Cele News

မိန်းမလျာဇာတ်ရုပ်ကို Over လုပ်လို့မရတဲ့ အခြေအနေမှာရှိတယ်လို့ပြောပြလာတဲ့ သူရိယ

ဇာတ်ပို့နေရာမှာ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံး သရုပ်ဆောင်နိုင်ပြီး ထူးခြားပြောင်မြောက် အောင်ဇာတ်ပို့နိုင်သူ သူရိယ ကတော့ အခန်းနားဆုံးမေတ္တာ ဇာတ်ကားကြီးတွင် မိန်းမလျာ နေရာကနေဇာတ်ပို့ အဖြစ်ပါဝင်အားဖြည့်ထားပါတယ်။ ထိုကားထဲမှာ မိန်းမလျာ ဇာတ်ရုပ်ကတစ်ခာတစ်လေ သရုပ်ဆောင်ရင်း Over ဖြစ်သွားတာမျိုးလဲရှိတယ် အာ့ခါမျိုးကြတော့ ကိုနေတိုးကပြန်ညှိပေးပါတယ် တအားOver ဖြစ်သွားတဲ့အခာ သဘာဝမဆန်တော့ဘဲ လုပ်ယူတဲ့အနေအထားဆို ကြည့်ရသူအဖို့ဘယ်လိုမှအဆင်မပြေဘူးလေ လို့ပြောပြထားပါတယ်။ သူရိယ ကအနုပညာအလုပ်တွေကိုအဆက်မပြတ်လုပ်ကိုင်လာပြီး သရုပ်ကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားရင်း အနုပညာဝမ်းစာဖြည့်ကာ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ Sourse; Stun Magazine

Cele News

ရွှေခတ်​ကြာင်းပြောပြလာတဲ့ သွန်းသစ္စာဇော်

ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသနေတဲ့ ” ပျောက်ဆုံးနေသောအမှန်တရား ” ရုပ်သံဇာတ်လမ်းတွဲမှာ ရွှေခတ်နေရာကနေ ပါဝင်သရုတ်ဆောင်အားဖြည့်ထားတဲ့ သွန်းသစ္စာဇော် ကသူမပါဝင်သရုတ်ဆောင်ထားတဲ့ ဇာတ်ကောင် အပြည့်အစုံကိုပြောပြခဲ့ပါတယ်။ ” ပျောက်ဆုံးနေသောအမှန်တရား ” မှာအဓိကဇာတ်ရုပ်ဖြစ်တဲ့ရွှေခတ်လေးကတော့ လွတ်လွတ်လပ်လပ်နေတက်ပြီး မိဘရဲ့ ချုပ်ချယ်မှုကိုမခံရတဲ့ မိန်းကလေးဖြစ်ပြီး သူငယ်ချင်းတွေကို မိသားစုလိုသဘောထားကာ အမြဲတမ်းနံပါတ်တစ်နေရာမှာ သတ်မှတ်ထားတဲ့ကောင်မလေးမျိုးပါ။ ကိုယ်နဲ့ အခြေအနေချင်းအရမ်းကွာခြားလွန်းနေတဲ့ သူဋ္ဌေးသားလေးကိုတိတ်တခိုးချစ်မိနေပြီး ၊ သူကပြန်ကြိုက်လာတော့ နောက်ပိုင်းမှာ ရွှေခတ်ဆီကနေ ဒေတာတွေအကုန်ယူအသုံချခံအခြေအနေဖြစ်လာတဲ့အခါ သူငယ်ချင်းတွေအပေါ်လဲ သစ္စာဖောက်ပုံစံမျိုးဖြစ်ပြီ ၀မ်းနည်းကြေကွဲရတဲ့ပုံစံလေးပါ လို့ဇာတ်ကောင်ပုံစံလေးကိုပြောပြထားပြီး အပြင်မှာတော့ အသဲခနခနကွဲဘူးတယ် ခုတော့မကွဲတော့ပါဘူး ၊ သီတင်းကျွတ်မှာတော့မိဘတွေကိုကန်တော့ပြီးပြီး ဆုပေးတာကတော့ အလုပ်အကိုင်အဆင်ပြေပါစေပေါ့ မိဘတွေကအပျိုကြီးပဲလုပ်စေချင်တော့ မြန်မြန်ကျွတ်ပါစေတော့ ဆုမပေးဘူးလို့လဲ ပြောထားပါသေးတယ်။ Source; Sunday Journal

Cele News

Skylessstar မှာပါဝင်သရုပ်ဆောင်ဖို့ အကယ်ဒမီမျိုးသန္တာထွန်းရဲ့ သင်ကြားပေးမှုအပေါ် ပြောပြလာတဲ့ နွယ်ဒါလီထွန်း

အနုပညာရှင်ပေါင်းများစွာပါဝင်သရုပ်ဆောင်မယ့် Skylessster ရုပ်ရှင်ဇာတ်ကားကြီးကဆိုရင်ဖြင့် ပြည်တွင်းအနုပညာရှင်များသာမက ပြည်ပအနုပညာရှင်များပါ ပါဝင်ရိုက်ကူးသွားမယ့် ဇာတ်ကားကြီးဖြစ်ပါတယ်။ ထိုဇာတ်ကားကြီးအတွက် ပါဝင်သရုပ်ဆောင်မယ့် အနုပညာရှင်များကို သင်တန်းတွေပေးထား ပြီးအကောင်းဆုံးဖြစ်အောင်ကြိုးစားပြင်ဆင်နေကြပါတယ်။ ဝါရင့်သရုပ်ဆောင်များက တက်သစ်စလူငယ်များကို ၀မ်းစာဖြည့်သင်ကြားပေးတာတွေလဲရှိပါတယ်။ အကယ်ဒမီမျိုးသန္တာထွန်းရဲ့ သင်ကြားပေးမှုအပေါ် မမျိုးက အတိအကျကြီးဒီနေရာမှာတော့ ဒာလုပ်ရမယ်မဟုတ်ဘဲ ဒီနေရာလေးမှာဆိုရင် ဒာမျိုးလေးလုပ်တာကအဆင်ပြေတယ် ဒီလိုလေးပြောင်းလိုက်ရင်ပိုကောင်းမယ့်လို့ ညှိယူတဲ့ ပုံစံမျိုးနဲ့ သင်ကြားပေးပါတယ် ပြီးတော့ အတူတူသရုပ်ဆောင်ပြီးတွေ့ဖို့ကလဲမလွယ်ကူဘူးလေ ညီမတို့ဆို သရုပ်ဆောင်လောကထဲရောက်တာနောက်ကျတယ် အာ့တော့ ဝါရင့် သရုပ်ဆောင်တွေနဲ့ အတူတူ ရိုက်ကူရမှာဆိုတော့ စိတ်ဖိစီးမှုနည်းနည်းလေးတော့ရှိပါတယ်လို့ဖြေကြားထားပါတယ်။ Source; Punn Pwint

Cele News

ညီအစ်မနှစ်ဦးဆုံရင် ကိုရီးယားမင်းသားတွေအကြောင်းပဲပြောဖြစ်ပါတယ်ဆိုတဲ့ အယ်နီရှိုင်း နဲ့ အက်စတာဒွေး

အသံပာဝာကောင်းကောင်းနဲ့ သီဆိုဖျော်ဖြေနိုင်ပြီး ငယ်ငယ်လေးထဲက ဝာသနာထုံလွန်းသူတွေဖြစ်တဲ့ ညီအစ်မနှစ်ဦးကတော့ ” ဂီတတံခါးလေးဖွင့်ပါအုန်း ” ပြိုင်ပွဲတွင်ဝင်ရောက် သီဆိုယှဉ်ပြိုင်ခဲ့ပြီး နောက်ဆက်တွဲ ဂီတလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါတယ် ။ ညီအစ်မနှစ်ဦးက ငယ်ငယ်ကဆို အတူတူခရီးတွေထွက်ဖြစ်တယ် ။ ငယ်ငယ်ကတော့ ခနခနရန်ဖြစ်တယ် ကြီးလာတော့ ရန်သိပ်မဖြစ်တော့ပါဘူး ခရီးတွေကတော့ အတူတူထွက်ဖြစ်တယ် ။ အတူတူရှိနေရင်တော့ တခြားအကြောင်းတော့ သိပ်မပြောဖြစ်ပါဘူး ကိုရီးယား မင်းသားတွေအကြောင်းပဲပြောဖြစ်တယ် လို့ ပြောခဲ့ပါတယ်။ အယ်နီရှိုင်းလေးကတော့ မကြာသေးခင်က အသက် ၁၈ နှစ်ပြည့်ခဲ့တာဖြစ်ပြီး အက်စတာဒွေးကတော့ အယ်နီရှိုင်းထက် ၂လပဲကြီးပါတယ်။ သူတို့နှစ်ဦးဟာ ရှေ့လျောက်အနုပညာအလုပ်တွေကို ပိုမိုလုပ်ဆောင်သွားမှာဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ထူချွန်ပြောင်မြောက်ပြီး ပါရမီထူးကဲလှတဲ့ အနုပညာရှင်လေးတွေဖြစ်ပါတယ်။ Source; MC

Cele News

အိမ်ထောင်ကျဖူးတဲ့အပေါ်ပြောပြလာတဲ့ ရေဗက္ကာဝင်း

ပရိသတ်ရဲ့အားပေးချစ်ခင်မှုကြောင့် အဆိုတော်အဖြစ် အခုတိုင်ရပ်တည်လျက်ရှိတဲ့ ရေဗက္ကာဝင်း ကတော့ အသံငြိမ်ငြိမ်အေးအေးလေးနဲ့ တခြားသူ သီဆိုဖို့ခက်ခဲတဲ့ သီချင်းတွေကို ပိုင်နိုင်စွာသီဆိုခဲ့ပြီး ဂီတလောကတွင်းသို့ ၀င်ရောက်လာတာ ၁၆ နှစ်ကျော် ခဲ့ပြီဖြစ်ပါတယ်။ သူမကတော့ 2013 ခုနှစ်မှာ အိမ်ထောင်ပြုခဲ့ပေမယ့် သူမရဲ့ အိမ်ထောင်ပြုမှုအပေါ် ပရိသတ်များ သိရှိခဲ့ခြင်းမရှိဘဲ မိတ်ဆွေ အနည်းငယ်သာ သိရှိခဲ့တာကြောင့် ပရိသတ်တချို့က အပျိုကြီးလို့တောင်ထင်မှားခဲ့ကြပါတယ်။ ဂီတလောကထဲကိုအခြေချခဲ့တာဆို ၁၆ နှစ်အရွယ်ထဲကဖြစ်ပြီး သီချင်း တော်တော်များများသီဆိုထားသော်လည်း တစ်ကိုယ်တော်အခွေတော့ ထွက်ရှိထားခြင်း မရှိတာကြောင့် တချို့ ဗဟေဋ္ဌိစကားဝိုင်းလေးတွေမှာဆို ” အခွေထွက်ထားတာမရှိဘဲ အဆိုတော်ဖြစ်နေတဲ့သူကိုပြောပြပါ ” တို့ ကြားရတော့ ကိုယ့်ကိုသတိရပေးကြသိရတော့ ပျော်တာပေါ့ 2020 ကြရင်တော့ တစ်ကိုယ်တော်ခွေထွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ Source; Punn Pwint

Cele News

ငယ်ငယ်က စာသင်ခန်းထဲမှာ ခုံခေါက်ပြီး သီချင်းဆိုခဲ့ဖူးတယ်ဆိုတဲ့ ဟဲလေး

အဆိုပိုင်းမှာ ပါရမီအပြည့်အ၀ ရှိတဲ့ ဟဲလေးက ဂီတနယ်ပယ်တွင်းသို့ကျင်လည်စပြုချိန်မှာ ခက်ခဲကြမ်းတန်းခဲ့သော်လည်း ယခုချိန်မှာတော့ အောင်မြင်တဲ့ ဂီတအနုပညာသမားတယောက်အဖြစ်ရပ်တည်နေပါတယ်။ ငယ်စဉ်ထဲက ဂီတကိုရူးသွပ်ခဲ့ပြီး ကျောင်းတက်စဉ်အခါက စာသင်ချိန် တစ်ချိန်နဲ့တစ်ချိန် ကွာဟနေချိန်တွေမှာဆို ခုံခောက်ပြီး သီချင်းသီဆိုလေ့ရှိကာ ငယ်စဉ်အချိန်ကဂီတကို တော်တော် ရူးသွပ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းမှာဆို ထိုင်ခုံတွေကသစ်သားခုံတွေလေ ပြီးတော့ အောက်မှာခံထားတာတွေက သုံးထပ်သားတွေ တခာတလေခုံခေါက်ဆိုနေရင်းနဲ့ သုံထပ်သားဆိုကျိုးသွားတာတို့ ရှိတယ် ခုံတွေက အသံထွက်ကောင်းတဲ့ခုံတွေရှိတယ်လေ တနေ့တနေ့ ခုံလုရတဲ့ ပြသနာလဲရှိတယ်လို့ ဟဲလေးကပြောပြခဲ့ပါတယ်။ Source; MC

Cele News

အိုက်တင်ကောင်းတဲ့ စိုင်းအောင်တင်ကို ငယ်ငယ်က အရမ်းမုန်းခဲ့ ရတယ်ဆိုတဲ့ ဇင်မျိုး

ဇာတ်ကားတစ်ခုပုံဖော်ရိုက်ကူးရာတွင် ဇာတ်ကောင်အလိုက်သတ်ဝင်ပြီပြင် ရပြီး ဇာတ်ပို့ဇာတ်ရန်ရဲ့ အပို့ကောင်းမှသာ ဇာတ်ဆောင်ရဲ့သရုပ်ကိုပိုပေါ်လွင်စေပြီး ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ မင်းသား မင်းသမီးကိုကြည့်ရှုသူပရိသတ် သနားဂရုနာသတ်လာစေဖို့ ဇာတ်ပို့ ဗီလိန်များက အမုန်းခံရတာ သဘာဝပါ ရာစုနှစ် တစ်ခုတိုင် ဗီလိန်နေရာတွင် သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်ရဲ့ မုန်းခြင်းကို ခံခဲ့ရတဲ့ စိုင်းအောင်တင် ကို ငယ်ငယ်ကသူကိုယ်တိုင်လဲမုန်းခဲ့ရပါတယ်လို့ ဇင်မျိုး ကပြောပြထားပါတယ်။ ဇင်မျိုးကတော့ အနုပညာလောကကိုစရောက်ဝင်လာချိန်မှာတော့ စိုင်းအောင်တင် နဲ့သိရှိခဲ့ပြီး သရုပ်ဆောင်ခဲ့သမျှဗီလိန်ဇာတ်ရုပ်နဲ့ အပြင်ကနေထိုင်မှုပုံစံက ကွာခြားနေပြီးလေးစားဖို့ကောင်းတဲ့ အနုပညာရှင်၊ မိန်းမကိစ္စလဲ မရှုပ်ဘူး ၊ရိုက်ကွင်းမှာလဲစကားနည်းတယ် ပြီးတော့ လေးစားသမှုလဲရှိတယ် စိုင်းအောင်တင်ဆီကနေ တဖြည်းဖြည်းသင်ယူလေ့လာနေပါတယ်လို့ပြောပြထားပါတယ်။ Source;MC

Cele News

Skylessstar ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် မိုးစက်ဝိုင်က သူမရဲ့ အချစ်ရေးကိုပြောပြလာ

မော်ဒယ်မင်းသမီးချောလေး မိုးစက်ဝိုင်ကတော့ Miss Universe Myanmar 2013 ထဲကအနုပညာလောကထဲသို့ခြေချခဲ့ပြီမော်ဒယ် လုပ်ငန်းသာမက သရုတ်ဆောင်ပိုင်းဘက်သို့ကူးပြောင်းလာပြီး ရုပ်ရှင်ဇာတ်ကားကြီးများလည်းရိုက်ကူးနေရသူလေးဖြစ်ပါတယ်။ သူမအနေနဲ့ Skylessstar ရုပ်ရှင်ဇာတ်ကား မှာနည်းနည်းတော့ပိုပင်ပန်းတယ် ထိုင်းမှာလည်းသင်တန်း တပ်ထားတယ် သီတင်းကျွတ်ပိတ်ရက်မှာတော့ အလုပ်ကလေးတွေရှိလို့ နိုင်ငံခြားသွားစရာရှိတယ်လို့ သိရပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ လောလောဆယ်မ၇ှိသေးပါဘူး အိမ်ကပေးတွေ့ခိုင်းတယ်ဆိုရင်တော့ အာ့လိုလူမျိုးကို လက်ခံမှာလဲမဟုတ်သလို ငြင်းပယ်မှာလဲမဟုတ်ပါဘူး သူရဲ့အခြေအနေကိုကြည့်ပြီးရွေးသင့်မရွေးသင့်ဆုံးဖြတ်ရမှာပါလို့ ပြောပြထားပါတယ်။ Source; MC

Cele News

သီတင်းကျွတ်ကာလဆို မေချိုရဲ့ ကုန်ပေါက်ပဲလို့ပြောပြလာတဲ့ ချိုပြုံး

အကယ်ဒမီများရှင်ချိုပြုံးကတော့ အသက်အရွယ်ကြီးပြီဖြစ်သော်လည်း အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ သရုပ်ဆောင်လုပ်ငန်းတွေကို လုပ်ကိုင်နိုင်သမျှ လုပ်ဆောင်နေတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်ပြီး အနုပညာဝမ်းစာ ပြည့်ဝတဲ့ ဂီတဘက်မှာကော အနုပညာဘက်မှာပါ ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ပရိသတ်များကချစ် စနိုးနဲ့ မေချိုလို့ခေါလေ့ရှိတဲ့ ချိုပြုံးကတော့ သူမရဲ့ အမျိုးထဲမှာဆို အသက်အကြီးဆုံးလိုလိုဖြစ်နေပြီးဆိုတော့ သီတင်းကျွတ်လာကန်တော့ရင် ကုန်ပေါက်ပဲ မပေးလို့ကလဲမရဘူးလေလို့ ရယ်ရယ်မောမော ပြောပြထားပါတယ်။ သီတင်းကျွတ်ကာလပြီးရင်တော့ မန္တလေးဘက်မှာ ပွဲဆိုစရာတွေရှိပြီး မြေးလေးကိုမြေတောင်မြှောက်ပေးရတဲ့အပေါ်ကျေနပ်ပါတယ် အမေချိုကတော့ ထီထိုးထားသလိုပေါ့ သူ့ကို ပရိတ်သတ်တွေ သဘောကျနှစ်သက်ရင် ထီပေါက်သလိုပါဘဲ ဒါမယ့်ငယ်ပါသေးတယ် ၀င်းခန့်မိုးကတော့ လာတောင်မကန်တော့ရသေးဘူး မုန့်ဖိုးလှမ်းတောင်းနေပြီး လို့ပြောပြထားပါတယ်။ Source ; MC

Cele News

အပျိုကြီးဖြစ်​ဖို့ အလားလာရှိ​နေတယ်​ ဆိုတဲ့ ခြူး​လေး

MRTV 4မင်းသမီး​လေးဖြစ်​တဲ့ ခြူး​လေး တစ်​​ယောက်​ဟာ ကျရာဇာတ်​ရုပ်​နဲ့ အပိုအလိုမရှိ​အံ့ဝင်​ခွင်​ကျ သရုပ်​​ဆောင်​နိုင်​တာ​ကြောင့်​ ပရိတ်​သတ်​အား​ပေးမှုအခိုင်​အမာရရှိထားတဲ့ မင်းသမီး​ချော​လေး ဘဲဖြစ်​ပါတယ်​။ပရိတ်​သတ်​အခိုင်​အမာရရှိထားပြီးတဲ့ ​နောက်​မှာ​တော့ ဇာတ်​လမ်းတွဲ​တွေသာ မက ရုပ်​ရှင်​ ဇာတ်​ကားကြီး​တွေမှာပါ ​ခေါင်း​ဆောင်​မင်းသမီး​အဖြစ်​ပါဝင်​နိုင်​​နေပြီဘဲဖြစ်​ပါတယ်​။ုခြူး​လေးက​တော့ ယနှစ်​​မွေး​နေ့​လေးမှာသူမရဲ့ ပရိတ်​သတ်​​တွေနဲ့ လုပ်​​ဖော်​ကိုင်​ဖက်​ ​တွေနဲ့ အတူ ကိတ်​မုန်​​တွေ ခွဲကာ အရင်​နှစ်​ထက်​ ထူးခြားတဲ့ ​မွေး​နေ့​လေးဖြစ်​ခဲ့ပါ​သေးတယ်​။ အသက်​​တွေ တစ်​နှစ်​ထက်​ တစ်​နှစ်​ကြီးလာတဲ့ အ​ပေါ် သူမရဲ့ ကိုယ့်​ကိုကိုယ်​ သုံးသပ်​မိတာ​လေး​တွေ​ပြောပြလာပါတယ်​။ ခြူး​လေးက အသက်​တစ်​နှစ်​ပိုကြီးကြီးလာတာ ကိုယ့်​ကိုကိုယ်​လည်း ပို ရင့်​ကျက်​တယ်​လို့မြင်​လာမိပြီး အပျိုကြီးဖြစ်​​တော့မယ့်​ အလားအလာ​တွေလည်းရှိ​နေပြီလို့​ပြောထားပါတယ်​။ ခြူး​လေးက ၂၀၁၈နှစ်​ကုန်​​ပိုင်း​လောက်​မှာမှ ချစ်​ရသူရဲ့ လမ်းခွဲပြတ်​ဆဲခဲ့ပြီူ တစ်​ကိုယ်​တည်း singleဘဝဖြင့်​ အနုပညာ အလုပ်​​တွေ ကြိုးစားလုပ်​ကိုင်​​နေခဲ့တာဘဲဖြစ်​ပါတယ်​။ Source: The radar