Cele News

Kids Plus + Up အတွက် ကြော်ငြာဓါတ်ပုံရိုက်ကူးနေတဲ့ မယ်လိုဒီ နဲ့ သားသား သိဒ္ဓိစစ်

သားသား သိဒ္ဓိစစ် လေးကတော့ ကြော်ငြာတွေရိုက်ကူးလေ့မရှိပဲ ယခုမှာတော့ မေမေ မယ်လိုဒီနဲ့အတူတူ ပိုစ့်အပြိုင်ပေးပြီး Kids Plus + Upဖြည့်စွက်အာဟာရ ဆေးအတွက် ကြော်ငြာ ရိုက်ကူးနေပါတယ်။ အတွေ့အကြုံမရှိသေးသော်လည်း အသာဖြူဖြူဖွေးဖွေး လေးနဲ့ ချစ်စရာကောင်း လောက်အောင်သရုပ်ဆောင်နေပုံလေးကတော့ မေမေ့ကိုတောင်ကျော်လွန်ပြီး ချစ်စရာကောင်းနေပါတယ်။ ထိုရိုက်ကူးမှုလေးကို အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်မှာရှိတဲ့ SHANE Photography Studio မှာ ကြော်ငြာဓါတ်ပုံရိုက်ကူးနေတဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ Source; MC

Cele News

သမီလေးအပေါ် ပျက်ကွက်မှုတွေရှိပြီး တာဝန်မကျေမှုတွေရှိတယ်လို့ပြောပြလာတဲ့ မေကဗျာ

မေကဗျာကတော့ အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ရန် ကြိုးစားနေသော ဝါရင့်အနုပညာရှင် တစ်ဦးဖြစ်ပြီ သူ့မရဲ့သမီးလေး ၃နှစ်သမီးအ၇ွယ်ထဲက အနုပညာလောကထဲသို့ ခြေစုံပစ် ၀င်ရောက်လာသူတစ်ဦးလည်းဖြစ်ပါတယ်။ အနုပညာလောကထဲဝင်ရာက်နေသူမို့ သမီးဖြစ်သူကို သိပ်ဂရုမစိုက်နိုင်ဘူး ငယ်ငယ်ထဲက အဘွားလက်ထဲမှာပဲကြီးပြင်း လာရတော့ တာဝန်ကျေမှုဆိုတာ အမေရဲ့ခြေဖျား တစ်မှုန်တောင်မမှီပါဘူး အနုပညာလောကထဲက သားသမီးတွေက သနားဖို့ကောင်းတယ် မိသားစုရဲ့ နွေးထွေးမှုကို သိပ်မခံစားရဘူးလို့ပြောကြားထားပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ကမ္ဘာနှစ်ထပ် ရုပ်ရှင်ဇာတ်ကားကြီးမှာ မိဘမေတ္တာကိုဖော်ညွှန်းရိုက်ကူးထားတာဖြစ်ပြီး ယနေ့ ၁၀ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ Source;Myanmar Cele 7

Cele News

ဒီနှစ်သီတင်းကျွတ်မှာ အပျိုကြီးအေးသောင်းရဲ့ မင်္ဂလာသတင်း ပါလာတော့မှာလား

အေးသောင်းလို့ အစချီလိုက်တာနဲ့ အပျိုကြီးမမကို မြန်မာဝတ်စုံ ရိုးရိုးယဉ်ယဉ်လေးနဲ့ ပြေးမြင်မိကြမှာဖြစ်ပြီး သူမရဲ့ အေးချမ်းနဲ့ အပြုံးလေးတွေနဲ့ ဆက်စပ်သတိရနေမှာဖြစ်ပါတယ်။ အပျိုကြီးစာရင်းဝင်နေပီဖြစ်တဲ့ သူမကတော့ လှပနုပျိုနေဆဲဖြစ်ပြီ တက်သစ်စ မင်းသမီးလေးတွေနဲ့ ယှဉ်ရင်တောင်လှပတင့်တယ်နေကာ သူမရဲ့ အနုပညာသရုပ်ဆောင်ချက်များကလည်း အ၇င်လို လက်ဆက်နေဆဲဖြစ်ပါတယ်။ ပီဇာကြိုက်တဲ့ အပျိုကြီးမမတစ်ယောက် အချစ်ရေးကိုဘေးချိတ်ထားပြီး အပျိုကြီးပဲဆက်လုပ်ဖွယ်ရှိ သည့်အပြင် နှစ်စဉ် မိသားစုနဲ့အတူတူသွားရောက် စားသောက်နေကြဖြစ်တဲ့ Pizza Company မှာ သီတင်းကျွတ် အထိမ်းအမှတ်လေးအဖြစ် သွားရောက်ခဲ့ကြပါတယ်။ Source ;Aye Thaung, MC

Cele News

မွေးနေ့အကြို ကုသိုလ်အဖြစ် မိသားစုနဲ့အတူ သီလရှင်ဝတ်လိုက်တဲ့ မေဘရဏီသော်

Miss Universe Myanmar 2015 မှာဝင်ရောက်ယှဉ်ပြိုင် ပြီ အနုပညာလောကတွင်းသို့ ၀င်ရောက်လာတဲ့ မေဘရဏီသော် လေးကတော့ အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်လျက်ရှိပြီး မော်ဒယ်လုပ်ငန်းတွင် ကျွမ်းကျင်လိမ္မာ ပါးနပ်သူတစ်ဦးလည်းဖြစ်ပါတယ် ။ သူမအနေနဲ့ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်ရုံသာမက သရုပ်ဆောင်ကောင်းတယောက်ဖြစ်ရန်အတွက်လဲကြိုးပမ်းဆောင်ရွက်နေပီ သူမပါဝင် အားဖြည့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကလည်းရုံတင်ထားလျက်ရှိပါတယ်။ သူမရဲ့ မွေးနေ့လေးကရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ကုသိုလ် အလှူလေးအဖြစ် ယနေ့ အောက်တိုဘာလ ၁၀ရက်နေ့တွင် မိသားစုနဲ့အတူ မြောက်ဒဂုံ ၊ သုဝဏ္ဏဘူမိခေမာရာမ သီလရှင်စာသင်တိုက်တွင် သီလရှင်ဝတ်ခဲ့ပါတယ်။ Source ; MC

Cele News

TECNO SPARK 4 ဖုန်းသစ်ရောင်းချပွဲတွင် Brand Ambassador ဖြစ်တဲ့ Mary ကိုယ်တိုင်ပါဝင်ခဲ့

Mary ဆိုတဲ့ တေးသံရှင်လေးကတော့ သာယာနာပျော်ဖွယ်ရှိတဲ့ အသံချိုချိုအေးအေးလေးပိုင်ဆိုင်ထားပြီး ချစ်စရာကာင်းတဲ့ မျက်နှာပိုင်ရှင်လေးဖြစ်တဲ့အပြင် ဖတ်ရှင်ကျကျ ၀တ်စားနေထိုင်တက်သူလေးမို့ ပရိသတ် အများစုကို ခနတာအတွင်း ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ သူမကတော့ Brand Ambassador အဖြစ် TECNO Mobile Phone တွင် ခန့်အပ်ထားခံရပြီး သူမအတွက် ပထမဦးဆုံး Brand Ambassador အလုပ်လဲဖြစ်ပြီ အောက်တိုဘာလ ၉ရက်နေ့တွင်ပြုလုပ်ခဲ့တဲ့ Spark 4မိတ်ဆက်ပွဲတွင် ကိုယ်တိုင် Sale Promoter အဖြစ်ဆောင်ရွက်ခဲ့ပါတယ် ။ ထိုပွဲလေးကို မန္တလေးမြို့ရှိ Mobile Link ဖုန်းဆိုင်တွင်ပြုလုပ်ခဲ့ပြီး နေ့လည် ၂နာရီခွဲမှ ၄နာရီအထိပြုလုပ်ခဲ့ကာ လာရောက်ဝယ်ယူ အားပေးကြတဲ့ ချစ်ခင်ရတဲ့ ပရိသတ်တွေအတွက်လဲ Surprise များပြုလုပ်ပေးပြီး Mary မှ အမှတ်တရလက်ဆောင်ပစ္စည်း များနဲ့ လတ်မှတ်ရေးထိုး […]

Cele News

သီတင်းကျွတ် အလှူအဖြစ် မဟာဝိဟာရကျောင်းတိုက်တွင် အလှူဒါန ပြုလုပ်ခဲ့တဲ့ ပိုပို

ပိုပိုကတော့ အလှူအတန်းပြုလုပ်ရာတွင်လက်မနှေးတမ်း စာနာတရားလေးနှင့် နှစ်စဉ်နှစ်တိုင်း အလှူအတန်းတွေပြုလုပ်နေပြီး အမြဲတမ်း စိတ်ချမ်းသာအောင်နေထိုင်သူလေးဖြစ်ပါတယ် ။ ယခုအခါမှာလဲ ရှိုးကနေရတဲ့ ငွေကြေးလေးကို အောက်တိုဘာလ ၉ရက်နေ့ မနက်ပိုင်းတွင် မှော်ဘီမြို့နယ်ရှိ မဟာဝိဟာရကျောင်းတိုက်တွင် သီတင်းကျွတ်အလှူလေးအဖြစ်သွားရောက် လှူဒါန်းခဲ့ပါတယ်။ အလှူလုပ်ပြီးနောက် တိရစ္ဆာန်လေးတွေကို ကြင်နာသနားတက်တဲ့ပိုပိုလေးကတော့ အပြန်ခရီးလမ်းတွင် လှော်ကားဥယျာဉ်တွင်းသို့ဝင်ကာ တိရစ္ဆာန်လေးတွေကို အစာသွားရောက်ကျွေးမွေးခဲ့တဲ့ ပိုပိုရဲ့ စိတ်စေတနာကတော့ ချစ်ခင်လေးစားဖွယ် ကောင်းနေပါတယ်။ Source; Popular Journal

Cele News

အနုပညာရှင်ဖြစ်လာတော့ အရင်လို JJ ဘောင်းဘီနဲ့ လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်တော့ ဘူးဆိုတဲ့ ရှိန်းတင်ထူး

အနုပညာလောက ကိုရောက်ရှိလာတာ မကြာသေးပေမယ့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်လာတဲ့ ရှိန်းတင်ထူးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်လာပြီး မီဒီယာ များရဲ့ အာရုံစိုက်ခြင်းခံရပါတယ်။ သူရဲ့ ပထမဦးဆုံး ရုပ်ရှင်ကားကြီးအနေဖြင့် သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားတွင် ရှိန်းအဖြစ် ဇာတ်ပို့သရုပ်ဆာင်နေရာကနေ သရုပ်ဆောင်ရသော်လည်း လူငယ်ပုံစံလေးနဲ့ သရုပ်ဆောင်ပြီပြင်တာကြောင့် ပရိတ်သတ်တွေပိုမိုသတိထားမိလာပြီး အကြိုက်ပိုခဲ့ကြပါတယ်။ ရှိန်းတင်ထူး ကတော့ ယခုလက်ရှိ နန်းဆုရတီစိုး နဲ့ Music Video ရိုက်ကူးနေပြီး အနုပညာရှင်ဖြစ်လာတဲ့အခာ အရင်လို JJ ဘောင်းဘီနဲ့ လက်ဖက်ရည်ဆိုင် မထိုင်ဖြစ်တော့ဘူး ပြီတော့ အရင်က ဖြစ်သလိုလေးနေတက်ပေမယ့် အခုတော့ ဂရုတစိုက်နေထိုင်ပါတယ်လို့ ပြောပြထားပါတယ်။ Source; Popular Journal

Cele News

ရေ၀တီဇာတ်ရုပ်က သူ့အတွက်အခက်အခဲဆုံးလို့ပြောပြလာတဲ့ နန်းစန္ဒာလှထွန်း

နန်းစန္ဒာလှထွန်း လေးကတော့ ပွဲဦးထွက် ကားမှာတင် ပရိသတ်ချစ်ခင်မှုကိုရရှိခဲ့ဦး ဆံရစ်ဝိုင်းလေးနဲ့ တောသူမလေးအသွင်သရုပ်ဆောင်ခဲ့ပြီး စကားပြောအေးဆေးသော သိမ်ငယ်စိတ်များစွာ ရှိနေသော ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ စတင်သရုပ်ဆောင်ခဲ့ တဲ့ ပဉ္စလက်ရွာ ကတော့ပြသစဉ်မှာပဲ တမူထူးခြားနေတဲ့ ဆံရစ်ဝိုင်း လေးနဲ့ကောင်မလေးကို သတိထားမိလာ ကြပြီး ပရိတ်သတ်များစွာ ရရှိခဲ့ပါတယ် ။ အခုနောက်ပိုင်း ဇာတ်ကားးပေါင်းများစွာ ရိုက်ကူးနေရပြီး ဇာတ်ရုပ်မတူသော ကာရိုက်တာဇာတ်ကောင်အမျိုးမျိုးကို တမူထူးခြားစွာ သရုပ်ဆောင်ထားပြီး ရေ၀တီဇာတ်ရုပ်နဲ့ ပဉ္စလက်ရွာ ကတော့ သူ့အတွက် အခက်အခဲဆုံး ဇာတ်ကောင်ပါလို့ပြောပြထားပါတယ်။ Source; Popular Journal

Cele News

ပြင်ဦးလွင်ကို အပန်းဖြေခရီး အဖြစ်ရောက်ရှိနေတဲ့ တီတီ နဲ့ အူဝဲ တို့မိသားစု

အလှသရဖူဆောင်းထားနိုင်ပြီး ငယ်ရွယ်နုပျိုနေဆဲဖြစ်သော အိန္ဒြာကျော်ဇင် နဲ့ ခင်ပွန်းဖြစ်သူ ပြေတီဦး တို့ကတော့ အနုပညာအလုပ်တွေကိုအဆက်မပျက် လုပ်ကိုင်နေပြီ သူမပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ဇာတ်ကောင်းကြီးတွေလဲ ရုံတင်ပြသလျက်ရှိပါတယ်။ ပျော်ရွှင်စွာကောင်းသော မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင် ကတော့ မိသားစုနဲ့အတူတူ အပန်းဖြေခရီးအဖြစ် ပြင်ဦးလွင်သို့သွာရောက်လည်ပတ်နေပြီး ချစ်စရာကောင်းတဲ့ မိသားစု ပုံရိပ်ကလေးတွေကို မျှဝေတင်ပြထားပါတယ်။ “ကိုယ်တွေက ကိုယ့် Personal Photographer နဲ့ကိုယ်ပဲလေလို့ ” စနှောက်ဟန်လေးနဲ့ရေးသားထားပြီး သားသား၊မီးမီး နှစ်ယောက်က ဓါတ်ပုံရိုက်ပေးနေပုံ လေးတွေနဲ့ အတူတူတွဲတင်ထားတာတွေ့ရပါတယ် ထိုပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ Photo source ;Eaindra Kyaw Zin

Cele News

မြင့်မြတ်က သူရဲ့ ဆရာတစ်ယောက်ပါလို့ပြောပြလာတဲ့ အိချောပို

အနုပညာလောကထဲကိုခြေချမိသည့်အချိန်ကနေ ယနေ့အထိ အောင်မြင်မှုရရှိနေဆဲ မြင့်မြတ်ကတော့ ပရိသတ် ပုရိသတွေနဲ့ အသည်းကျော်လေး အိချောပို ရဲ့ ဆရာတယောက်ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အနုပညာပျိုးခင်း ရဲ့စင်တင်မင်းသမီးလေး အိချောပိုကတော့ အနုပညာများကိုအဆက်မပျက်လုပ်ကိုင် နေပြီး အနုပညာပျိုးခင်း ဆရာများဖြစ်တဲ့ မြင့်မြတ် ၊ ခန့်စည်သူ ၊ ဒါရိုက်တာ ဝိုင်း တို့နဲ့လည်း ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူး ထားသူလည်းဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပသူလေးလည်း ဖြစ်ပါတယ် ။ ယခု အခာမှာတော့ မြင့်မြတ်နဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ချိုးရုပ် ဇာတ်ကားကြီးက ရုပ်တင်ပြသတော့မှာဖြစ်ပြီ ဒါရိုက်တာ ခင်လှိုင်က ရိုက်ကူးပုံဖော်ထားပြီး ခံစားချက်ရသ အစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အပြင် ပွဲကြည့်သူ ပရိသတ်များကိုလဲ ခံစားချက် တစုံတရာစွဲထင် ကျန်ရစ်စေမယ့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ Source ; MC