြဲးလေးစားချစ်ခင်တတ်တဲ့ ချစ်ညီမလေး အေးမြတ်သူ ” ဆိုပြီး ရေးသားထားတာပါ။ […]

Cele News

မြန်မာဝတ်စုံလေးနဲ့ သူမရဲ့ အမိုက်စားခန္ဓာကိုယ် အလှတရားတွေထုတ်ပြလိုက်တဲ့ နွယ်နွယ်ထွန်း

နွယ်နွယ်ထွန်းကတော့ sexy ကျကျအမိုက်စားခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး သူမရဲ့ အလန်းစားပုံလေးတွေကြောင့် အားပေးသူ ပရိသတ်အခိုင်အမာရရှိလာတဲ့ အနုပညာရှင်မလေးတစ်ဦးပဲဖြစ်ပါတယ်။သူမဟာ ပြုံးလိုက်တိုင်းလှတဲ့ မိန်းမလှလေးတစ်ဦးလည်းဖြစ်တာကြောင့် နွယ်နွယ်ထွန်းဆိုတဲ့အသံကြားတာနဲ့ အားပေးဖို့အသင့်ဖြစ်နေတဲ့ ပရိသတ်တွေလည်းများစွာရှိနေတာတွေ့ရပါတယ်။ သူမရဲ့ အမိုက်စားပုံရိပ်တွေကို လူမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် အများဆုံးတင်လေ့ရှိတာတွေ့ရပါတယ်။သူမကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးတွေ ဆက်တိုက်ထွက်နေတာလည်း ဖြစ်ပါတယ်။လတ်တလောမှာလည်း မြန်မာဝတ်စုံလေးနဲ့သူမရဲ့ အလှတရားတွေပေါ်လွင်စေတဲ့ အမိုက်စားအလှပုံရိပ်တွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံတွေကတော့ တကယ်ကို ဆွဲဆောင်မှုရှိရှိနဲ့ ချစ်စရာကောင်းလွန်းတာမို့ ပုရိသတွေကြွေစေမှာ အမှန်ပါပဲ။ သူမရဲ့ မရိုးနိုင်တဲ့ အမိုက်စား ခန္ဓာကိုယ်အလှကတော့ မြင်သူတိုင်း ငေးလောက်အောင်ကို ညို့ယူဖမ်းစားနေတာဖြစ်ပြီး အခုနောက်ပိုင်း လူမှုကွန်ယက် စာမျက်နှာပေါ်တွင်လည်း ရေပန်းစားနေတာဖြစ်ပြီး Sexy ကျကျ အမိုက်စားပုံရိပ်တွေကို ဖေ့ဘွတ်ပေါ်တွင် မကြာခဏဖော်ပြတာလည်းတွေ့ရပါတယ်။ချစ်ပရိတ်သတ်ကြီးလည်း နွယ်နွယ်ထွန်းရဲ့မြန်မာဆန်ဆန် ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။ Credit; Myanmarload

Cele News

လှပြီးသားခန္ဓာကိုယ်လေးကို ပိုပြီးသွယ်လျလှပသွားအောင်လို့ Gymကို ကြိုးစားပမ်းစားဆော့ကစားနေတဲ့ မြူလင်းကိုကို

ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်လင်းဇာနည်ဇော်ဟာဆိုရင် တစ်ခေတ်တစ်ခါတည်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အချစ်များစွာကိုရရှိခဲ့တဲ့ မင်းသမီးချောတစ်လက်ဖြစ်ပါတယ်နော်။လင်းဇာနည်ဇော်ကတော့ တစ်ခေတ်မှာ ဆံပင်အရှည်ကြီးနဲ့အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားလို့ အေးချမ်းတဲ့အလှပိုင်ရှင်လေးလို့ ပရိသတ်တွေကအသိအမှတ်ပြုကြပါတယ်။ လင်းဇာနည်ဇော်က ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ကိုယ်ပိုင်စီးပွားရေးလေးကိုလည်း ချစ်မကြီးချစ်ချစ်ဇော်နဲ့အတူ တွင်ကျယ်အောင်လုပ်ကိုင်နေတာဖြစ်ပါတယ်။လင်းဇာနည်ဇော်က ချစ်စရာသမီးလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သမီးချောလေးမြူလင်းကိုကိုဟာဆိုရင် အသက်၂၂နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပြီး သြစတေးလျမှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။ မြူလင်းကိုကိုကလည်း ချစ်မေမေရဲ့အနုပညာသွေးအပြည့်ပါတာကြောင့် အနုပညာကိုဝါသနာပါပြီး မကြာခင်မှာကျောင်းပြီးတော့မှာဖြစ်လို့ မြန်မာနိုင်ငံကိုပြန်လာပြီး အနုပညာအလုပ်တွေကို တတ်နိုင်သလောက်လုပ်ဆောင်တော့မှာဖြစ်ပါတယ်။မြူလင်းကိုကိုကတော့ အသားအရည်လေးကဖြူဖွေးနုဖတ်နေပြီးအရမ်းချစ်စရာကောင်းကာ အခုဆိုရင်လည်း Gym ကစားနေတဲ့ ချစ်စရာပုံရိပ်လေးကို ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။ Credit; Myanmarload

Cele News

ချစ်ခင်ပွန်းရဲ့လက်ကိုခိုင်ခိုင်တွဲပြီး ရွှေတိဂုံဘုရားဖူးကာ သနပ်ခါးပါးကွက်ကြားလေးနဲ့အရမ်းပဲလှနေတဲ့ စမိုင်းလ်

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ တစ်ခေတ်တစ်ခါတည်းက ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး မင်းသမီးကြီးဒေါ်ခင်လေးဆွေရဲ့မြေးမလေးဖြစ်ပါတယ်နော်။စမိုင်းလ်က အခုလက်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါဝင်သရုပ်ဆောင်နေသလို ကိုယ်တိုင်လည်းရုပ်ရှင်ထုတ်လုပ်ရေးတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။ စမိုင်းလ်က ချစ်ခင်ပွန်းရယ် သမီးနှစ်ယောက်ရယ် အဘွားရယ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နွေးထွေးတဲ့မိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာပါနော်။စမိုင်းလ်ရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးလေးကိုအရမ်းချစ်ပြီး ဖြစ်ချင်တဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ပေးကာ အရမ်းရိုတတ်တဲ့အိမ်ထောင်ဦးစီးဖြစ်ပါတယ်။စမိုင်းလ်တို့မိသားစုက မာန်မာနမရှိဘဲ ရိုးရိုးရှင်းရှင်းနဲ့စိတ်ထားဖြူစင်ကြတဲ့ သူတွေဖြစ်ပါတယ်နော်။ အခုဆိုရင်တော့ စမိုင်းလ်က သနပ်ခါးပါးကွက်ကြားလေးနဲ့အရမ်းပဲလှနေပြီး ချစ်ခင်ပွန်းနဲ့အတူ ရွှေလက်တွဲကာ”ကြာသပတေးသား ကိုပြည့်မောင်အတွက် ကြာသပတေးနေ့ရွှေတိဂုံဖူးမျှော်”ဆိုပြီး ဇနီးမောင်နှံနှစ်ယောက် ကြည်ကြည်နူးနူးနဲ့ ဘုရားဖူးကုသိုလ်ယူနေတဲ့ ပုံရိပ်လေးကို ချစ်ရတဲ့ပရိသတ်ကြီးအတွက် သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ်နော်။ Credit; Myanmarload

Cele News

သားနဲ့သမီးကို ချစ်လွန်းလို့ သားအမိသုံးယောက်ပုံကို လည်ဂုတ်မှာTattooထိုးလိုက်တဲ့ ‌မေမေချောရတနာ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီချောရတနာဟာဆိုရင် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာခဲ့ပြီး ချစ်ရတဲ့မိသားစုကိုသာ ဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့ ချောရတနာရဲ့ သားလေးနဲ့သမီးလေးကလည်း နည်းနည်းအရွယ်ရောက်လာပြီဖြစ်လို့ အနုပညာအလုပ်တွေကိုတစ်နိုင်တစ်ပိုင်လေးပြန်လည်လုပ်ဆောင်နေပါတယ်နော်။ ချောရတနာရဲ့ချစ်ခင်ပွန်းကလည်း ချစ်ဇနီးနဲ့ကလေးတွေအပေါ်ကို လိုလေသေးမရှိအောင်စောင့်ရှောက်ပေးပြီး ချစ်ဇနီးလေးရဲ့မွေးနေ့အတွက်လည်း ဖြစ်ချင်တဲ့ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးခဲ့ပါတယ်နော်။ပရိသတ်တွေကတော့ ချောရတနာရဲ့သာယာ‌နွေးထွေးတဲ့မိသားစုဘဝလေးကို အရမ်းအားကျကြပြီး ချောရတနာကိုလည်း ယနေ့အချိန်ထိ တစိုက်မက်မက်အားပေးချစ်ခင်နေကြဆဲဖြစ်ပါတယ်။ ချောရတနာရဲ့ သားလေးနဲ့သမီးငယ်လေး Co Coကလည်း အရမ်းချစ်စရာကောင်းပြီး တီတီတာတာလေးတွေပြောတတ်လွန်းလို့ ပရိသတ်တွေက ချစ်နေရတာဖြစ်ပါတယ်။ချောရတနာကတော့ ကလေးနှစ်ယောက်ကို သေချာသင်ကြားပြသပေးပြီး မိခင်မေတ္တာအပြည့်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း သားနဲ့သမီးကို ချစ်လွန်းလို့ သားအမိသုံးယောက်ပုံကို ဂုတ်မှာTattooထိုးလိုက်တာဖြစ်ပါတယ်နော်။ Credit; Myanmarload

Cele News

ပရိသတ်တွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့ သူ့ရဲ့ချစ်သူလေးနဲ့ပုံရိပ်လေးကို ထုတ်ပြလိုက်တဲ့ ထွန်းထွန်း

အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ဘက်မှာပါထူးချွန်ပြောင်မြောက်တဲ့အနုပညာရှင်ကတော့ ထွန်းထွန်းပါ။ သူဟာ သီချင်းပေါင်းများစွာကို သီဆိုခဲ့သူတစ်ယောက်သာမကဘဲ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့သူတစ်ယောက်ပါ။ သူသရုပ်ဆောင်ခဲ့တဲ့ ” သံချောင်း ” ဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးဟာလည်း ယနေ့ထိတိုင်ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာပါ။ လတ်တလေအနုပညာလှုပ်ရှားမှုအနေနဲ့ နှင်းဆီအဖွဲ့သားများနဲ့အတူ နှင်းဆီလှေလို့ အမည်ပေးထားတဲ့ ရန်ပုံငွေ အငြိမ့်ဖျော်ဖြေပွဲတစ်ခုဖျော်ဖြေရန် ရှိပါတယ်။ အခုတစ်လောသူ့ရဲ့ Facebook Myday တွင် ချစ်သူရဲ့အကြောင်းလေးတွေကို မကြာခဏတင်လေ့ရှိနေတာပါ။ ပရိသတ်တွေကြားမှာလည်း ဒီအကြောင်းအရာလေးကိုသိချင်နေကြတာပါ။ အခုတစ်ခေါက်မှာတော့ သူ့ရဲ့ ချစ်သူပုံရိပ်လေးကို အလင်းပြလိုက်ပါပြီ။ ထွန်းထွန်းရဲ့ Facebook myday တွင် သူ့ရဲ့ကောင်မလေးနဲ့ပုံရိပ်လေးကိုတင်ထားတာပါ။ ပရိသတ်တွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။ Credit; Myanmarload