Cele News

MTV တွေ ရိုက်ကူးနေပီဖြစ်တဲ့ ဖြူဖြူထွေး

ပရိသတ်များကြားတွင် အချိန်တိုအတွင်း နာမည်ကြီးလာသော ဖြူဖြူထွေးကတော့ စကားပြောရာတွင် ပွင့်ပွင့်လင်းလင်း ရှိပြီ ဟာသအနှောက်ကလေးတွေ ထည့်သွင်းပြောတာကြောင့်ပရိသတ်တွေရဲ့ ချစ်ခင် သဘောကျမှုကို ပိုင်ဆိုင်ထားနိုင်ခြင်းဖြစ်ပါတယ်။ Tik Tok ပေါ်တွင် ရှေးဟောင်း ဓါတ်ပြား ဇာတ်လမ်းတွဲများကို နှစ်ကိုယ်ကွဲအဖြစ် သရုပ်ဆောင်မှုများဖြင့် ကျော်ကြားလာသူလေးဖြစ်ကာ မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် သံတမန်အဖြစ် ခန့်အပ်ထားခြင်းခံရသူလေးလဲဖြစ်ပါတယ်။ သူမအနေနဲ့တော့ အနုပညာအလုပ်လေးတွေ လုပ်ကိုင်လျက်ရှိပြီး ၈ရက်နေ့တွင် မောင်မောင်ဖိုးပြည့်ကိုယ်တိုင် ရေးပြီး သီဆိုထားသော “ကံကောင်းပါစေ” သီချင်းရဲ့ Music Video ကို ရန်ကုန် စွယ်တော်မြတ်စေတီတော် တွင် အဆိုရှင်နှင့်အတူတူ ရိုက်ကူးခဲ့ပါတယ်။ Source ; Myanmar Celebrity

Cele News

နှင်းဆီလှေ အငြိမ့်ထဲတွင် Sinon အဖြစ် သရုပ်ဆောင် မှုအပေါ်ပြောပြလာတဲ့ ထွန်းထွန်း

နှင်းဆီလှေ အငြိမ့်ဖွဲ့ ကတော့ ပရိသတ် အချစ်တော်တွေ ပောင်းစပ်ထားပြီးဒာရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ခေါင်းဆောင်သော အနုပညာအဖွဲ့လေးဖြစ်ပါတယ်။ အောက်တိုဘာလ၄ရက်နေ့တွင် အင်းလျားလိတ်ဟိုတယ်အတွင်း ကပြဖော်ဖြေခဲ့သောပွဲမှာ သဘာဝဘေးဒဏ်ခံစားနေရသော ဒေသများသို့ ပြန်လည်ထူထောင်ရေးအတွက် ရံပုံငွေပွဲဖြစ်ပြီး ထိုပွဲတွင် ထွန်းထွန်းမှ Sinon အဖြစ် သရုပ်ဖော်ကပြခဲ့ပါတယ်။ “တချို့သူတွေရဲ့ ဝေဖန်မှု တွေလဲရှိတာပေါ့ ဒာမယ့် သူကိုယ်တိုင်ကလဲသဘောကျတယ်ထင်ပါတယ် ပြန် Share ထားတာလဲတွေ့ရတယ် သူကိုသဘောကျတာတစ်ခုရှိတယ် သူက သူ့ပုံစံအတိုင်းသူနေတယ် ပြီးတော့ စာနာစိတ် မေတ္တာ တရားပြည့်ဝသူဖြစ်တယ် အာ့အချက်လေးကိုတော့ကြိုက်တယ် ဆုံဖြစ်ရင်တော့တွေ့ချင်ပါတယ် ” လို့ ထွန်းထွန်းကပြောပြခဲ့ပါတယ်။ Source ; O Media

Cele News

အောက်တိုဘာလ ၈ရက်နေ့တွင် ကျရောက်ခဲ့သော မွေးနေ့ပိုင်ရှင်လေး ခရစ္စတီးနား

ပရိသတ်တွေ ချစ်ခင်ရတဲ့ ခရစ္စတီးနားကတော့ ချစ်စရာမျက်နှာ လေးရှိပြီး ဇာတ်ပို့ သရုပ်ဆောင်ပိုင်းတွင်သာမက ဇာတ်ဆောင်နေရာ မှာပင်ပိုင်နိုင်စွာ ချပြသရုပ်ဆောင်နိုင်သော မင်းသမီးတစ်လတ်ဖြစ်ပြီး အခုနောက်ပိုင်း အနုပညာနှင့် ဝေးကွာနေသူတစ်ဦး လည်းဖြစ်ပါတယ်။ အောက်တိုဘာလ ၈ရက်နေ့ကတော့ သူမရဲ့ မွေးနေ့လေးဖြစ်ပြီး အနုပညာမောင်နှမတွေကို ဖိတ်ကြားပြီး ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးစေခဲ့ပါတယ်။ ထိုမွေးနေ့ပွဲလေးကို အနုပညာမောင်နှမတွေဖြစ်ကြတဲ့ ပွင့်နဒီမောင်၊ဖူးပွင့်သခင်၊သားစိုး တို့တက်ရောက်ခဲ့ကြပါတယ်။ သူမရဲ့ မွေးနေ့ပါတီလေးကို ချစ်တဲ့ သူငယ်ချင်း ၊ မိတ်ဆွေများနဲ့အတူ ရန်ကင်း၊မိုးကောင်းလမ်းတွင် တည်ရှိသော Friends Way Bar & Lounge တွင် ကျင်းပပြုလုပ်ခဲ့ပြီ အမှတ်တရ များစွာဖြင့် ပြုလုပ်ပြီးစီးခဲ့ပါတယ်။ Source; Myanmar Celebrity

Cele News

ချစ်သူ ရည်းစား မထားသေးဘူးဆိုတဲ့ ယဉ်လက်

ယဉ်လက်လို့ပြောလိုက်တာနဲ့ ရဲမေ မလေးအဖြစ် တန်းသိကြပါတယ် အားကစားဝာသနာပာသူလေးဖြစ်ပြီး အားကစားအဖြစ် လက်ဝှေ့ထိုးတာကိုပိုစိတ်ဝင်စား နှစ်သက်သူလေးဖြစ်ပာတယ်။ ခန္ဓာကိုယ် တောင့်တင်းလှပြီး မြန်မာ့ဝတ်စုံလေးတွေနဲ့လိုက်ဖက်သော သူမကတော့ တနေ့တခြား ထူကဲလှပလာပြီး သူမရဲ့ အကောင့်မှာလဲ မြန်မာဝတ်စုံနှင့် ပုံလေးများကို ရိုက်ကူး ဖော်ပြလေ့ရှိပါတယ်။ ယဉ်လက် က အသက် ၂၂ နှစ်ရှိပြီဖြစ်ပြီ ချစ်သူရည်းစားထားဖို့ မရှိသေးပါဘူး မိဘတွေကတော့ ၁၈ နှစ်မပြည့်ခင်အချိန်ကတော့ ချစ်သူရည်းစား မထားရဘူး ဟုတားမြစ်ထားသော်လည်း ယခုအခာမှာတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိတဲ့ အတွက် ထားချင်ရင်ရသော်လည်း အလုပ်တာဝန်များ တာကြောင့် ကိုယ်ကိုတိုင်က မထားချင်သေးတာပါလို့ ပြောထားပါတယ်။ Credit; Lawka

Cele News

အနုပညာအလုပ်တွေပဲ ဆက်တိုက်လုပ်ဖြစ်နေတယ်ဆိုတဲ့ ခေးဆက်သွင်

အနုပညာလောကအတွင်း သို့ကျဉ်လည်နေတာမကြာသေးသော်လည်း အချိန်တိုတိုတွင်းတွင် ပရိတ်သတ်အားပေးချစ်ခင်ရသော အနုပညာရှင်လေး တစ်ဦးဖြစ်လာသူလေးကတော့ ခေးဆက်သွင်ပဲဖြစ်ပါတယ်။ စာရေးဆရာမကြီး မစန္ဒာရဲ့ အောင်မြင်ကျော်ကြားခဲ့သော ” နှင်းဆီ ” ၀တ္ထုကိုပြန်လည်သရုပ်ဖော် ရိုက်ကူးရာတွင်လည်း နှင်းဆီ သရုပ်ကိုပေါ်လွင်အောင် သရုပ်ဆောင်နိုင်ပြီး ပရိသတ်ရင်ထဲတွင် ရသတခုကျန်ခဲ့အောင် စွမ်းဆောင်နိုင်သူလေးဖြစ်ပါတယ်။ ခေး ကတော့ MTV ၊ ကြော်ငြာ ၊ Wedding Photo တွေရိုက်ကူးနေရပြီး လောလောလတ်လတ် ဖူဂျီ ကြော်ငြာ ကို လက်ခံရိုက်ကူးနေကာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပါတယ်။ Credit; KHAY SATT THWIN

Cele News

ချစ်စရာကောင်းတဲ့ Tik Tok လေးတွေ ဆော့ရင်း ပရိသတ် ပိုသတိထား မိလာတဲ့ ခြူးလေး

ခြူးလေးကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအယာလေးနဲ့ ပရိသတ် တွေကိုစိုးမိုးထားပြီး ယခုနောက်ပိုင်း အနုပညာအလုပ် နည်းပါးချိန်များတွင် Tik Tok ကလေးတွေဆော့လေ့ရှိပါတယ်။ နောက်ဆုံးထွက်ရှိထားသော သူမပါဝင် သရုတ်ဆောင်ထားတဲ့ ” ချစ်ရပာသောနွေ ” ဇာတ်လမ်းတွဲတွင် သွတ်သွတ်လတ်လတ်နှင့် လူငယ်တို့သဘာဝဇာတ်ရုတ်နှင့်အညီ အံ့ဝင် ဂွင်ကျ သရုပ်ဆောင်နိုင်သော အနုပညာရှင်လေးဖြစ်ပါတယ်။ အနုပညာအလုပ်နည်းပါးချိန် တွင် Tik Tok လေးတွေဆော့ပြီး တင်လေ့ရှိတဲ့ သူမကတော့ ပရိသတ်တွေရဲ့ အာရုံစိုက်မှု ကိုခံနေရပြီး ခြူလေးဆိုသည်မှာ Tik Tok ကြောင့်ပင် ပရိသတ်သတိထားမှု ရရှိလာရသည်ဟုဆိုရမည်။ Credit; Chu lay

Cele News

ကိုခန့်ကို တစ်ယောက်ထဲနေစေချင်တဲ့ မယ်လိုဒီ

တခေတ်တခါက အောင်မြင်ခဲ့ပြီး ယခုတိုင် အောင်မြင်မှုရရှိနေဆဲဖြစ်သော အနုပညာမောင်နှမတွေဖြစ်ကြတဲ့ ခန့်စည်သူနဲ့ မယ်လိုဒီတို့ကတော့ တွေ့လိုက်တာနဲ့ မိသားစုလို စလိုက်နောက်လိုက် နေတက်ကြသူတွေဖြစ်ပါတယ်။ မယ်လိုဒီကတော့ ” ကိုခန့်ကို ဒီတိုင်းပဲနေစေချင်တယ်။တစ်ယောက်ထဲ အေးအေးလူလူ စိတ်ချမ်းသာနေလို့ လူပျိုကြီးလုပ်ဖို့အမြဲပြောတယ် ” လို့ဆိုပါတယ်။ ” အရင်ကတော့ဆိုးဖော်ဆိုးဖက် မောင်နှမ တွေပေါ့ အခုတော့ ကိုယ့် ညီမလေးရဲ့ မိသားစုကိုလဲအားကျပေမယ့် တယောက်ထဲနေတာကပိုကောင်းပါတယ် ” လို့ ခန့်စည်သူ ကပြန်လည်ပြောပြခဲ့ပါတယ်။ သီတင်းကျွတ်မှာ သူတို့နှစ်ဦးရဲ့ အစီအစဉ်ကတော့ ဆရာသမားမိဘတွေကိုကတော့ဖို့ပဲ တခြားအစီအစဉ် မဆွဲရသေးဘူးလို့ သိရပြီး မမျိုးကတော့ အစ်မကတော့ သီတင်းကျွတ်မှာ အိမ်ထောင်ပြုဖို့ မရှိသေးပါဘူးဟု ကိုခန့်ကိုစနောက်ဟန်လေးနဲ့ပြောကြားထားပါတယ်။ Source ; Myanmar Celebrity

Cele News

အနီရောင် ၀တ်ဆုံလေးဖြင့် အရမ်းလှနေတဲ့ မေမြင့်မိုရ်

မေမြင့်မိုရ်လေးကတော့ Forever Group ရဲ့ ဇာတ်လမ်းတွဲလေး ဖြစ်တဲ့ ” ပန်းနုသွေး ” ဇာတ်လမ်းတွဲတွင် ပန်းနုသွေးဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ခဲ့ ပြီး လူငယ်ကော လူကြီးပါ ကြိုက်နှစ်သက်ရပြီး ချစ်စရာကောင်းသော မင်းသမီးလေးဖြစ်ပါတယ်။ သူမကတော့ အနုပညာအလုပ်များကို ဆက်တိုက်လုပ်ကိုင်လျက် ရှိပြီး တနေ့တခြားဆွဲဆောင်မှု ရှိရှိ ပိုမိုလှပလာကာ ပုရိသတွေရဲ့ အသည်းကျော် လေး တစ်ဦးလည်းဖြစ်ပါတယ်။ မေမြင့်မိုရ်က အခုအခာ မော်လမြိုင်မြို့ကိုရောက်ရှိနေပြီး စိန်နန်းတော်ရဲ့ အထူးဈေးရောင်းပွဲလေးသို့ တက်ရောက်ဖို့ ရှိနေတာလဲဖြစ်ပါတယ်။ စိန်နန်းတော်ရဲ့ အထူးဈေးရောင်းပွဲလေးကတော့ အောက်တိုဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ Ocean Supercenter တွင် ကျင်းပသွားမှာဖြစ်ပြီး မေမြင့်မိုရ်လေးကတော့ စိန်နန်းတော် Diamonds & Fine Jewelry ကိုဝတ်ဆင်ကာ အနီရောင်ဝတ်ဆုံလေးဖြင့် […]

Cele News

” ပပ၀တီ စီရင်ခန်း ” ဇာတ်ကားကြီးတွင် နှစ်ဦးအားပြိုင် မှုတွေတွေ့ ရမယ့် မိုဟေကို နဲ့ ဖွေးဖွေး

ပရိတ်သတ်ကိုယ်စီ အခိုင်အမာ ရရှိထားပြီး ပြည့်သူအချစ်တော် အနုပညာရှင် တွေ ဖြစ်တဲ့ မိုဟေကို နဲ့ ဖွေးဖွေးကို ” ပပ၀တီ စီရင်ခန်း ” ဇာတ်ကားကြီးတွင် အတူမြင်တွေ့ ရမှာဖြစ်ပြီ မင်းသမီး နှစ်ဦး ရဲ့သရုပ်ဆောင် အားပြိုင်မှုတွေကို တွေ့မြင်ရမှာဖြစ် ပါတယ်။ ထိုဇာတ်ကားကြီးကို အောက်တိုဘာလ ၁၀ရက်နေ့တွင် တစ်နိုင်ငံလုံးရှိ ရုံရှင်ရုံများတွင် ရုံတင်ပြသမှာဖြစ်ပြီး ဒာရိုက်တာ ဝိုင်းကရိုက်ကူးပုံဖော်ထားကာ အကယ်ဒမီ ထွန်းထွန်း ၊ အလင်းရောင်တို့က ပါဝင်အားဖြည့်ထားကြပါတယ်။ နန်းရွှေမှုံ အဖြစ် သရုပ်ဆောင်ထားသူလေး မိုဟေကိုကတော့ “ဖွေးနဲ့က ဒီလို ရုပ်ရှင်ကာရိုက်တာမျိုးတွဲမရိုက်ဖူးဘူးလေ ပြီးတော့ ဒါရိုက်တာ ဝိုင်းနဲ့ လည်း ရိုက်ချင်တယ် အာ့နှစ်ချက်နဲ့ တင်လက်ခံဖြစ်သွားတာပါ တချို့ဝေဖန်တာတွေလဲရှိတာပေါ့လေ မရိုက်ဖို့ ” လို့ ပြောပြထားပါတယ်။ […]

Cele News

အောက်တိုဘာလ ၉ရက်နေ့တွင် ကျရောက်တဲ့ နေဒွေးရဲ့ မွေးနေ့လေး

ယနေ့ အောက်တိုဘာလ ၉ရက်လေးကတော့ အနုပညာရှင်နေဒွေး ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ သရုပ်ဆောင် ပိုင်းတွင် ဟာသ၊အဆွေး၊အလွမ်း ပိုင်နိုင်သူတစ်ဦးဖြစ်ပြီး အချိန်ကြာသည့်တိုင်အောင် အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်ပြီး ပရိသတ် အခိုင်အမာရရှိထားသူလေးဖြစ်ပါတယ်။ သူရဲ့ မွေးလေးနေ့ရက်ကလေးမှာ ” ခုချိန်ကစပြီး ကျွန်တော်ကိုချစ်တဲ့သူများ ရဲ့ အနီးဆုံးမှာနေမယ် ကျွန်တော်ချစ်တဲ့မေမေ့စကားကို နားထောင်ပြီး ချစ်တဲ့ ထမင်းရှင်ပရိသတ် များအတွတ် အနုပညာအလုပ်တွေကို ပိုပြီးကြိုးစားသွားပါ့မယ် ခင်ဗျ ” လို့ Social Media Account ပေါ်တွင်ရေးသားထားပါတယ်။ ညိုချောလေးနေဒွေး ကတော့ ယခုလက်ရှိအနုပညာအလုပ်တွေကိုဆက်လတ်လုပ်ကိုင်လျှက် ရှိပြီး ကြိုတင်မွေးနေ့ကိတ်ပြုလုပ်ပေးသူတွေ မွေးနေ့လက်ဆောင် နဲ့ မွေးနေ့ဆုတောင်းပြုလုပ်ပေးတဲ့ ပရိသတ် တွေ ချစ်ခင်သူရသူတွေကိုလဲကျေးဇူးတင်စကား ပြောကြားထားပါသေးတယ်။ Source; Nay Dway