Crime news

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA မှ တပ်ရင်းမှူးတစ်ဦး လုပ်ကြံခံရ၍ သေဆုံး

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် -DKBA မှ တပ်ရင်းမှူးတစ်ဦးသည် ယမန်နေ့ ည ၇ နာရီခွဲဝန်းကျင်အချိန် ၎င်းနေအိမ်အတွင်းရှိနေစဉ် အမည်မသိသေနတ်တစ်ဦးမှ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံး သွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် -DKBA ၉၀၉ တပ်ရင်းမှ အသက် ၄၉ နှစ်အရွယ် တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး စောဝေ့ထူးဖြစ်ကြောင်းသိရပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ DKBA ကော့ကရိတ် ဆက်ဆံရေးရုံးမှ ဌာနမှူး ဗိုလ်မှူးကြီးစောကျော်သန်းဌေးက ယခုလို အတည်ပြုပြောကြားသည်။ ၎င်းက “ ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ မနေ့ညက ၇ နာရီ၊ မိနစ် ၂၀ လောက်မှာပဲ အမည်မ သိသေနတ်သမားက လာလုပ်ကြံတာဖြစ်ပါတယ်။ အိမ်မှာပဲဖြစ်တာပါ” ဟုကေအိုင်စီသို့ပြောသည်။ ယမန်နေ့ညက ကော့ကရိတ်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ချောင်းတောင်ကွက်သစ် ၂ […]